Skip to main content

sawsan အလုပ် လုပ်မှသာ

Work is also a way of connecting with the larger world.

အလုပ်ဟာ အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။

အလုပ်လုပ်တဲ့သူရဲ့ လောကဟာကျယ်တယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ များတယ်။

လောကအကြောင်းကို သူပိုသိတယ်။ လူတွေအကြောင်းကို သူပိုသိတယ်၊ လောကဓံအမျိုးမျိုးနဲ့

အခက်အခဲ့အမျိုးမျိုးနဲ့ အမြဲတွေ့နေရလို့ အခက်အခဲကို သူမကြောက်ဘူး၊ သူ့အရည်အချင်းတွေဟာ အမြဲတိုးနေတယ်။

သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်။

အလုပ်မလုပ်တဲ့သူရဲ့ လောကစာ ကျဉ်းမြေင်းတယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူနဲတယ်။ သူဟာ လူတွေအကြောင်းကို သိပ်မသိဘူး။

အခက်အခဲတွေကို ရင်ဆိုင်ရတာနဲလို့ သူဟာ အခက်အခဲကို ရင်ဆိုင်ရမှာ ကြောက်တက်တယ်၊ သူ့အရည်အချင်းတွေဟာ ထွက်မလာနိုင်ဘူး။

အလုပ်လုပ်ရင် ပင်ပန်းတယ်ဆိုတော့ အလုပ်မလုပ်ဘဲနေရင် ကောင်းသလား၊ မကောင်းဘူးနော်၊ တချို့လူတွေဟာ မိဘကလည်း ကျေွးထားနိုင်တော့

အလုပ်မလုပ်ဘဲနဲ့ နေတာတွေရှိတယ်နော်။ သူတို့နဲ့ ကျောင်းနေဖတ် အတူတူတွေ တချို့က အလုပ်ထဲရောက်သွားပြီ၊ လေး,ငါး,ဆယ်နှစ်လောက်

အလုပ်လုပ်နေပြီ။ အလုပ်မလုပ်ဘဲ နေတဲ့လူနဲ့ အလုပ်လုပ်တဲ့သူ ပြောပုံဆိုပုံ၊ နေပုံ၊ ထိုင်ပုံ ကြည့်တဲ့အခါမှာ အလုပ်မလုပ်ဘဲနေတဲ့သူက မရင့်ကျက်တာကို

တွေ့ရတယ်နော်။ သူ့မှာ လောကဓံအခက်အခဲ၊ စိတ်ဆင်းရဲမှု ကိုယ်ပင်ပန်းမှု သိပ်တော့မရှိဘူးနော်။ ဒါပေမဲ့ စကားပြောကြည့်တဲ့အခါ သိပ်ကလေးဆန်နေတာ

တွေ့ရတယ်။ တပည့်တစ်ယောက်ဆို အသက်လေးဆယ်လောက်ရှိပြီ။ အခုထိ အလုပ်မယ်မယ်ရရ မလုပ်ဘူး။ မိဘက တော်တော်လေးချမ်းသာတယ်။

ကျေွးထားနိုင်တယ်၊ သူအိမ်ထောင်ကျလည်း သူ့သားသမီးတွေပါ ကျေွးထားတယ်။ သူ့ကို စကားပြောကြည့်တဲ့အခါမှာ သိပ်ကလေးဆန်တာကို တွေ့ရတယ်။

နောက်တစ်ခုက သူငယ်ချင်းတွေက သူ့ကို ဘာလုပ်သလဲလို့ မေးမှာကို သူအင်မတန်ကြောက်တယ်။ အဲ့ဒီလို မေးခွန်းကို အမေးခံရမှာ အကြောက်ဆုံးပဲတဲ့နော်။

အဲ့တော့ သူ့ကိုယ်သူ ငါဘာမှ မလုပ်ပါလားဆိုတာကို ခံစားရတာကို ခံရခက်နေတယ်နော်။ အရာမရောက်တဲ့လူ၊ အသုံးမဝင်တဲ့လူ၊ သူ့အတွက်လည်း သူအကျိုးမပြုဘူး၊

သူများအတွက်လည်း အကျိုးမပြုဘူး၊ အဲဒီလို ဖြစ်နေတာပေါ့နော်။

အလုပ်သည်ပင်လျှင် မိမိကို ပိုပြီး ရင်ကျက်တဲ့သူ ဖြစ်လာအောင် အထောက်အကူပေးတယ်။ အကယ်၍ ကိုယ့်မှာ ပစ္စည်း၊ဥစ္စာတွေ အများကြီးချမ်းသာလို့ အမှုထမ်းအနေနဲ့

လုပ်ဖို့ မလိုဘူူးဆိုရင် ဘာလုပ်မလဲ၊ တစ်ခုခုတော့ လုပ်သင့်တယ်နော်။ ကိုယ့်အရည်အချင်းတွေ တက်လာအောင် တစ်ခုခုလုပ်သင့်တယ်။ အများအကျိုးရှိမယ့် လုပ်ငန်းတစ်ခုခု

လုပ်သင့်တယ်နော်။ အဲဒီလို မလုပ်လို့ ရှိရင်လည်းပဲ စောစောက ပြောသလိုပဲ၊ ပတ်ဝန်းကျင်ရဲ့ လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှုကို မရဘူး၊ ဘာမှ မလုပ်တဲ့လူကို

ဘယ်သူမှ အားမကိုးဘူးနော်။ ကိုယ့်မှာ အခက်အခဲရှိတဲ့အခါကျရင် သူ ဘာအကြံဉာဏ်ပေးမလဲ၊ ဘာမှ မလုပ်တဲ့လူက ဘာမှ အကြံဉာဏ် ပေးစရာလည်း သိပ်မရှိဘူး။

မိသားစုကစ ကြာတော့သူ့ကို ကလေးလို့ပဲ သဘောထားပြီး ဆက်ဆံတယ်။ သူ့ကို သိပ်နေရာ မပေးတော့ဘူးနော်၊ အဲ့ဒီလို ဖြစ်လာတဲ့အခါမှာ သူ့ စိတ်ထဲမှာ မကျေနပ်မှုတွေများလာတယ်။

မိသားစုကို အကြောင်းမဲ့ ရန်ရှာတက်တယ်။ အပြစ်ရှာတက်တယ်။

အဲ့ဒီတော့ သူ့မိသားစုထဲက တစ်ယောက်ယောက်က အလုပ်အကိုင်တစ်ခုခုကို လုပ်လို့ အဆင်ပြေတယ်ဆိုရင်ကို အဲဒီလူကို သူက စကားမပြောတော့ဘူး၊ ရန်လုပ်လာတယ်။ ဘာဖြစ်လို့လည်းဆိုတော့

သူကတော့ ဘာမှ မလုပ်တာဆိုတော့ သူများလုပ်မှာ အဆင်ပြေမှာကိုလည်း သူကြောက်တယ်။ သူကိုယ်တိုင် မလုပ်ဘူးနော်။ သူကိုယ်တိုင် မလုပ်တော့ သူများလုပ်မှာ ၊ သူများအောင်မြင်သွားမှာ၊

အဆင်ပြေသွားမှာကို သူသိပ်ကြောက်တယ်။

သူများက တစ်ခုခုလုပ်တော့မယ်ဆိုရင် သူက ပိတ်ပင်ပြီး ဘယ်လိုလုပ်ရင် ဘယ်လို ဒုက္ခရောက်မယ်၊ ဒုက္ခရောက်မယ့်ကိစ္စနဲ့ အဆင်မပြေမယ့်ကိစ္စတွေ ထောက်ပြပြီးတော့ မလုပ်ဖြစ်အောင်ဘဲ

သူ တားဆီးတယ်။ စဉ်းစားကြည့်နော်၊ အလုပ် မလုပ်တာ ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်က အလုပ် မလုပ်တဲ့လူက သူများ လုပ်တာကို အားမပေးနိုင်ပါဘူးနော်။

သူ့မှာ အလုပ်မရှိဘူး။ တခြားလူတွေက အကုန်လုံး အလုပ်နဲ့နော်။ မိုးလင်တာနဲ့ တစ်ပြိုင်နက် သူတို့ အလုပ်ရှိရာ သူတို့သွားကြပြီနော်။ သူ ဘာလုပ်နေလဲ၊ အိမ်မှာ ဘာမှ မလုပ်ဘူး၊ တစ်ယောက်တည်း

ဟိုလိုလို ဒီလိုလိုနဲ့၊ သတင်းစာလေးကောက်ကိုင်လိုက်၊ တယ်လီဗီးရှင်းလေး ကြည့်လိုက်နဲ့ ဒါပဲ၊ ယောက်လည်လည်နဲ့ တစ်နေ့တစ်နေ့ ကုန်သွားတယ်။ အဲ့ဒီတော့ သူ့မှာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်က

အင်မတန် ကျဉ်းမြောင်းတယ်နော်။

အလုပ်လုပ်မှသာ အပေါင်းအသင်းလည်းများလာမယ်။ ဆက်ဆံရေး နယ်ပယ်တွေ ကျယ်လာမယ်။ အဲဒီ ဆက်ဆံရေးမှာပဲ အခက်အခဲတွေ အမျိုးမျိုးကြံရတယ်။ အဲ့ဒီ အခက်အခဲတွေကိုပဲ ဉာဏ်လေးနဲ့ ကြည့်ပြီးတော့

သိပြီးတော့ တဖြည်းဖြည်းကျော်လွှားသွားရမယ်နော်။ အဲ့ဒီလို အခက်အခဲတွေ့တဲ့အခါမှာလည်းပဲ သည်းခံနိုင်တဲ့ စိတ်မျိုးကိုလည်း ပိုပြီးတော့ ရလာတယ်နော်။ အလုပ် မလုပ်တဲ့လူဟာ လူမှုဆက်ဆံရေးမှာ

သိပ်သည်းမခံနိုင်ဘူး။ သည်းခံတဲ့အလေ့အကျင့် သူ့မှာ မရှိဘူးနော်။ အဲဒီတော့ သည်းခံတဲ့ အလေ့အကျင့်မရှိရင် သဘောထားလည်း မကြီးနိုင်ဘူး။

သူ့ကိုယ်သူလည်း သေချာနားမလည်၊ သူများကိုလည်း သူသိပ်မနားမလည်ဘူ၊ အင်မတန် ကလေးဆန်တယ်နော်။ သူများကို နားလည်တာနဲ့ ကိုယ့်ကိုယ်ကို နားလည်တာနဲ့ဟာ ဆက်စပ်မှု ရှိနေတယ်။ သူများကို

ပိုနားလည်လေလေ ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လေလေပဲ။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။

အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။

“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”

source : www.sawsan23.com

Random Quote

—