Skip to main content

sawsan Blog ထဲမှာ code တွေပေါ်ဖို့ရာ

ဧဒင်မှာ နည်းပညာနဲ့ ပါတ်သက်တဲ့ blog တွေ၊ software တွေ တင်ပေးကြ မျှဝေကြတာတွေ့ရတယ်။
ဒါပေမယ့် code တွေနဲ့ ပါတ်သက်လို့ မျှဝေပေးတာ မတွေ့မိသလိုပဲ။ ကျနော်က လွဲလို့ပေါ့ ;) ဧဒင်မှာ ကွန်ပျုတာ ကျောင်းသားတွေ၊ ကိုယ်ပိုင် domain ရှိသူတွေ၊ Subdomain, Social network တွေကို
တည်ဆောက်အသုံးပြုနေသူတွေ ရှိမှာပဲ။ သူတို့တွေက HTML, Java, CSS, PHP, XML (ကျနော်ကြားဖူးတာလေးတွေ ပြောကြည့်တာ ;) ) စတဲ့ language တွေကို ရင်းနှီးပြီးသား ဖြစ်လိမ့်မယ်။
အဲ့ဒီ code တွေနဲ့ ပါတ်သတ်လို့ သူတို့ သိထားတာလေးတွေ၊ ရှာတွေ့ထားတာလေးတွေ၊ လက်ရှိ အသုံးပြုနေတဲ့ code လေးတွေ ရှိရင် ရှိမယ်။ အဲ့ code တွေကို မျှဝေပေးချင်တဲ့အခါ blog ထဲမှာ ပုံမှန်အတိုင်း ထည့်ပေးလို့ code တွေမပေါ်ဘူးဆိုရင်
ပထမဆုံး ကိုယ်ပေးချင်တဲ့ code ကို Download (file size = 16kb) >> http://sawsan.googlecode.com/files/Code_Encoder.zip ဒါလေးကိုသုံးပီး encode လုပ်၊ encode လုပ်ပြီးလို့ ရလာတဲ့ code ကို ဒီလိုလုပ်..

<div class="code">
ဒီမှာ encode လုပ်ထားတဲ့ code ကိုထည့်
</div>

အခု ပုံစံအတိုင်းလုပ်ပြီးတဲ့အခါ အဲ့ code တွေကို blog ထဲမှာ ထည့်ပေးလိုက်ပါ။ ဒါဆိုရင် blog ထဲမှာ code တွေပေါ်လာပါမယ်။ အဆင်ပြေပါစေဗျာ။

source : www.sawsan23.com

Random Quote

—