Skip to main content

sawsan ထိပ်ဆုံးသို့

တစ်တောင်ပေါ်တစ်တောင်ဆင့်

တောင်အမြင့်ပတ်ခြံရံ

တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့

ဖန်ဖန်လေ အားအင်နှိုးလို့ရယ်

ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်

တော်ပါပြီဆက်မလှမ်းချင်ဘု

ရပ်တန်းကရပ်မယ်ကြံ

အမှန်တော့ဖြစ်နိုင်မလား?။

စခဲ့မိဟာပေါ့

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်

အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့

စိတ်နွမ်းအသာဖြေဦး

မာလာငွေကန်ရေအေးရယ်နဲ့

ငှက်တေးကိုအာရုံဆင်လို့

မူတသွင်အားအင်သစ်လိုက်ပေါ့

ချစ်ဖွယ့်လူသား။ ။.
- ငွေတာရီ

Random Quote

—