Skip to main content

sawsan vbs ဖြင့် Message Box တစ်ခုလုပ်နည်း

ဒီလိုဗျာ ကျနော်တို့ တစ်ယောက်ယောက်ကို ပြောချင်တဲ့ စကားလေးတွေကို
Visual Basic Script နဲ့ notepad ထဲမှာရေးပြီး Message Box ပုံစံလေးနဲ့
Program ဖိုင်လေးတစ်ခု ဖန်တီးပြီး ပြောကြည့်ချင်ရင်လေ
notepad ထဲမှာ ဒီလိုလေးရေးရမှာ..

msgbox "ဒီနေရာမှာ ကြိုက်ရာရေး"
msgbox "ဒီနေရာမှာ ကြိုက်ရာရေး"
msgbox "ဒီနေရာမှာ ကြိုက်ရာရေး"
msgbox "ဒီနေရာမှာ ကြိုက်ရာရေး"
msgbox "ဒီနေရာမှာ ကြိုက်ရာရေး"

အဲ့လိုမျိုး စာကြောင်းလေးတွေ စိတ်ကြိုက်ရေးပြီးတော့
အဲ့ notepad ဖိုင်ကို ဒီလိုလေး save ရမှာ..
file name.vbs အဲ့လိုမျိုး file name နောက်မှာ .vbs လို့ထည့်ပြီး
Encoding: မှာတော့ Unicode ကိုရွေှးပေးပြီး save လိုက်ရင်ရပါပီ။

message box မှာ မြန်မာလို့ရေးထားတာ ပေါ်ဖို့က
ကွန်ပျုတာမှာ ဒီလိုလေးပြင်ထားရမှာ..
Desktop ပေါ်မှာ R-Click >> Properties >> Appearance tab မှ Advanced ကိုနှိပ်ပြီး



ပုံမှာ ပြထားတဲ့အတိုင်း Item: မှာ Message Box ကိုရွေှးပြီး Font: မှာ Zawgyi-One ကိုရွေှးပေးပြီး Ok >> OK ကိုနှိပ်ပြီးရင်
ရေးထားတဲ့ vbs program ဖိုင်လေးကို run ကြည့်လိုက်ရင် မြန်မာလို မြင်ရပါပီ၊
ဒီလိုလေးပါဗျ..



နမူနာအနေနဲ့ ကျနော်ရေးထားတဲ့ vbs ဖိုင်လေးကို ယူပြီး run ကြည့်ချင်ရင် ဒီမှာ ယူပါ

Down Load (File Size =2.73KB ) >> talking%20program.vbs
လုပ်ကြည့်ပါဦးနော် အဆင်ပြေပါစေ
အဆင်မပြေရင်လည်း ပြောပါဗျ..
source : www.sawsan23.com

Random Quote

—