Skip to main content

sawsan လွတ်လပ်သူ၏ တာဝန်ယူတက်သော စိတ်ထား

လွတ်လပ်မှုဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်တွေ အတော်တော်များတယ်။ ပညာရှင်တော်တော်များများ ကိုယ့်အမြင်နဲ့ ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။ လွတ်လပ်မှုရဲ့ အဓိပ္ပါယ်အမျိုးမျိုး

သဘာဝအမျိုးအမျိုးကို စိတ်ဝင်စားပါတယ်။

လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့် တာန်ဝန်ကို ခေါ်တာတဲ့။

ဒီစကားအရ လွတ်လပ်မှုဆိုတာ တာဝန်လို့ အဓိပ္ပါယ်ရတယ်နော်။ ဘယ်လိုတာဝန်လဲ။

ကိုယ့်ဘဝကို ကိုယ်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် နေရမယ့်တာဝန်။ ကိုယ့်နည်း ကိုယ့်ဟန်လည်း ဖြစ်ရမယ်။ အကောင်းဆုံးလည်း ဖြစ်ရအုံးမယ်။ အဲဒါ နည်းတဲ့တာဝန် မဟုတ်ဘူး။

ဘယ်လို ဘဝမျိုးကို နေချင်သလဲဆိုတာကို သိတဲ့သူ တော်တော်နည်းပါတယ်။ ငယ်ငယ်ကတည်းက အပြစ်မရှိတဲ့ ကိစ္စတွေမှာ လွတ်လွတ်လပ်လပ်လုပ်တက်တဲ့ အလေ့အကျင့် အခွင့်အရေးကို

ရခဲ့တဲ့သူမှသာ ကြီးလာတဲ့အခါ ကိုယ်ဘယ်လိုဘဝမျိုးကို နေချင်တယ်ဆိုတာ သိနိုင်မယ်။ ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောင်းတာတွေကို လုပ်ခွင့်မရခဲ့ရင် ကိုယ်ဘယ်လို ဘဝမျိုးကို

နေချင်တယ်ဆိုတာ မသိနိုင်တော့ဘူး။

" ဒီနေ့ တစ်နေ့တာလုံး ငါဘာလုပ်မယ်ဆိုတာကို သေသေချာချာ စဉ်းစားတဲ့အကျင့် မရှိတဲ့သူဟာ ကိုယ့်ဘဝကို ကိုယ်ဘယ်လိုနေချင်တယ်ဆိုတာကို ဘယ်လိုမှ အဖြေရှာလို့ရမှာ မဟုတ်ဘူး။

ကြုံရာကိစ္စတွေကို လုပ်ရင်းနဲ့ပဲ တစ်နေ့ကုန်သွားမယ်။ အဲဒီ တစ်နေ့ တစ်နေ့တွေ ပေါင်းလိုက်တော့ တစ်ဘဝဖြစ်သွားတယ်။ "

ရာထူးကြီးကြီး ရတာဟာ ဘဝကို အကောင်းဆုံးနေတာနဲ့ ဘာမှမဆိုင်ဘူး။ ရာထူးအကြီးဆုံးလူဟာ ဘဝကို အကောင်းဆုံးနေတဲ့သူ မဟုတ်ပါဘူး။

ငယ်ငယ်ကတည်းက ခိုင်းတာပဲ လုပ်ရတဲ့သူဟာ creative thinking တီထွင်ကြံဆပြီး တွေးတဲ့အကျင့်ကို မရတော့ဘူး။ ကိုယ့်ဘဝကို ကိုယ်ပုံဖေါ်တယ်ဆိုတာ ဉာဏ်ကို အစွမ်းကုန်သုံးရတဲ့ အလုပ်ပါ။

စိတ်ထား မြင့်မြတ်မှုလည်းရှိမှ လုပ်လို့ရတဲ့ အလုပ်ပါ။ လွယ်လွယ်နဲ့ မရပါဘူး။ စိတ်ထင်ရာလုပ်ရုံနဲ့ ကိုယ့်ဘဝကို ကိုယ် စိတ်တိုင်းကျ နေတာလို့ မပြောနိုင်ဘူး။ အမှားတွေကို လုပ်မိပြီး ဒုက္ခရောက်၊

ဘဝပျက်ပြီး နောင်တာတွေနဲ့ နေရတဲ့သူတွေ မနည်းပါဘူး။

သူများပုံသွင်းပေးသလို ကိုယ့်ဘဝကို နေတဲ့သူမှာ လွတ်လပ်မှု မရှိဘူး။ သူများပုံသွင်းတာကို ခံရတယ်ဆိုရင် ကိုယ့်နည်းကိုယ်ဟန် မရှိတော့ဘူးပေါ့။ ကိုယ့်ဘဝကို ကိုယ်ကြိုက်သလို ဖန်တီးခွင့်မရှိတော့ဘူး။

အဲသလိုဆိုရင် ဘာတာဝန်ယူစရာရှိတော့သလဲ။ သူများပုံသွင်းပေးတာကို လက်ခံရရင် ကိုယ့်စိတ်ကူးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်လို့ မရတော့ဘူး။ ကိုယ့်စိတ်ကူးနဲပ ကိုယ်လုပ်လို့ မရတော့ရင်

အကောင်းဆုံးဖြစ်အောင် ဘယ်လုပ်နိုင်တော့မလဲနော်။ လုပ်ပေးသမျှ လက်ခံရရင် အားထုတ်နေစရာ မလိုတော့ဘူး။ လိုက်နာစရာပဲရှိတော့မယ်။ သူတို့အတွက် အကောင်းဆုံး ဖြစ်ချင်ဖြစ်မယ် ကိုယ့်အတွက်တော့

အကောင်းဆုံးဖြစ်မှာ မဟုတ်တော့ဘူး။ ထားရာနေ စေရာသွားဖြစ်သွားပြီ။ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံဖေါ်ဖို့ဆိုတာ တော်ရုံသတိ္တနဲ့ လုပ်လို့ မရဘူး။

ုကိုယ့်အသိဉာဏ်ကို ကိုယ်တကယ်ယုံကြည်စိတ်ချမှသာ လုပ်နိုင်တယ်။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။

အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။

“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”

“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်…. ”

source : www.sawsan23.com

Random Quote

—