Skip to main content

sawsan ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်မယ်

၁။ ဘုရား = သစ္စာ(၄)ပါးမြတ်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိ၍ သူတစ်ပါးကိုလည်း သိအောင်ဟောပြောနိုင်သူ
၂။ တရား = သိသင့်သိထိုက်သော သဘာဝအကြောင်းအကျိုးအမှန်တရား
၃။ သံဃာ = စောင့်ထိန်းအပ်သော သက္ခာကို စောင့်ထိမ်း၍ ဘုရားအဆုံးအမများကိုပြန်လည် ဟောပြောသူ။ ဒါန၊ ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နိုင်သောနေရာ
၄။ မိဘ = မှန်ကန်သောဦးတည်ချက်ဖြင့် ကိုယ့်လမ်းကို လျောက်နိုင်အောင် လမ်းညွှန်ပြသ ဖေးမကူညီပေးခဲ့သူ
၅။ ဆရာ = ဘဝမှာကြုံတွေ့ရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်အောင် အတန်းပညာ၊ အတက်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မျှဝေသင်ကြားပေးခဲ့သူ
၆။ ဉာဏ် = အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိတာ (ဆရာတော်ဥုံးသုမင်္ဂလအမြင်ကို လက်ခံထားခြင်းဖြစ်ပါသည်)
၇။ သီလ = ကိုယ်၊ နှုတ်၊ စိတ်ကို စောင့်ထိမ်းခြင်း
၈။ သမာဓိ = တည်ကြည်ခြင်း
၉။ ပညာ = ဘဝမှာ ကြုံတွေရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိစေရန် အထောက်အပံ့ဖြစ်သောအရာ
၁၀။ ဒိဋ္ဌိ = အယူမှားခြင်း (ဘုရားမပွင်မီက)
၁၁။ ဒိဋ္ဌိ = အမြင် (ဘုရားပွင်းပြီးကာလ)
၁၂။ ကုသိုလ် = လောဘ၊ ဒေါသ၊ မောဟ မပါတဲ့အလုပ်
၁၃။ အကုသိုလ် = လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်
၁၄။ လောဘ = လိုချင်၊ တပ်မက်စွဲလမ်းခြင်း
၁၅။ ဒေါသ = စိတ်ဆိုး၊ စိတ်ကောက်၊ ရန်လို၊ မုန်းတီး၊ မကျေနပ်ခြင်း
၁၆။ မောဟ = တွေဝေထိုင်းမှိုင်း၊ ပျင်းရိ၊ တုံ့ဆိုင်းခြင်း
၁၇။ ပါရမီ = စွဲမြဲတဲ့အလေ့အကျင့်တစ်ခု
၁၈။ နောင်တ = မိမိဆုံးရှုံးရမှုရဲ့ အကျိုးကိုမြင်တဲ့ ခံစားမှု
၁၉။ သင်ခန်းစာ = မိမိဆုံးရှုံးရခြင်းရဲ့ အကြောင်းကို မြင်တဲ့ အသိ
၂၀။ လူု = အကြောင်းအကျိုး၊ အမှားအမှန်ကို စဉ်းစားဆင်ခြင်တွေးခေါ်နိုင်သူ
၂၁။ တိရိစ္ဆာန် = အိပ်၊ စား၊ ကာမ ဒီ(၃)ခုလောက်သာသိသော သတ္တဝါ
၂၂။ ကျေးဇူး = အကျိုးတစုံတရာကို မျော်လင့်ခြင်းမရှိပဲ စေတနာ သန့်သန့်ဖြင့် ဆုံးမ၊ လမ်းညွှန်၊ သင်ကြား၊ ကူညီ၊ ထောက်ပံ့ပေးလာသောအခါ စိတ်၌ဖြစ်ပေါ်လာသော အသိ
၂၃။ ဝဠ် (or) သံသရာ = တဖန်ပြန်၍စပ်ဆက်ဖြစ်ခြင်း (or) လည်ပတ်တတ်တဲ့သဘော
၂၄။ ဘဝ = မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားကာလ အချိန်အတိုင်းအတာတစ်ခု
၂၅။ ဝီရိယ = လုပ်သင့်လုပ်ထိုက်သောအရာ၌ ရဲရဲရင့်ရင့် လုပ်ဆောင်နိုင်သော စိတ်တစ်မျိုး
၂၆။ စေတနာ = ကံ = အလုပ်
၂၇။ အဝိဇ္ဇာ = အကောင်းအဆိုး၊ အကြောင်းအကျိုး ၊ အမှားအမှန်ကို မသိတာ
၂၈။ သဒ္ဒါ = ယုံကြည်ခြင်း
၂၉။ သီလ > သမာဓိ > ပညာ > ဉာဏ်
သတိထား > ဝရိယစိုက် > ပညာနဲ့ကြည့် > ဉာဏ်
မဂ္ဂင်(၈)ပါး > ဉာဏ်
သီလစောင့်ထိန်းနိုင်မှ သမာဓိတည်ပါတယ် သမာဓိတည်မှ ပညာရပါတယ် ပညာနဲ့ကြည့်မှ ဉာဏ်ဖြစ်လာပါတယ်။
ဉာဏ်ဖြစ်ကြောင်းတရားလေးတွေပါ။ ဘာသာရေးတွေပဲ ငါတို့ ငယ်ပါသေးတယ်ဆိုပြီး မလေ့လာပဲမနေပါနဲ့ သိသင့်သိထိုက်တဲ့ သဘာဝအကြောင်းအကျိုးအမှန်တရားတွေမို့ပါ။ ့အသက်လည်း ၂၃ နှစ်ပဲရှိပါသေးတယ် ဒါပေမယ့် လေ့လာနေရပါတယ်။ ဘဝမှာ တိုးတက်၊ အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းဖို့အတွက် အထောက်အကူဖြစ်စေလို့ပါ။
နောက်ထပ်လေ့လာဖြစ်ပြီး ကိုယ်တိုင်နားလည် သိရှိတဲ့အခါ ဒီ post ကိုဖြည့်ပြီး ထပ်ရေးပေးပါဦးမယ်။ source : www.sawsan23.com

Random Quote

—