Skip to main content

sawsan click တစ်ချက်မှာ link ၂ ခုပွင့်ဖို့ရာ

ဒီလိုဗျာ.. ကျနော်တို့ webpage တွေထဲမှာ သိစေချင်တဲ့နေရာလေးတွေကို link လေးတွေလုပ်ပြီး ဖေါ်ပြပေးတယ်။ အဲ့ဒီ link ပေါ်နှိပ်လိုက်တာနဲ့ သိစေချင်တဲ့ နေရာ ရောက်စေချင်တဲ့ link ကို အလွယ်တကူရောက်သွားတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ ပုံမှန် link ပေးရင် ဒီလိုရေးတယ်..
<a href="www.sawsan23.com" target="_blank">www.sawsan23.com</a>

အဲ့ code ကိုကြည့်ပြီး မနေ့က ကျနော် ဒီလိုစဉ်းစားမိတယ် click ၁ ချက်နှိပ်လိုက်လို့ link တစ်ခုကိုရောက်သွားတယ်။ ဟုတ်?
click တစ်ချက်မှာ link ၂ ခုကော ပွင့်အောင်လုပ်လို့မရနိုင်ဘူးလား?? ကျနော် ဒီလိုလေး နဲနဲပြင်ရေးလိုက်တယ်။
<a href="www.sawsan23.com" target="_blank" onclick="window.open('www.edinooyin.com','newwin');">my two site</a>

click တစ်ချက်မှာ မတူညီတဲ့ link ၂ ခုပွင့်စေဖို့ အဆင်ပြေသွားတယ်။ ဒီလိုဗျာ အခုအပေါ်ကပုံစံအတိုင်းရေးမယ်ဆိုရင်..
my two site ဆိုတဲ့ link name ကိုနှိပ်လိုက်ရင် ကျနော် site ဖြစ်တဲ့ www.sawsan23.com ရယ် www.edinooyin.com အဲ့ဒီ site ၂ ခုလုံးကိုအလွယ်တကူပွင့်သွားမှာပါ။ အဆင်ပြေပါစေဗျာ။

source : www.sawsan23.com

Random Quote

—