Skip to main content

sawsan Run Box ကနေ အားလုံးကို အမြန်ဖွင့်လို့ရပါတယ်

run box ကနေ Drive တစ်ခုချင်းကို အမြန်ဖွင့်ချင်ရင်
ဖွင့်ချင်တဲ့ drive ကို r-click >> Create shortcut >> yes အဲ့ဒါဆိုရင် Desktop ပေါ်မှာ အဲ့ drive ရဲ့ shortcut
ရောက်သွားမယ်။
အဲ့ဒီ desktop ရောက်သွားတဲ့ shortcut ကို r-click >> Cut နဲ့ ယူပြီး My Computer >> Drive (C) >> WINDOWS ဆိုတဲ့ folder ထဲမှာ r-click >> paste လုပ်ပါ။ ပြီးရင် အဲ့ shortcut ကို Run Box ကနေ အမြန်ဖွင့်ချင်တဲ့ rename ပြောင်းပေးပါ။ ဥပမာ။ ။
drive (D) ဆို d လို့ပေးလိုက်ပါ။
အဲ့ဒါဆို run box မှာ d လို့ရိုက်ပြီး enter ရိုက်လိုက်ရင် Drive (D) ကိုအမြန်ရောက်သွားပါမယ်။
ကျနော်တို့ အမြဲသုံးလေ့ရှိတဲ့ Folder တွေ၊ ဖိုင်တွေ၊ program တွေကို လည်း run box ကနေ အမြန်ခေါ်ဖွင့်လို့ရပါတယ်။
Drive တွေလိုပါပဲ Run Box ကနေ အမြန်ဖွင့်ချင်တဲ့ Folder တွေ၊ ဖိုင်တွေ၊ program တွေရဲ့ shortcut ကိုယူပြီး Drive (C) ထဲက WINDOWS Folder ထဲကိုထည့်ပြီး သင့်လျော်တဲ့ name တစ်ခုခုပေးပြီး အဲ့ဖိုင် name ကို Run Box မှာ ရိုက်ပြီး Run Box ကနေ ဖွင့်လို့ရပါတယ်။ WINDOWS Folder ကို Drive (C) ထဲမှာလို့ အဓိကထားပြီးပြောသွားတာက အများအားဖြင့် အသုံးပြုထားတဲ့နေရာမို့ပါ။ Window system ကို တင်ထားတဲ့ Drive ထဲက WINDOWS Folder ထဲကို shortcut ကိုထည့်ပြီး သုံးရင် ရပါတယ်။
source : www.sawsan23.com

Random Quote

—