Skip to main content

sawsan စားသုံးသူအတွက် ထုတ်ကုန် နဲ့ ဝန်ဆောင်မှု မျှတဖို့လိုတယ်

ကျနော် အင်တာနက်ထဲမှာ စာတွေ ရှာဖတ်တဲ့အခါ တစ်ချို့ စာကောင်းလေးတွေ google ကနေရှာရင်းတွေ့တာလေးတွေရှိတယ်
စာဖတ်ဖို့ link ကိုနှိပ်လိုက်တဲ့အခါ webpage က တော်တော်နဲ့ ကျမလာဘူးဖြစ်နေတယ်ဗျာ ကျနော်တို့ နိုင်ငံက
ကွန်နရှင်နှေးတာလည်းပါတာပေါ့ ...
ဒါပေသိ ကွန်နရှင်က နှေးတာထက် site ထဲမှာ သုံးထားတဲ့ wedgets တွေ၊ ကောင်းနိုးရာရာ js တွေနဲ့ တခြားတခြားသော
link ချိတ်ဆက်မှုတွေက site ရဲ့ page ကို စာဖတ်မရလောက်အောင် (ဖတ်ချင်စိတ်ကုန်သွားလောက်အောင်) အသုံးပြုထားတာတွေ့နေရတယ်။
အဲ့ဒါလေးတွေနဲ့ ပါတ်သတ်လို့ ကျနော့ အမြင်လေးကို ပြောပြချင်ပါတယ်။ ကျနော်စားသောက်ဆိုင်တွေကို သွားတဲ့အခါ ဆိုင်က အစားအသောက်ကောင်းလား၊ ဝန်ဆောင်မှုကော ဘယ်လိုနေလဲဆို အကဲခတ်လေ့ရှိပါတယ်။ တစ်ခုကကောင်းပြီး တစ်ခုက အားနည်းနေရင် ဘယ်လိုမှ အဆင်မပြေတက်ပါဘူး။
ဝန်ဆောင်မှု နဲ့ ထုတ်ကုန် balance မျှနေဖို့လိုပါတယ်။ အဲ့လိုပဲ ကျနော်တို့ website တည်ဆောက်တဲ့အခါ (မြန်မာနိုင်ငံရဲ့ လက်ရှိ ကွန်နရှင်အနေအထားကြောင့်ပြောတာပါ) ကိုယ့် website က ဝန်ဆောင်မှုကို အဓိကထားမှာလား ထုတ်ကုန်တွေကို အဓိကထားထားလားဆိုတာ
သုံးသတ်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုဆိုတာကလည်း စားသုံးသူကို စိတ်ကြေနပ်မှု ဖြစ်စေတဲ့အတွက် အထိုက်အလျောက်လိုအပ်ပါတယ်။ ဒါပေသိ
ဝန်ဆောင်မှုဆိုတာကလည်း ထုတ်ကုန်တွေ အားနည်းသေးတဲ့အချိန်မှာ အဓိကထား ပြုလုပ်ပေးသင့်တဲ့အရာလို့ ကျနော်ထင်တယ်။ ကိုယ့်ရဲ့ website က အရည်အသွေးမြင့် ထုတ်ကုန်တွေ တဗြောင်းဗြောင်းထုတ်ပေးနိုင်ပြီဆိုရင် ဝန်ဆောင်မှုတွေက သိပ်တော့မလိုအပ်တော့ဘူးထင်တာပဲ။
ဘာလို့လဲဆိုတော့ စားသောက်ဆိုင်တွေမှာ အစားအသောက်ကောင်း(ထုတ်ကုန်)ကို အရသာခံ လာစားသောက်တဲ့သူပဲရှိပါတယ်။ ဝန်ဆောင်မှုကို သာယာလို့ ဝန်ဆောင်မှုကို လာအရသာခံတဲ့သူဆိုတာ မရှိဘူးလို့ထင်ပါတယ်။ ဒါ့အပြင် site တစ်ခု တည်ထောင်ခါစသာ ဖြစ်သင့်တဲ့ အဲ့ဒီ ဝန်ဆောင်မှုတွေက Blog ကောင်းကောင်းတွေထုတ်လုပ်နိုင်ပြီဆိုရင် အဲ့ဝန်ဆောင်မှုတွေကို နည်းနည်းချင်းလျော့ပေးစေချင်ပါတယ်။ ကျနော်လည်း ဟိုတုန်းက အဲ့လိုတွေသုံးခဲ့ပါတယ်။ အခုမသုံးတော့ပါဘူး။ ဝန်ဆောင်မှုကိုမှ လာအရသာခံနေတာပါ ထုတ်ကုန်ကို သိပ်မစားသုံးဖြစ်ပါဘူးဆိုတဲ့ သူတွေကိုတော့ အားနာပါတယ်။
ကျနော်ကတော့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန် မျှတာစေချင်တာပါ။ မျှတတယ်ဆိုတာထက်တောင် ကျနော်တို့ နိုင်ငံက ကွန်နရှင် အနေအထားအရ မျှတတာထက်ကို ဝန်ဆောင်မှုထက် ထုတ်ကုန်ကို ပိုအလေးထားစေချင်ပါတယ်လို့ ဆန္ဒပြုရင်း......

P.S (1) ဒီစာက ကျနော် စာဖတ်ရင်း ဖြစ်ဖြစ်နေတဲ့ အတွေ့အကြုံလေးတွေကို အခြေခံပြီးရေးလိုက်တာပါ။ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့
website ကိုမှ ရည်ရွယ်ပြောဆိုချင်းမဟုတ်ပါဘူး၊ အပြုသဘောနဲ့ ကိုယ့်အမြင်ကို ကိုယ်တင်ပြချင်းဖြစ်ပါတယ်... ကျေးဇူးတင်ပါတယ်...

P.S (2) ကိုယ့် website ကို ဖွင့်ကြည့်တဲ့အခါ ကိုယ့် website မှာ သုံးထားတဲ့ wedgets တွေ၊ ပုံတွေ၊ js code တွေ ဘယ်အရာတွေက ဘယ်အချိန်မှ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိချင်ရင် ကိုယ့် webpage ကို page analysis လုပ်ကြည့်လို့ရပါတယ် လုပ်လည်းလုပ်ကြည့် ဖူးသင့်ပါတယ်။ http://loadimpact.com/ မှာ ကိုယ့် site address ကို ထည့်ပြီး analysis လုပ်ကြည့်နိုင်ပါတယ်ခင်ဗျာ။
source : sawsan23.com

Random Quote

—