Skip to main content

sawsan gmail မ hack ခံရအောင် သူငယ်ချင်းများအတွက် ဗဟုသုတမျှဝေခြင်း


g-mail hack ခံရလို့ဆိုပြီး ကြားမိတယ်။ သူငယ်ချင်းတစ်ချို့မှာလည်းတွေ့နေရတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေများ hack နေသလဲဆိုတော့ မြန်မာနိုင်ငံက မြန်မာအချင်းချင်းကို hack နေတာဗျာ..
မြန်မာနိုင်ငံက hacker တွေ တကယ်တော်နေလားမသိ :)
hack ခံရနိုင်တဲ့ အကြောင်းလေး တစ်ချို့ကို ပြောပြမယ်။
၁။ အကောင့်တစ်ခုကို သူများကိုလုပ်ခိုင်းတဲ့သူတွေအတွက်ပါ
user name နဲ့ password ရရုံနဲ့ password ကိုပြောင်းသုံးလိုက်ရုံနဲ့ မလုံလောက်သေးပါဘူး၊ secondary mail နဲ့ security question ကိုပါ ကိုယ်ပိုင်ဖြစ်အောင်ရယူသင့်ပါတယ်၊ အဲ့လိုမှ မလုပ်ရသေးဘူးဆိုရင်တော့ အဲ့အကောင့်ကို အကောင့်လုပ်ပေးတဲ့ သူက ပိုင်နေပါသေးတယ်၊
၂။ cyber cafe တွေမှာသွားသုံးမယ့် သူငယ်ချင်းတွေအတွက်ပါ
ဆိုင်တိုင်းတော့မဟုတ်ပါဘူး၊ တစ်ချို့ဆိုင်တွေမှာ sever software တစ်ခုခုနဲ့ server computer တစ်လုံးကနေ ဆိုင်ထဲက အခြားကွန်ပျုတာတွေကိုထိန်းချုပ်ထားပါတယ်၊ ဒါလည်းသူတို့ စက်တွေရဲ့ ကျန်းမာရေးအတွက်ကာကွယ်ထားတာလည်းပါ ပါတယ်။ ဒါပေမယ့် အဲ့ဒီကွန်ပျုတာကနေ ကျနော်တို့သုံးနေတဲ့ desktop ကိုလှမ်းကြည်ု့လို့ရတယ်။ ပိတ်ချင်ရင်လည်း ပိတ်လိုက်လို့ရတယ်၊ ကျနော်တို့ သုံးတဲ့ ကွန်ပျုတာတွေအားလုံးကို server computer တစ်လုံးထဲကနေ အကုန်ထိန်းထားတယ်။ အင်တာနက်ဆိုင်တွေမှာ server software တွေသုံးခါစက အဲ့လို ဆိုင်မျိုးဆို မသုံးဘူး ရသလောက်ရှောင်တယ်။ အခုတော့ ဆိုင်တိုင်းလို သုံးနေကြပါပီ။ ဒါကလည်း ဆိုင်က ကွန်ပျုတာတွေရဲ့ ကျန်းမာရေးအတွက်နဲ့ တခြားလိုအပ်ချက်လေးတွေကြောင်းဖြစ်ပါလိမ့်မယ်။ ဒါပေသိ ဆိုင်တစ်ဆိုင်မှာ သုံးတော့မယ်ဆိုရင် taskbar ညာဘက်က icon လေးတွေမှာ logmein logo များရှိမရှိကြည့်ပေးပါ၊ သေချာသိချင်ရင်တော့ ctrl+alt+delete ကိုနှိပ်ကိုပြီး ပေါ်တာလဲ window taskmanager မှာ processes ထဲမှာ msdts.exe ကို run ထား မထားကြည့်ပါ၊ run ထားတယ်ဆိုရင်တော့ msdts.exe အဲ့ဒါကို end process လုပ်ရင်လုပ်မလုပ်ရင်တော့ ကျနော်တို့ အကောင့်အတွက် စိတ်မချရတော့ဘူးပေါ့ဗျာ။ နောက်တစ်ခုက အဲ့ထက်ဆိုးတယ်ဗျ all in one key logger ဆိုတဲ software ကိုသုံးထားခြင်းပါ၊ အဲ့ software က ကျနော်တို့ ကွန်ပျုတာကို စသုံးသုံးချင်းနှိပ်သမျှ key တွေအားလုံးကို မှတ်ထားပေးတာဗျ၊ တော်တော်ဆိုးတယ်၊ ကျနော်သုံးဖူးတဲ့ all in one key logger လေးရဲ့ ပုံစံက သူ့ရဲ့ logo ကတော့ မိုးပြာရောင်လေး k လိုရေးထားတယ် သတိထားပေါ့ဗျာ၊ (ဒီအချက်ကတော့ ဆိုင်တွေမှာသွားသုံးတဲ့ မိန်းကလေးလှလှလေးတွေပိုအဖြစ်များတယ်ဗျ :)
၃။ နောက်တစ်ခုက တစ်ချို့ အင်တာနက်ဆိုင်တွေမှာ g-mail sigin ဝင်ဖို့ webpage ကို home page အနေနဲ့ထားပေးတယ်။ အဲ့ဒါမျိုးတွေ့ရင် g-mail ကို အလွယ်တကူမဝင်နဲ့ဦး။ တကယ် g-mail sigin ဝင်တဲ့ link ဟုတ်မဟုတ်ကြည့်ကြည့်ပါ။ g-mail sigin ဝင်လို့ရတဲ့ webpage ပုံစံအတုတွေက ဖန်တီးရလွယ်နေတော့ တစ်ချို့ အဲ့ဒါမျိုးလေး လုပ်ပြီး home page မှာထားခဲ့ရင် ကိုယ်က မသိလို့ sigin ဝင်မိရင် တေရော။ အကောင့်ဆုံးက ကိုယ့်ပါနဲ့ကို www.gmail.com လို့ရိုက်ပြီး gmail ကို sigin ဝင်တာပိုကောင်းတယ်။
၄။ နောက်တစ်ခုက gmail အပါအဝင် sigin ဝင် password ပေးရတဲ့ site တွေကို သုံးတဲ့အခါ browser က mozilla ကိုသုံးတယ်ဆိုရင် sign in ဝင်ပြီး sigin out လုပ်တယ်ဆိုပေမယ့် သိပ်တော့ စိတ်မရသေးပါဘူး။ mozilla မှာ site တွေကို ဝင်ထားတဲ့ password ကို save ပါဆိုတဲ့ setting တစ်ခုပါတယ်။ အဲ့ကနေ password ကိုပြန်ကြည့်လို့ရတယ်။ ဒါကြောင့် ကိုယ်အိမ်မှာ၊ ရုံးမှာ သုံးတာမဟုတ်ဘဲ အင်တာနက်ဆိုင်မှာ သုံးတဲ့အခါမျိုးမှာ sigin out လုပ်ပြီးပေမယ့်။ Shift+Ctrl+Del ကိုတွဲနှိပ်ပြီး ပေါ်လာတဲ့ box မှာ site address , cookies စတဲ့ item တွေအားလုံးကို select ပေးပြီး clear လုပ်ပါ။ ဒါမှ စိတ်ချရတာ ကျနော်ကတော့ အပြင်မှာ သုံးဖြစ်တယ်ဆိုရင် အဲ့လို အမြဲလုပ်တယ်။
ကိုယ့် password ကို နှစ်လတစ်ခါ ၊ ၃ လတစ်ခါလောက်တော့ ပြောင်းပေးသင့်တယ်ဗျ၊
နောက်တစ်ခုတော့ see password ဆိုတဲ့ software လေးလည်းရှိသေးတယ်ဗျ။ သူက password သငေ်္ကတ တုံးလေးတွေမှန်သမျှ အကုန်ကြည့်လို့ရတာဗျ။
သုံးကြည့်ချင်တဲ့သူတွေအတွက် hosting ပေးထားပါတယ် မကောင်းတဲ့နေရာမှာတော့ အသုံးမချနဲ့ပေါ့ဗျာ၊
gmail hack ခံရနိုင်တာလေးတွေထဲက ကျနော် မှတ်မိသလောက်လေး ရေးလိုက်တာပါ။
ပြည့်ပြည့်စုံစုံတော့ ဟုတ်သေးဘူးပေါ့။ source : www.sawsan23.com

Random Quote

—