Skip to main content

sawsan Google Apps Email လုပ်နည်း

google ရဲ့ service တစ်ခုပါ။ ကိုယ်ပိုင် domain တစ်ခုနဲ့ CNAME Record ထည့်ဖို့ support လုပ်တယ်ဆိုရင် ရပါတယ်။ ကျနော်အခု co.cc ကိုနမူနာထားပြီး ရေးသွားမှာပါ။

ပထမဆုံး co.cc မှာ အကောင့်တစ်ခု လုပ်ပြီး Getting a new domain ကိုနှိပ်ပြီး domain တစ်ခုယူထားလိုက်ပါ။ ဒါကတော့ form ဖြည့်ရုံမို့ မပြောတော့ပါဘူး။

google apps လုပ်နည်းပဲပြောသွားမှာပါ။

www.google.com/a/cpanel/domain/new မှာ


အခု ကျနော်ဖြည့်ထားသလို ကိုယ့် Domain Name ကိုဖြည့်ပါ။ ပြီးရင် Get Started ပေါ့...


ဒီကို ရောက်သွားမယ်...




ဒီမှာလည်း လိုအပ်တာလေးတွေဖြည့်ပြီးရင် I accept. Continue with set up>> ကိုနှိပ်ပါ။


ဒီကို ထပ်ရောက်သွားမယ်....



ဒီမှာ အခု ကျနော်ရွေးထားသလို CNAME reord ကိုဖြည့်ဖို့ရွေးပေးပါ။ ပြီးရင် Continue ပေါ့။ (upload an HTML file က လွယ်သည်ဟုတော့ပြောပါသည် ဒါပေသိ ကျနော်မလုပ်တက်သေးလို့ CNAME record ကိုရွေးလိုက်တာပါ ဟာ့ဟ)


ဒီကို ရောက်သွားပါမယ်...



ဒီမှာ အမှတ်စဉ် (၂) မှာ Google က ထုတ်ပေးတဲ့ CNAME record ကို Copy ကူးထားပါ။ ကျနော် select ပြထားပါတယ်။

ကျနော်ပြောသလို co.cc မှာ domain name တစ်ခုနဲ့ အကောင့်တစ်ခု ယူထားပြီးသားဆိုရင် co.cc ကိုသွားရအောင်..

www.co.cc ; မှာဆောနလုပ်ထားတဲ့ အကောင့်နဲ့ sigin ဝင်ပြီးရင်...


co.cc ရဲ့ Manage Domain ထဲက My Domain မှာ ကိုယ့် Domain နာမည်ကိုရွေးပေးပါ ပြီးရင် အခုရွေးထားသလို

အမှတ်စဉ် (၃) က URL Forwarding ရွေးပြီး ကျနော်ဖြည့်ထားသလို ကိုယ်နဲ့ သတ်ဆိုင်ရာကိုဖြည့်ပါ။ ပြီးတော့ ကျနော်အနီနဲ့

ပြထားတဲ့ Google Apps Email Setup ကို အမှန်ခြစ်ပေးပြီး ပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်ပါ။ ပြီးရင် Your change has been submitted >> Ok ပေါ့.. ပြီးရင် ကျနော်တို့ Google က ထုတ်ပေးတဲ့ CNAME record ကို copy ကူးပြီးထားခဲ့တဲ့

tab ကိုပြန်သွားအောင်... အဲ့မှာ I've completed the steps above ကိုနှိပ်ပါ။ သူပြောတာကို ကျနော်တို့ လုပ်ပြီးပြီဆိုတဲ့ သဘောပေါ့.. နောက် page တစ်ခုမှာ Skip this guide ကိုနှိပ်ပြီးကျော်လိုက်ပါ။

ဒီကိုရောက်သွားမယ်...


အဲ့မှာ google ရဲ့ service တွေဖြစ်တဲ့ Docs, Sites, Mobile, Calender က active ဖြစ်နေပြီ Chat က Updating လုပ်တုန်း Email က Active မလုပ်ရသေးဘူး အဲ့မှာ Active email ကိုနှိပ်လိုက်ပါ။

ဒီကိုရောက်သွားမယ်...


Mx records မ change ရသေးရင် change ပေးဖို့ပေါ့... အဲ့ဒီ page မှာ Showing instructions for မှာ cPanel ကိုရွေးပေးပါ။ အဲ့ဒီတော့ သူက အပေါ်က ပုံမှာ ပြထားတဲ့အတိုင်းလုပ်ခိုင်းတယ်... Mx records မှာ ASPMX.L.GOOGLE.COM ကိုထည့်ပေးပါတဲ့ ။ ကဲ ကျနော်တို့ co.cc ကိုပြန်သွားရအောင်..

(အို.. ရှုပ်နေတာပဲလို့ ခေါင်းတွေများ ကုတ်နေမလား :) ) စိတ်ရှည်ရှည်ထားပါဗျ ပြီးတော့မှာပါ။

co.cc ကိုဖွင့်ပြီးရင် Manage Domain ထဲမှာပဲ MX ဆိုတဲ့အပေါ်မှာ တစ်ချက်နှိပ်ပေးပါ။


အဲ့မှာ သူဖြည့်ဖို့ပြောထားတာက ဖြည့်ပြီးသားဗျ။ ဒါကသေချာအောင်လာ ကြည့်လိုက်တာပါ။ ကဲ ပြောရမှာ အားတောင်နာတယ်..

ဟို google apps လုပ်နေတဲ့ tab ကိုပြန်သွားရအောင် အဲ့မှာ သူပြောတာက ကျနော်တို့ co.cc မှာ လုပ်ပြီးသားဆိုတော့

I have completed these steps ပေါ့... ဒါဆိုရင်တော့ ကျနော်တို့ email လည်း အခုလို updating လုပ်နေပါပြီ...


email အတွက်က ၁ နာရီ Chat က နာရီဝက်တဲ့ ခဏအမောဖြေရင်း စောင့်လိုက်ပေါ့...

ဟောပြောရင်းဆိုရင်း အချိန်ပြည့်သွားပြီ


အမယ် google က အသစ်တစ်ခုတောင် ပေးနေပါလား Google Apps Marketplace တဲ့ မနေ့ကတောင်မတွေ့သေးဘူး တကယ်အသစ်ဗျ အသစ် ကျနော်လည်း ဝင်ကြည့်လေ့ လိုက်ဦးမယ်။ အခု page မှာ Create New users ကနေ နောက်ထပ် အကောင့်သစ်တွေထပ်လုပ်လို့ရတယ်နော့ ဒါကတော့လွယ်လွန်းလို့ ရေးတော့ဘူး။ အော်မေ့နေတာ အခု Email တွေ Chat တွေအကုန်ရပြီဆိုတော့ သူငယ်ချင်းတို့ အကောင့်လေးကို ဝင်ကြည့်ချင်မှာပေါ..

gmail အတွက် ဒီမှာ https://www.google.com/a/Your Domain.com ဝင်ရမှာပါ မခက်ပါဘူးနော် google.com နောက်မှာ a/ နဲ့ ကိုယ့် site address လေးပဲထည့်ပေးရတာ။ အခုက နောက်တစ်ခါတွေဝင်ဖို့ပြောတာနော် တကယ်က အခုအပေါ်ပုံမှာပဲ Email ဆိုတာကို နှိပ်လိုက်ရင် mail ကိုဝင်ကြည့်လို့ရပြီရယ်..

ဒီလို ဝင်ပါတယ်....


ကဲ့ ကျနော်တော့ ဝင်လို့ရသွားပြီ.. ဒီ မှာ


ပြီးတော့ gtalk ဝင်မယ်ဆိုရင် ဒီလိုဝင်...


gtalk program က google အတွက်လုပ်ထားတဲ့ program ဆိုတော့ အရင် gtalk မှာ ဝင်သလို နာမည်တင်ရိုက်လို့မရဘူးနော် နောက်က @Domain name ပါ ထည့်ပေးရမယ် ပြီးရင် Sign In ပေါ့ အဲ့မှာ gtalk က သူငယ်ချင်းတွေကလည်း add ပြီးပြောချင်တဲ့အခါ အရင်လို နာမည်ပဲ ရိုက်ပြီး add လို့မရဘူး၊ဥပမာ၊ [email protected] ကို add ချင်ရင် အရင် name ဆိုပြီး ရိုက် add ရတယ်။ အခု ဒီအကောင့်နဲ့သုံးတဲ့အခါ မရဘူး @gmail.com ပါ ပါရမယ် အဲ့လိုဗျ။


အင်း ဒါဆိုရင်တော့ google apps email ကို လုပ်တက်လောက်ပြီထင်ပါတယ်။


နောက်ဆုံးအနေနဲ့ပြောချင်တာက co.cc မှာ လုပ်တဲ့ domain name တွေက ၁ နှစ်သက်တမ်းပဲ ကြာမယ်ဆိုတော့


ဒီအကောင့်လေးလုပ်လည်း ၁နှစ်ပဲ သုံးရမှာပေါ့လို့ ကျနော်လို့တွေးမိပြီး ဒီနည်းကို မလုပ်ကြည့်ပဲနေ နေလိုက်ရင်


ကိုယ်က မလုပ်တက်ပဲနေမှာပေ့ါ ဘာပဲဖြစ်ဖြစ်လုပ်ကြည့်စေချင်ပါတယ်။ ကျနော်တို့လည်း ကိုယ်ပိုင် domain name တစ်ခု ဝယ်မသုံးနိုင်ဘူးလို့ ဘယ်သူပြောမလဲ နောက်ကျဝယ်သုံးမှာပေ့ါနော့ အခုတော့ အလကားတွေသုံးရတာ ပျော်နေတာ (မဝယ်နိုင်ရင် မဝယ်နိုင်ဘူးမပြောဘူး အလကားသုံးရတာကို ပျော်နေတာတဲ့ ဟာ့ဟ)


ဒါပဲဗျာ.. အဆင်ပြေပါစေ..


အဆင်မပြေရင်လည်းပြောပါ။


source : www.sawsan23.com

Ref; www.sites.google.com/site/mmwordpress/Google_Apps_email.pdf

Random Quote

—