Skip to main content

sawsan Group Policy သို့ ဝင်ရောက်မွေနှောက်ခြင်း

တစ်နေ့က အိမ်မှာ ပျင်းတာနဲ့ ထုံးစံအတိုင်း ကွန်ပျုတာကို ကလိဖြစ်တယ်။ run box မှာ gpedit.msc လို့ ရိုက်ပြီး Group Policy ကို အခုလို ဝင်ရောက် မွေနှောက်ဖြစ်ပါတယ်။



Folder Option ကိုဖျောက်ခြင်း/ ဖော်ခြင်း


Virus ကိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Folder Option ကို ဖျောက်ချင်/ ဖော်ချင်ရင်
Folder Option ပြန်ဖော်ဖို့က …
ဒါက Tool ထဲ Folder Option အတွက်ပါ။
Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင်
Administrative Templates >> Windows Components >> Windows Explorer ကိုကလစ်နှိပ်ပါ။ ပြီးရင်
ညာဘက်အကွက်ထဲက
Removes the Folder Potions menu item form the Tools menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေှးပြီး apply >>
ok ဆိုရင်ရပါပီ။
Folder Option ကိုဖျောက်ထားချင်ရင် Enabled ကိုရွေှးလိုက်ရင် ရပါတယ်။



Task Manager ကိုဖျောက်ခြင်း/ဖော်ခြင်း


Virus ကိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Task Manager ကို ဖျောက်ချင်/ ဖော်ချင်ရင်
Task Manager ပြန်ဖော်ဖို့က …
Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင်
Administrative Templates >> System >> Ctrl+Alt+Del Options ကို ကလစ်နှိပ်ပါ။ ပြီးရင် ညာဘက်အကွက်ထဲက
Remove Task Manager ကို ကလစ်နှိပ်ပြီး Disabled ကိုရွေှးပြီး apply >> ok ဆိုရင် ရပါပီ။
Task Manager ကိုဖျောက်ထားချင်ရင် Enabled ကိုရွေှးလိုက်ရင် ရပါတယ်။


Search program ကို ဖျောက်ခြင်း/ဖော်ခြင်း


အကြောင်းအမျိုးမျိုးကြောင့် Search program ကို ဖျောက်ချင်/ ဖော်ချင်ရင်
Search program ကို ပြန်ဖော်ဖို့က
Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင်
Administrative Templates >> Start Menu and Taskbar ကို ကလစ်နှိပ်ပါ။ ပြီးရင် ညာဘက်အကွက်ထဲက
Remove Search menu from Start Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေှးပြီး apply >> ok ဆိုရင် ရပါပီ။
Search program ကို ဖျောက်ထားချင်ရင်တော့ Enabled ကိုရွေှးပေးရင် ရပါတယ်။




Desktop Background ကို ပြောင်းလို့မရအောင်/ ပြောင်းလို့ရချင်ရင်


အကြောင်းအမျိုးမျိုးကြောင့် Desktop Background ကိုမပြောင်းစေချင်ရင်
ကိုယ့်အမြဲထားချင်တဲ့ ပုံကို အရင်ပြောင်းထားပါ။ ပြီးရင်
Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင်
Administrative Templates >> Desktop >> Active Desktop ကိုကလစ်နှိပ်ပါ။ ပြီးရင် ညာဘက်အကွက်ထဲက
Active Desktop Wallpaper ကို ကလစ်နှိပ်ပြီး Enabled ကိုရွေှးပြီး Wallpaper Name ဆိုတဲ့ နေရာမှာ အခုခု
ရိုက်ထည့်ပါ။ ဥပမာ၊ ၊ အစက် တစက်ဖြစ်ဖြစ်
ပြီးရင် apply >> ok ဆိုရင် Desktop background ကိုတခြားပုံပြောင်းလို့မရတော့ပါဘူး။
ပြန်ပြီး ပြောင်းလို့ရချင်ရင် Not configured ကိုပြန်ရွေှးပေးပါ။



Registry ကို ဖျောက်ခြင်း/ ဖော်ခြင်း


Virus ကိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် registry ကို ပြန်ဖော်ချင်/ဖျောက်ထားချင်ရင်
Registry ကို ပြန်ဖော်ခြင်း
Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင်
Administrative Templates >> System ကိုကလစ်နှိပ်ပါ။ ပြီးရင် ညာလက် အကွက်ထဲက
Prevent access to registry editing tools ကို ကလစ်နှိပ်ပြီး Disabled ကိုရွေှးပြီး။ apply >> ok ဆိုရင် ရပါပီ။
ဖျောက်ထားချင်ရင်တော့ enabled ကိုရွေှးပေးပါ။



Run Box ကို ဖျောက်ခြင်း/ ဖော်ခြင်း


အကြောင်းအမျိုးမျိုးကြောင့် Run Box ကို ဖျောက်ထားချင်/ဖော်ချင်ရင်


Run Box ကို ပြန်ဖော်ခြင်း



အဟဲ ဒီ တစ်ခါတော့ run box မှာ group policy ကိုရိုက်မရတော့ဘူး။ Window+R နှိပ်လည်းမရတော့ဘူး။
Run Box ကဖျောက်ထားတာကိုး။ ဒီလိုသွားရအောင်
My Computer >> Drive (C) >>WINDOWS >> system32 >> gpedit.msc ဆိုတာကိုတွေ့အောင်ရှာပြီးဖွင့်ပါ။
ပြီးရင်တော့
Administrative Templates >> Start Menu and Taskbar ကိုကလစ်နှိပ်ပြီး။ ပြီးရင် ညာလက် အကွက်ထဲက
Remove Run menu from Start Menu ကိုကလစ်နှိပ်ပြီး။ Disabled ကိုရွေှးပြီး apply >> ok ဆို ပြန်ပေါ်လာပါတယ်။Run Box ကိုဖျောက်ထားချင်ရင်က enabled ကိုရွေှးပေးရပါတယ်။


အဆင်ပြေပါစေဗျာ။ source : www.sawsan23.com

Random Quote

—