Skip to main content

sawsan CON ဖိုင်တည်ဆောက်ခြင်း၊ File name ဖျတ်ခြင်း၊ Folder & File ဖျောက်ခြင်း (Not Hidden Method)

တကယ်က ဒီ Blog ကို title ၃ ခုနဲ့ Blog တစ်ခုခြင်းဆီ ရေးပြီးတင်မလို့၊ ဒါပေသိ Blog တစ်ခုခြင်းဆီက လုပ်ဆောင်ပုံခြင်း တူညီတာရယ် အကြောင်းအရာက တိုတာရယ်ကြောင့် ၃ ခုပေါင်းလိုက်ရတာ။
ပထမ တစ်ခုအကြောင်းအရင်ပြောပြမယ် ...
CON ဖိုင်တည်ဆောက်ခြင်း . . .
ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေကို con ဆိုတဲ့ File name ပေးပြီး အလွယ်တည်ဆောက်လို့ မရဘူးဗျ၊
မယုံဘူးလား? ပေးကြည့်ပါဦး File name ကို con လို့ .. မရဘူးဟုတ်?
ဒီလိုလုပ်မှ ရတယ် File rename မှာ con ကိုအရင်ရိုက်ပြီး Alt+0160 >> Enter ဆိုရင်တော့ con ဖိုင်တည်ဆောက်လို့ရပါပီ။
Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။
File name ဖျတ်ခြင်း . . .
ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေမှာ File name ကို ဖျတ်ပြီး ဘာမှ မပေးပဲ အလွယ်တည်ဆောက်လို့
မရဘူးဗျ၊ ဒီလိုလုပ်မှ ရတယ်
အရင်ဆုံး File name ကို ကုန်အောင်ဖျတ်ပြီး Alt+0160 >> Enter ဆိုရင်တော့
File name ကို ဘာမှ မပေးပဲထားလို့ရပါပီဗျာ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။
ဆောနရေးလိုက်တဲ့ con ဖိုင်တည်ဆောက်တာနဲ့ လုပ်ဆောင်ချက်က တူနေတယ်ဟုတ်?
အပေါ်မှာပြောခဲ့ပါတယ်။ ၃ ခုလုံးက လုပ်ဆောင်ရမယ့် ပုံစံတူပါတယ်လို့၊
နောက်ဆုံး တစ်ခုက
Folder & File ဖျောက်ခြင်း (Not Hidden Method) . . .
ခေါင်းစဉ်ကမှ ရှည်ပါတယ်ဆို (Not Hidden Mehtod) လို့ ထည့်လိုက်ရတာက
သာမန် ဖိုင်တွေ၊ Folder တွေကို ဖျောက်တဲ့အတိုင်း Hidden ပေးပြီး Do not show
လုပ်တာထင်နေမှာဆိုးလို့၊ အခုနည်းက မတူဘူး အဲ့ဒါကြောင့် ...
အရင်ဆုံး ဖျောက်ထားချင်တဲ့ Folder ကို အပေါ်မှာ ရေးခဲ့တဲ့ File name ဖျတ်ခြင်းအတိုင်း
Folder name ကို ဖျတ်ထားရမှာ။ ရမယ်ဟုတ်?
ပြီးရင် အဲ့ Folder ပေါ်မှာ Right Click >> Properties >> Customize tab မှ Change Icon နှိပ်ပြီး


 


ပုံမှာ အနီနဲ့ ဝိုင်းထားတဲ့ အောက်က Scroll bar ကို ညာဘက်နည်းနည်းရွှေ့ပြီး ပုံမှာ အနီနဲ့
ဝိုင်းပြထားတဲ့အတိုင်း နေရာလွတ် တစ်ခုခုကို ရွေှးပြီး OK >> OK ဆိုရင်.. Folder လေးက ပျောက်သွားပါပီ။ အဲ့ Folder လေးကို ပြန်ဖော်ကြည့်လို့ရမယ့် လမ်းစလေးတော့ရှိတယ်
အဲ့ Folder ရှိတဲ့နေရာမှာ Ctrl+A ဒါမှ မဟုတ် Select All လုပ်လိုက်ရင် File name ဖျောက်ထားတဲ့ နေရာလေးမှာ Select ပေးမိထားတာလေးတွေ့ရမယ် သေးသေးလေးပေါ်တာနော် သေချာကြည့်မှ
တွေ့ရတာ၊ အဲ့ကနေ Folder ကို ကလစ်နှိပ်ပြီး ဖွင့်ကြည့်လို့ရပါတယ်။ ဖျောက်ချင်တဲ့ File တွေကိုလည်း အဲ့ Folder ထဲကို ထည့်လိုက်ရင် အလိုလို ဖျောက်ပြီးသားဖြစ်မှာပါ။
အဆင်ပြေပါစေဗျာ . . .
မေ့နေတာ တစ်ခုပြောဖို့ ဒီ Blog က ကျနော့ ဘာသာရေးတာဆိုပေမယ့် ကျနော့ အရင်
အကိုတွေရေးထားတာတွေ တွေ့မိတယ်၊ နိုင်ငံခြားက webpage ၂ခုလောက်မှာလည်း တွေ့ဖူးတယ်၊ ဖတ်ထားတာလည်း ၂နှစ်ကျော်ပီ၊ Ref: လုပ်ရရင်လည်း အများကြီးဆိုတော့ ကျနော် မှတ်မိတဲ့ မြန်မာ website တစ်ခုကိုပဲ Ref: လုပ်တော့မယ်။ mz ပဲ၊ ဟုတ်တယ် mz မှာ ဒီအကြောင်းကို ဆွေးနွေးထားတာ တွေ့ဖူးတယ်။ mz ဆိုတာ www.mysteryzillion.org ကိုပြောတာနော်၊ ဒီ Blog ကို မရေးတော့ဘူးလို့ထားပေမယ့် မသိသေးတဲ့ သူတွေရှိဦးမှာပါလေဆိုပြီး
ရေးပေးလိုက်တာပါ။ နည်းပညာအရ ခက်ခက်ခဲခဲ မလုပ်ရပေမယ့် လွယ်လွယ်လေးနဲ့
ခက်တယ်ဆိုတာထဲမှာ ဒီနည်းပညာလေးလည်း ပါတယ်၊ ကျနော်ဆို ဒီ နည်းပညာလေးနဲ့

သူငယ်ချင်းတွေကို "con ဖိုင် လုပ်ပြ၊ လက်ဖတ်ရည်တိုက်ကြေး"ဆိုပြီး ညာညာ သောက်နေတာ ဟီး။
လုပ်ကြည့်ဦးနော့ လက်ဖတ်ရည် သောက်ရရင် အနော့လည်း တိုက်ဦး ;) . . .source : www.sawsan23.com

Random Quote

—