Skip to main content

sawsan ကိုယ့် ကိုယ်ကိုယ် အရှင်လတ်လတ် မြေမြှုပ်ခံနေသူများ

Not tobe occupied and not to exist amount to the same thing. (Voltaire)
အလုပ်တစ်ခုခုကို စိတ်ပါလက်ပါ အလုပ်မနေတာနဲ့ ဘဝမရှိတာနဲ့ဟာ အတူတူလိုပါပဲ။ အလုပ်မရှိရင် ဘဝမရှိဘူး။
A useless life is an early death. (Goethe)
ဘာမှ အသုံးမဝင်တဲ့ ဘဝဟာ စောစောဆီးဆီး သေသွားတဲ့ဘဝပဲ။
Idleness is the burial of a living man. (Taylor)
ဘာမှ မလုပ်ပဲ ပျင်းရိနေတာဟာ အရှင်လတ်လတ် မြေမြှူပ်ခံနေရတာပါပဲ။
ပျင်းရိနေတဲ့သူဟာ အသက်ရှင်နေပေမဲ့ ဘဝသေနေတဲ့သူပါပဲ။ ပျင်းရိနေတဲ့သူမှာ ပညာလည်း မတိုးဘူး။ ဥစ္စာပစ္စည်းလည်း မတိုးဘူး၊
မိတ်ဆွေကောင်းလည်း မတိုးဘူး၊ စိတ်ချမ်းသာမှုလည်း မတိုးဘူး။ ပျင်းရိနေတဲ့ သူကို ဘယ်သူကမှ မလေးစားဘူး။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု မရှိနိုင်ဘူး။
ပျင်းတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ပျင်းတာဟာ နာမည်သာဆိုးတာ လူတော့ တော်တော်သက်သာတယ်တဲ့။ ရေရှည်မှာတော့
ပျင်းတဲ့သူဟာ အဆင်ပြေတဲ့ဘဝကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။
အခု သက်သာအောင်နေတဲ့ သူဟာ နောက်တော့ မသက်သာဘူး။
ကိုယ့်မှာ ပျင်းတက်တဲ့ သူငယ်ချင်း ရှိသလား။ သူ့ကို သတိထားပါ။ သူက ကိုယ့်ကို ခင်တယ်ဆိုပြီး ကိုယ့်အချိန်တွေကို လာဖြုန်းမယ်။
သူ့ဆီကကောင်းတာ ဘာမှ မရနိုင်ဘူး။ အကြံကောင်း ဉာဏ်ကောင်းလည်း မရနိုင်ဘူး။ စိတ်ချမ်းသာမှုလည်း မရနိုင်ဘူး။
တစ်နေ့မှာ သူဟာ ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်လာမယ်။
သူဟာ အချိန်ရှိတုန်းမှာ ပညာမရှာဘူး။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ငွေကြေးကို စုဆောင်းမထားဘူး။
အခက်အခဲရှိတဲ့အခါ သူ့မှာ ကိုယ့်ကိုကိုကိုယ် အားကိုးလောက်တာ ဘာမှမရှိဘူး။
ကိုယ့်ကိုယ်ကို ကိုယ်အားမကိုးနိုင်တော့ သူများကို အားကိုဖို့ပဲ စဉ်းစားမယ်။
သူ့မှာ တာဝန်ယူချင်စိတ် မရှိဘူး တာဝန်ကို ကြောက်တယ်။ စိတ်အား ကိုယ်အား စိုက်ထုတ်ပြီး လုပ်ရမှာကိုပဲ ပျင်းတော့
လုပ်ရင်ဖြစ်နိုင်ပေမဲ့ မလုပ်ဘူး။ သူ့ကို အကြံ ဉာဏ်ကောင်းပေးလို့ မရဘူး။
သူ့တို့ လိုချင်တာ အကြံကောင်း ဉာဏ်ကောင်း မဟုတ်ဘူး။ သူကိုယ်တိုင်လုပ်ရမှာကို ပျင်းလို့ သူ့ကိစ္စကို ကိုယ်ကပဲ
အစအဆုံး ဖြေရှင်းပေးတာကို လိုချင်တယ်။ သူတို့ လက်သုံးစကားက "ပို့မယ့်ပို့ ကူတို့ရောက်အောင်ပို့ပါ" ဆိုတဲ့ စကားပဲ။
သူ့တာဝန်ကို သူမယူချင်လို့ သူ့မှာ အခက်အခဲရှိတိုင်း "မင်းကိုပဲ အားကိုးပါတယ်" ဆိုတဲ့ အပြောမျိုးနဲ့ ကိုယ့်ကိုလာပြီး တာဝန်ပေးမယ်။
အားနာတက်ရင်တော့ သူ့ပြဿနာကို ကိုယ်က ဖြေရှင်းပေးနေရမယ်။
အဲဒါမျိုးဟာ အမြဲတန်းတွေ့နေရရင် ကြာရင် သူ့ကို စိတ်ပျက်ငြီးငွေ့လာမယ်။ သူ့ကို ရှောင်လာမယ်။
သူလိုချင်တာကို မရရင် ကိုယ့်ကို မိတ်ဆွေကောင်း မပီသဘူး။ အားမကိုးရဘူး ဆိုပြီး စကားနာထိုးမယ်၊
ကြာရင် ကိုယ့်ကို ရန်သူလို သဘောထားလာမယ်။ ဒါကြောင့် ပျင်းတဲ့သူဟာ ကြောက်စရာ သိပ်ကောင်းတယ်။
ပျင်းတဲ့သူဟာ တခြားအပင်ဆီက အဆီအနှစ်ကို မှီပြီး အသက်ရှင်တဲ့ ကပ်ပါးပင်လိုပဲ။ အဆင်သင့်ရတာကိုပဲ လိုချင်တယ်။
ပျင်းတဲ့သားသမီးဟာ မိဘအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ မိဘကို ပေးနိုင်ဖို့ စိတ်မကူးဘူး။
မိဘဆီက ရဖို့ပဲ စိတ်ကူးတက်တယ်။ မိဘကို တလှည့် ပြန်ပြီး ပြုစုရမယ့် အချိန်မှာ မပြုစုပဲ မိဘဆီက ရသမျှကို ယူဖို့ပဲ စိတ်ကူးတက်တယ်။
Some pepole have p perfect genius for doing nothing, and doning it assiduously. (Haliburton)
"တချို့လူတွေဟာ ဘာမှ မလုပ်ပဲနေနည်းကို ကောင်းကောင်းသိတယ်။ အဲဒါကိုတော့ သူတို့ တော်တော် ကြိုးကြိုးစားစား လုပ်နိုင်တယ်"
Idleness is the holiday of fools. (Chesterfield)
ဘာမှ မလုပ်ပဲနေတာဟာ လူမိုက်တွေ၊ ဉာဏ်မရှိတဲ့သူတွေရဲ့ ခွင့်ရက်ရှည်ပဲ ဖြစ်တယ်။
ပျင်းတဲ့သူဟာ ဘဝတစ်ခုလုံးကို ခွင့်ရက်ရှည်ကြီးလို သဘောထားပြီးနေတယ်။ သူတို့ဟာ အကျိုးရှိတဲ့ အလုပ်ကိုသာ မလုပ်ချင်တာ
အကျိုးမရှိတာကိုတော့ ကြိုးကြိုးစားစား လုပ်တယ်။ လျှောက်လည်တာ၊ ဖဲရိုက်တာ၊ လောင်းကစားတာ၊
တစ်နေကုန် တီဗွီကြည့်တာမျိုးတွေတော့ မပျင်းမရိ လုပ်နိုင်တယ်။
အပျင်းပြိုင်ပွဲ လုပ်ဖို့ စာရင်းကောက်တော့ ပျင်းတဲ့သူတစ်ယောက်က "အပျင်းပြိုင်ပွဲ ဝင်ရမှာ ပျင်းလို့ ပြိုင်ပွဲ မဝင်တော့ဘူး" တဲ့။
Better to wear out than to rust out. (Bishop Cumberland)
သုံးလွန်းလို့ ပွန်းပြီး ပါးသွားတာက မသုံးပဲထားလို့ သံချေးတက်သွားတာထက် ပိုကောင်းပါတယ်။
ဘာမှ မလုပ်ချင်တော့ဘူးဆိုရင် ကိုယ့်အတွက်ကိုယ် နာရေးကြော်ငြာ ရေးလိုက်ပါတော့။
ဘဝ မသေချင်ရင် မပျင်းတက်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ဖို့ လိုတယ်။
ပျင်းတာဟာလည်း အကျင့်ပါပဲ။ မပျင်းတာဟာလည်း အကျင့်ပါပဲ။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော့ အသိမိတ်ဆွေ၊
သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်….”
source : www.sawsan23.com

Random Quote

—