Skip to main content

sawsan ကိုယ်ပိုင်နေရာတစ်ခုရဲ့ Search Engine ဆိုတာ

ဒီလိုဗျာ ကျနော်တို့ပိုင်ဆိုင်တဲ့ webpage တစ်ခု site တစ်ခု ရှိမယ်ဟုတ်? အဲ့မှာ ကိုယ်ရေးထားတဲ့ စာတွေ၊ ကိုယ်တင်ထားတဲ့ blog တွေရှိမှာပေါ့။ အဲ့ဒီ ကိုယ်နေရာ၊ site လေး တစ်ခုအတွက် သီးသန့် search engine တစ်ခု လုပ်ကြည့်ချင်ရင်လေ..

http://www.google.com/cse/manage/create

အပေါ်က link ကိုသွားလိုက်ရင် ဖြည့်ရမယ့် box လေး ၃ ခုရှိမယ်။ ၃ ခုလုံးမှာ ကိုယ့် site နေရာရဲ့ address ကိုသာထည့်ပေးလိုက် ဒါက ကျနော်အပျင်းကျပြီးပြောတာပါ။ ကိုယ့် site , ကိုယ့် page နေရာရဲ့ address ကို Sites to search: နေရာမှာပဲ သေချာထည့်ရမှာပါ။ ပြီးရင်...

Terms of Service.

ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေးထည့်ပြီး Next ကိုနှိပ်ပါ။

အခုရောက်သွားတဲ့နေရာမှာ ကြိုက်တဲ့ search engine အရောင်ရွေှး ပြီးရင် Next ..
ဟဟ လွယ်လွန်းတယ်မပြောနဲ့ အခု ရောက်သွားတဲ့ page မှာ ကိုယ်ပိုင် page လေးတစ်ခု၊ site လေးတစ်ခုအတွက်
ကိုယ်ပိုင် search engine တစ်ခုဖေါ်ထုတ်ပေးမယ့် code လေးပေးထားတယ်။ အဲ့ code ကိုယူပြီး ကိုယ့် page ၊ ကိုယ့် site ရဲ့ text box တစ်ခုခုမှာ ထည့်လိုက်ရင် ရပါပီဗျာ။ google ရဲ့ search engine ပုံစံ search engine လေးပါနော်။ (google ရဲ့ service တစ်ခုပဲဟာကို :) ပြောပြဦးမယ် ဒီလို search engine လေးလုပ်ထားတဲ့အတွက် ကိုယ်ရေးတဲ့စာတွေ၊ ကိုယ်တင်တဲ့ blog တွေထဲမှာ ဘယ်လို Data တွေ၊ ဘယ်လိုစကားလုံးတွေက များများရှိတယ် ဘယ်လို Data တွေ ဘယ်လို စကားလုံးတွေကတော့ နည်းသေးတယ်ဆိုတာ သိနိုင်တယ်လေ ပြီးတော့ ကိုယ့် site ထဲ၊ ကိုယ့် page ထဲက စာတွေကိုမှ သီးသန့်ရှာချင်တဲ့ သူတွေအတွက် သတ်သတ်ရပ်ရပ်လေးနဲ့ ကိုယ့် site, page ကစာတွေကိုပဲ သီးသန့်ဖေါ်ပြပေးတာလေ ပြီးတော့ ကျနော်တို့ရေးတဲ့စာတွေအတွက် သီးသန့်လုပ်ထားတဲ့ ဒီ search engine လေးက တစ်နေ့မှာ တကယ့် googel ရဲ့ search engine ထက် သာမလားဘူးလို့ ဘယ်သူပြောနိုင်မလဲ ;) ဒါပဲနော် အော် ပုံတစ်ပုံမှ မပါဘူးဖြစ်နေဦးမယ် ပုံလေးနဲ့ နမူနာလေးပြမယ်...


 


အခုအပေါ်က ပုံမှာ ဧဒင်အတွက်လုပ်ထားတဲ့ search engine လေးမှာ sawsan9one လို့ရိုက်ရှာလိုက်ရင် sawsan9one ဆိုတဲ့စကားလုံးလေးတွေကို ဧဒင်ရဲ့နေရာ (www.edinooyin.com) မှာပဲ google ရဲ့ search engine ပုံစံလေး သတ်သတ်ရပ်ရပ်လေး ဖေါ်ပြပေးတာနော်.... see you နော်..


source : www.sawsan23.com

Random Quote

—