Skip to main content

sawsan how to protect your blog

Protect Web Site Data Content from Thieves with Disable select-text script &
Disable right click script

ဒီလိုပါ ကျနော်တို့ အချိန်ပေးပြီး စာဖတ်၊ လေ့လာစမ်းသပ်ပြီး မျှဝေထားတဲ့ ကောင်းနိုးရာရာ Blog လေးတွေကို ကိုယ်ကိုတိုင်
အစွမ်းအစမရှိဘဲ(ရှိအောင်လည်း မကြိုးစားဘဲ) သူများရေးထားတဲ့ Blog တွေကို (မျှဝေချင်တာပါဆိုတဲ့ ဆင်ခြေစကားနဲ့)
မူရင်းရေးသားသူကို Credit (ရေးသားသူကိုဖော်ပြခြင်း လေးအသိမှတ်ပြုခြင်း)လည်းမပေး၊ စာကိုလည်း တန်ဘိုးမထား ။

ဖြစ်သလို ကြုံသလို (ပုံနဲ့တွဲပေးတဲ့ Blog မှာ ပုံမပါ၊ Code နဲ့တွဲပေးတဲ့ Blog မှာ Code မပါ)
ကိုယ်ရေးထားသလို ဘာလိုလိုနဲ့ (ရှက်ရကောင်းမှန်းလည်း မသိ)
အလွယ်တကူ ယူယူသုံးတဲ့ Blog ကို တန်ဖိုးမထားတဲ့သူတွေကို ကာကွယ်ဖို့ နည်းလမ်းကို ပြောမလို့ပါ။

<SCRIPT TYPE="text/javascript">
<!--
//Disable select-text script (IE4+, NS6+)
//visit http://www.rainbow.arch.scriptmania.com/scripts/
///////////////////////////////////
function disableselect(e){
return false
}
function reEnable(){
return true
}
//if IE4+
document.onselectstart=new Function ("return false")
//if NS6
if (window.sidebar){
document.onmousedown=disableselect
document.onclick=reEnable
}
// -->
</SCRIPT>

အခု ဒီ code က ကိုယ်ရေးတဲ့ blog က စာတွေကို အဲ့လို တန်ဖိုးမထားသူ တွေ စာတွေကို ကူးပြီ ယူလို့မရအောင်လုပ်ပေးနိုင်တဲ့ code ပါ။
text box တစ်ခုခုထဲမှာထည့်ပါ။
__________________________________________________________________________

<SCRIPT TYPE="text/javascript">
<!--
//Disable right click script
//visit http://www.rainbow.arch.scriptmania.com/scripts/
var message=" ဒီမှာ ကြိုက်တာရေးပါ ";
///////////////////////////////////
function clickIE() {if (document.all) {(message);return false;}}
function clickNS(e) {if
(document.layers||(document.getElementById&&!document.all)) {
if (e.which==2||e.which==3) {(message);return false;}}}
if (document.layers)
{document.captureEvents(Event.MOUSEDOWN);document.onmousedown=clickNS;}
else{document.onmouseup=clickNS;document.oncontextmenu=clickIE;}
document.oncontextmenu=new Function("return false")
// -->
</SCRIPT>

အခု ဒီ code ကတော့ ပုံတွေပေါ်မှာ Right click နှိပ်ပြီး save ယူတာတွေ တခြား right click function တွေအတွက်ကို ကာကွယ်ဖို့ပါ။
text box တစ်ခုခုပါမှာထည့်ပါ။
_______________________________________________________________________

အခုလိုလုပ်ထားရင်တော့ သာမန် ကိုယ်ပိုင်အရည်အချင်းမသုံး ရေးသားသူကိုလဲ မဖော်ပြပေးတဲ့ သူတွေရဲ့ ကူးယူခြင်းမှ ကာကွယ်နိုင်ပါတယ်။

တကယ်တော့ အင်တာနက်ထဲမှာ ဘာကိုမှ ထိန်းချုပ် ဆုပ်ကိုင်ထားလို့တော့ မရပါဘူး။ သူဘာနဲ့သူ တစ်ခုခုကို ပိတ်ထားရင် ဖွင့်လို့တဲ့ နည်းလမ်းတွေက ရှိပြီးသားပါ။

ဒါပေမယ့် ပထမအကြိမ် အခိုးခံရရင် အိမ်ရှင်ညံလို့၊ ဒုတိယအကြိမ်ထပ်မဖြစ်အောင် အိမ်ကို ခြံဝန်းတွေခတ်ပြီး အခုလို (လူမုန်းခံပြီး) စာတွေရေးထားခဲ့ပါတယ် ။

အခု ကူးလို့ ယူလို့မရအောင် ပိတ်ထားတဲ့ code တွေကို ပြန်ဖြေနည်းကို ကျနော် ခဏနေ ထပ်ရေးပေးမှာပါ။

တကယ်က ဒီ code တွေကို ပေးရင်းနဲ့ ကူးယူသူတွေကို စိတ်ပေါက်လို့ ကျနော် စိတ်ထွက်ပေါက်အနေနဲ့ ရေးလိုက်တာပါ။

ပြီးတော့ နည်းပညာတစ်ခုလဲ ဖြစ်ပါတယ်

တခြား စာဖတ်သူငယ်ချင်းတွေ စိတ်အနှောက်ရှက်ဖြစ်သွားရင် ကျနော်တောင်းပန်ပါတယ်ဗျာ..

ခဏနေ Enables right-click, text selection တွေအတွက် ရေးပေးပါဦးမယ် သိထားသင့်လို့ပါ။

ရေးသားသူ : စောစံ (ဥယျာဉ်မှူး ၅ @ edinooyin.com)

source : www.sawsan23.com

Random Quote

—