Skip to main content

sawsan mouse ထောက်လိုက်တဲ့နေရာမှာ အညွှန်းလေးတွေတပ်နည်းပါ

ဒီနေ့ ကျနော် HTML abbr tag အကြောင်းပြောပြမယ် HTML acronym tag ဆိုတာလည်းရှိတယ် လုပ်ဆောင်ချက်ကအတူတူပဲ abbr ဆိုတာ abbreviation ကိုပြောတာ driectory ကတော့ abbreviation ကိုချုံ့တာတဲ့ acronym ကိုကျ အတိုကောက်တဲ့ ဘာပဲဖြစ်ဖြစ် နှစ်ခုလုံးက အဓိပ္ပါတယ်ဆင်သလို လုပ်ဆောင်ချက်လည်းဆင်တယ် ကျနော်ကတော့ ၂ ခုလုံးကို အညွှန်းတပ်တာလို့ပဲ နားလည်လိုက်တယ်။ ကျနော်တို့ ဖိုင်တစ်ဖိုင်ကို ပေးဖို့ download ဆိုပြီးသတ်မှတ်တဲ့နေရာ၊ သိစေချင်တဲ့နေရာတစ်နေရာကို link ချိတ်ပေးပြီးဖော်ပြထားတဲ့အခါ အဲ့ပေါ်ကိုထောက်လိုက်တာနဲ့ ကိုယ့် blog ကို အသုံးပြုတဲ့ user တွေအတွက် link ကိုနှိပ်ကြည့်စရာမလိုပဲအဲ့ဒီနေရာရဲ့ အကြောင်းတစ်ချို့တစ်ဝက်ကိုဖေါ်ပြပေးနိုင်တာကိုက ဒီ code ရဲ့ ချစ်စရာအရည်အသွေးပေါ့ ကဲ ညွှန်းနေတာများပြီ လုပ်နည်းပြောပြမယ်။
၁။ ဇော်ဂျီဖောင့်လေးကို ပုံလေးနဲ့တွဲပြီ download ယူဖို့သတ်မှတ်ထားတဲ့နေရာအတွက် abbr ကိုအသုံးပြုပုံက

<a href="ဒီနေရာမှာ ပေးချင်တဲ့ file link ကိုရေးရမှာပါ"><abbr title="ဒီနေရာမှာ ပြောချင်တဲ့စာသားကိုရေးပါ"><img src="ဒီနေရာမှာ ထားချင်တဲ့ပုံ link ကိုရေးရမှာပါ"; /></abbr></a>

ဥပမာ ပြထားတာနဲ့တင် နားလည်မယ်ထင်ပါတယ်။

၂။ ပုံမပါပဲ စာလေးတစ်ခုနဲ့တင် link ညွှန်းတဲ့အခါ abbr အသုံးပြုပုံက

<a href="ဒီနေရာမှာ ကိုယ်ပေးချင်တဲ့ link ကိုရေးရမှာပါ"; target="_blank"><abbr title=" ဒီနေရာမှာ အဲ့ဒီ link အကြောင်းကိုယ့်ပြောပြချင်တာကို ရေးရမှာပါ "> ဒီနေရာမှာ link အတွက် စာတိုလေးရေးရမှာပါ</abbr></a>

ဒါလည်း အခုပြထားတဲ့ ဥပမာကိုကြည့်ပြီး သိမယ်ထင်ပါတယ်။

၃။ အဲ့လို ပုံတွေ စာ link တွေညွှန်းတာမဟုတ်ပဲနဲ့ ရိုးရိုးစာလေးတွေကို ထောက်လိုက်ရင်လည်း ကိုယ်ပြောချင်တဲ့စာလေးတွေကို abbr ကိုအသုံးပြုပြီး ဖေါ်ပြပေးလို့ရပါတယ် အသုံးပြုပုံက

I <abbr title="ဒီနေရာမှာ ကိုယ်ပြောချင်တဲ့ စာလေးရေးရမှာပါ">am</abbr> sawsan. my website address is www.sawsan23.freehostingcloud.com

အဲ့ဒါဆိုရင် I am sawsan. my website address is www.sawsan23.freehostingcloud.com ဆိုတဲ့စာနားကို mouse သွားကြည့်လိုက်ရင် (အခုပြထားတဲ့ code အလုပ်လုပ်ပုံအတိုင်း သုံးထားမယ်ဆိုရင်) စာလေးတွေပေါ်လာမှာပါ။
ဒါလည်း အခုပြထားတာကို ကြည့်လိုက်တာနဲ့သိမှာပါ။
အမှန်က ဒီ post ကို 'mouse ထောက်လိုက်တဲ့နေရာမှာ အညွှန်းလေးတွေတပ်နည်း' ပါလို့မပေးပဲ 'အမြည်းပေးနည်းလို့' ချလိုက်ရမှာ တော်ကြာ အမြည်းတင်မရဘူး အရက်ပါပေးလုပ်နေမှာဆိုးလို့ ;)

ကျနော် post မတင်ဖြစ်တာ တစ်လလောက်ရှိသွားပြီ ဒီနေ့တော့ post တစ်ခုတော့ ဖြစ်အောင်ရေးမယ်ဆိုပြီး ကိုယ့်ကိုကိုမနဲတွန်းနေရတယ် ကဲ ဒီလောက်ပဲဗျာ... အဆင်ပြေကြပါစေ.....

source : www.sawsan23.com

Random Quote

—