Skip to main content

sawsan Bat File ရေး၍ Virus သတ်ခြင်း

Memory Stick တွေထဲမှာရှိတတ်တဲ့ Virus တွေကို ကိုယ်ပါနဲ့ကို Bat ဖိုင်ရေးပြီး သတ်လို့ရပါတယ်။
ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ memory stick ထဲမှာ..
Autorun.inf
Recycled.exe
RUNDLL32
ဒီ ၃ ကောင်တွေ့တယ် Kasper Antivirus နဲ့ သတ်ပြီးပြန်ပေးလိုက်တယ်။ နောက်နေ့ကျတစ်ခြား စက်တွေမှာ သုံးခဲ့ပုံရပါတယ် ပြန်ရောက်နေတယ်။
အဲ့လိုပဲ သတ်လိုက် ပြန်ရောက်လိုက်ဖြစ်နေတာ။ ရုံးချုပ်တစ်ခုလုံးက ကွန်ပျုတာတွေအကုန်လုံးတော့ လိုက်မသတ်နိုင်ဘူး၊ အဲ့ဒီတော့ ဒီ stick မှာ အဲ့ ၃ ကောင်ထပ်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားရင်း.... Virus ရေးနည်းဆိုတဲ့ စာတစ်ခုကို google မှာဖတ်မိထားတာလေးရှိတယ်။
အဲ့ကနေနည်းယူပြီး။ Virus သတ်နည်းဖြစ်အောင် Notepad ထဲမှာ ဒီလိုရေးကြည့်တာ
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exd
ပြီးတော့ kill.bat ဆိုပြီး notepad file ကို bat format နဲ့ save လိုက်တယ်။ ပြီးတော့ memory stick ထဲမှာ ထည့်ပေးလိုက်ပြီး run လိုက်တာ ၃ ကောင်လုံးပျောက်သွားတယ်။
အဲ့ဖိုင်လေးကို မဖျတ်ပစ်ဖို့တော့ မှာလိုက်ရတာပေါ့။ နောက်နေ့တွေရောက်လာတော့ တွေ့နေကျ ၃ ကောင်လုံး ဘယ်စက်မှာ သုံးခဲ့ သုံးခဲ့ မပါလာတော့ပါဘူး။
RUNDLL32 ဆိုတဲ့ Virus ဆို အတော်ဆိုးတယ် stick တက်လိုက်တာနဲ့ My Documents တန်းတက်တာလေ။ သူငယ်ချင်းတို့လည်း အဲ့လိုလေးများ ကြုံခဲ့ရင် ကိုယ်တိုင်ရေးပြီး သတ်ချင်တယ်ဆိုရင်လေ...
"Bat file ရေးတယ်ဆိုတာ Window စနစ်မှာ ရှိပြီးသား program တစ်ခုကို commend ရေးပေးပြီး ခိုင်းချင်တာကို ခိုင်းလိုက်တဲ့ သဘောပါ" (ဒါက ကျနော်နားလည်သလိုပြောပြတာ မှားသွားရင် sorry :)
source : www.sawsan23.com

Random Quote

—