Skip to main content

sawsan ကိုယ့်ဉာဏ်ကိုကိုယ် သုံးချင်တယ်

လူတစ်ယောက်အနေနဲ့ နှမြောစရာ အကောင်းဆုံးဟာ ဘာလဲဆိုတော့ သူ့အသိဉာဏ် အဆင့်မြင်သင့်သလောက် မမြင့်လာတာ။
အဲဒါ သိပ်နှမြောဖို့ ကောင်းတာပဲ။ သူ့ရဲ့ အရည်အချင်းတွေ၊ လုပ်ရည်ကိုင်ရည်တွေ မြင့်သင့်သလောက် မမြင့်လာတာဟာ သိပ်နှမြောဖို့
ကောင်းတယ်။
တချို့နေရာမှာကျတော့ သိတဲ့ အသိအပိုင်းဟာ မြင့်လာပြီ။ ဒါပေမဲ့ အဲဒါကို သုံးရမည့် နေရာကျတော့ သုံးလို့ မရတာတို့ ၊ သုံးခွင့်မရတဲ့
အခြေအနေမျိုးတို့ ကြုံရတာတွေ ရှိတယ်။
တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် သိပြီးတော့ ကိုယ့်ဟာကိုယ် တွေးပြီး ပြောလို့ မရတာတွေရှိတယ်။ အခြေအနေအရ မပြောသင့်ဘူး
ဆိုပြီးတော့ ချန်ထားတာတွေလည်း ရှိတာပေါ့။ အဲဒါစိတ်ထဲမှာ အတော်ခံစားရတာပဲ။
တစ်ချို့ သူတို့ ပညာအရည်အချင်း အဆင့်မြင့်မြင့်တွေ သင်ခဲ့ရတယ်။ တချို့ဆို ဒေါက်တာဘွဲ့၊ ဆရာဝန်ဘွဲ့တွေ ရခဲ့ပြီး
တစ်ချို့ အင်ဂျင်နီယာဘွဲ့တွေ ရပြီးတော့ အလုပ်တွေ လုပ်ပြီးတော့ အလုပ်ထဲမှာ အတွေ့အကြုံ ၁ဝ နှစ်၊ ၁၅ နှစ်လောက်
အတွေ့အကြုံရှိထားပြီးပြီ။ အရည်အချင်းတော်တော် အဆင့်မြင့်နေတယ်နော်။ ဒါပေမဲ့ အခြေအနေ တစ်ခုခုကြောင့် သူတို့
အရည်အချင်းကို သုံးခွင့်မရတော့ဘူး။ အရည်အချင်းနဲ့ မကိုက်တာတွေ သူတို့ အရည်အချင်းကို မသုံးရတဲ့ အလုပ်မျိုးတွေကို
လုပ်နေရတယ်။ အဲ့ဒါ တော်တော်ခံစားရမှာပဲ။
အရည်အချင်းနဲ့ ကိုက်တာကို လုပ်ရရင် ကိုယ့်အရည်အချင်းကို သုံးခွင့် ရတယ်။ ကိုယ့်အရည်အချင်းကို ပြခွင့်လည်းရတယ်။
ကိုယ့်အရည်အချင်းကို သုံးရတဲ့အတွက်ကြောင့် ငါလုပ်နိုင်သားပဲဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အားရမှု၊ ကျေနပ်မှုဆိုတာကို ရတယ်။
အဲဒါ သိပ်အရသာရှိတယ်။
သိပ်ခက်တယ်လို့ ထင်တဲ့ကိစ္စကို စဉ်းစားတယ်။ ငါ ဒါကို ဖြစ်အောင်လုပ်မယ်။ အစမှာ လုပ်နိုင်မယ်လို့ မထင်သေးဘူးနော်။
ကြိုးစားရင်ကော... အရှုံး ရှိသလား။ အရှုံးမရှိဘူး။ ကြိုးစားရင်း ကြိုးစားရင်း လုပ်ရင်း လုပ်ရင်းနဲ့ လုပ်လို့ရသွားပြီဆိုရင် ကိုယ့်ကိုယ်ကို
သိပ်အားရသွားတယ်။
"ငါလုပ်လို့ ရနိုင်မယ်လို့တောင် မထင်ဘူး ဒါပေမယ့် ရတာမရတာ ထား၊ ငါကြိုးစားတော့ ကြည့်ဦးမယ် ဆိုပြီး ကြိုးစားလိုက်တာ ရသွားပြီး"
အဲဒီလို ရသွားတဲ့ အခါမှာ ခံစားလိုက်ရတဲ့ ကျေနပ်မှု။ အားရမှုဟာ ဘာနဲ့မှ နှိုင်းလို့ မရဘူး။ ပိုက်ဆံနဲ့ ဝယ်လို့မရဘူး။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊
သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်…. ”
source : www.sawsan23.com

Random Quote

—