Skip to main content

sawsan အများဆုံး စိတ်ပင်ပန်းစေတဲ့သူတွေ

Other people can be a big source of stress in our life. သူတစ်ပါးဟာ ကိုယ့်ဘဝမှာ စိတ်ပင်ပန်းမှု ဖြစ်စေနိုင်တဲ့ကြီးမားတဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်။
ဖြစ်နိုင်တယ်ဆိုတာထက် ဖြစ်နေတယ်ဆိုတာက ပိုမှန်တယ်။ သတိထား ကြည့်စမ်းပါ။ ကိုယ့်ဘဝမှာ ပြောရေးဆိုရေး။ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ်တာ...။
အားလုံးပဲ ကြုံဖူးကြမှာပါ။ ကိုယ့်ဘဝကို သူတစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ။ ကိုယ့်ကို အတင်းအကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေ ကြုံဖူးကြပါတယ်။
သူတို့ကိစ္စတွေလုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမကတောင်းဆိုကြတယ်။ ပြောရဆိုရ ဆက်ဆံရတာ သိပ်ခက်ခဲတယ်။ ရန်လိုတယ်။ ကိုယ်က မျှော်လင့်ထားသလို လုပ်မပေးဘူး။ ကိုယ့်ကို အလေးမထားဘူး၊
ဂရုမစိုက်ဘူး၊ ကိုယ့်ရဲ့ခံစားချက်ကိုလည်း အလေးမထားဘူး၊ ဂရုမစိုက်ဘူး။ တစ်ဖတ်သတ်အနိုင်ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။
ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတက်ပါတယ်။ တော်တော်များများ တွေ့ရတယ်။ တဖတ်သားရဲ့ ဆန္ဒ၊ တဖတ်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ်မပြုဘူး။ တန်ဘိုးမထားဘူး။
ငါပြောသလိုလုပ်၊ ငါသိတယ်၊ မင်းတို့ ဘာမှပြောစရာ မလိုဘူးဆိုပြီး ရာနှုန်းပြည့် control လုပ်ထားကြတယ်။ ဒီလို အပြောမျိုးတွေ ဒီလို သဘောထားမျိုးတွေ ရှိတယ်နော်။
အားလုံးပဲ ကိုယ့်အလုပ်မှာ၊ ကိုယ့်အိမ်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ ဘယ်သူ ဘယ်ဝါ ရှိတယ်ဆိုတာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် သိနိုင်တယ်။ ရှိတယ်။
ဖြစ်နိုင်ရင် အဲ့ဒီလူတွေကို ရှောင်ချင်တယ်။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ မရှောင်သာဘူး၊ မရှောင်နိုင်ဘူး ရှောင်လို့ မရဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က သူတို့နဲ့ အတူတူ နေနေရတယ်။ ခွဲသွားလို့ မရဘူး။ သို့မဟုတ်ရင် အတူတူ အလုပ်လုပ်နေရတယ်။ ရှောင်လို့မရဘူး။ ကိုယ့်အထက်လူကြီးဖြစ်ချင်ဖြစ်မယ်။
ကိုယ်အောက်လူဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ်ရင်လည်း မိသားစုဖြစ်နေရင်လည်း သူနဲပတ်သတ်ပြီး ကိုယ့်မှာ တာဝန်ရှိနေတယ်။ ဘယ်လိုမှ ထားခဲ့လို့ မရဘူး။
In fact many of the people who cause us themost stress may be people we love very deeply.
တကယ့်တော့ ကိုယ့်ကို အများဆုံး စိတ်ပင်ပန်းစေတဲ့သူတွေဟာ ကိုယ်အင်မတန် နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ်။
We all know that love relationships can occasion deep emotional pain as well as joy and pleasure.
တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ဆက်ဆံနေတဲ့ ဆက်ဆံရေးတွေမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာမှု ပျော်ရွှင်မှု ပေးနိုင်သလို အင်မတန်နက်ရှိုင်းပြင်ထန်တဲ့ စိတ်ဆင်းရဲမှုကိုလည်း
ဖြစ်စေနိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
"အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်"။ source : www.sawsan23.com

Random Quote

—