Skip to main content

sawsan ညှိနှိုင်းပြီး နေသွားရမှာ

လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ၊ သူ့ဟာ သူဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး။
ဒီလောကကြီးထဲမှာ ကိုယ်ကမွေးဖွားလာတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး၊ ညှိနှိုင်းပြီး နေသွားရမှာ။
ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင်တက်နိုင်သလောက် ပြုပြင်ဖို့တော့ လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ၊ သတိနဲ့
နေတက်တဲ့ သူတွေ၊ ချင့်ချိန်နိုင်တဲ့ သူတွေ၊ စည်းကမ်းရှိတဲ့သူတွေ ပိုပြီး များလာအောင် ကူညီရမယ်။
အလုပ်အကိုင်နဲ့ ပက်သက်ပြီးတော့ တွေ့ရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်သလို၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့
တွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ်။
နေစဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ၊ နေ့စဉ်ကိုယ်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ သဘောထားတွေ၊ နေ့စဉ် ပြောပုံဆိုပုံ လုပ်ပုံ ကိုင်ပုံတွေ၊ နေ့စဉ်လူတွေနဲ့ ဆက်ဆံပုံတွေက
ကိုယ့်ကို "ဘယ်လိုလူ" ဆိုတာကို ပုံဖေါ်ပေးနေတယ်။ နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့ သူဖြစ်လာတယ်။
ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုကလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။
ဒေါသနည်းရင် စိတ်မငြိမ်မှု နည်းသွားတယ်။ အရင်စလို လုပ်တာ၊ ပြောတာ နည်းသွားတယ်။ ဒေါသဖြစ်တာ၊ စိတ်တိုတာများရင် စိတ်လှုပ်ရှားမယ်။ စိတ် မတည်ငြိမ်နိုင်ဘူး။
ဒေါသဖြစ်နေရင် လုပ်တာ ကိုင်တာ ပြောတာဆိုတာ အမှားများမယ်။ ဆုံးဖြတ်ချက် (dicision) မှားမယ်။ ဆုံးဖြစ်ချက်မှားသွားရင် အများကြီးနစ်နာသွားမယ်။ ဆုံးရှုံးသွားမယ်... နော်၊
ကိုယ့် ဒေါသက ကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ ခိုင်းတာတွေကို မလုပ်မိအောင် သတိထားရမယ်။ ဒေါသကို ဆရာတင်မိရင် မှားမယ်။
ဒါကြောင့် စိတ်တိုလာရင် သတိနဲ့ ကြည့်ပါ။ စိတ်ထဲမှာ တင်းလာတယ်။ ရင်ထဲမှာ တင်းကျပ်လာတယ်။ ခေါင်းထဲမှာ တင်းလာတယ်။ နားထင်တွေ၊ နဖူးကြောတွေ တင်းလာတယ်။
တင်းနေတာကို သိပြီးတော့ လျှော့လိုက်ပါ။ ရသလောက်လျှော့လိုက်ပါ။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်….”
source : www.sawsan23.com

Random Quote

—