Skip to main content

sawsan AutorunKiller & ResHacker

AutorunKiller ဆိုတာ ကွန်ပျုတာမှာ memory stick တွေ၊ CD ခွေတွေ စတဲ့ memory ပါတဲ့ hardware တစ်ခုခု တပ်လိုက်တဲ့အခါ autorun တာကို တားပေးတဲ့ program ပါ။ ကျနော်ကတော့ သုံးထားတယ်။ ဘာလို့လဲဆိုတော့ virus တော်တော်များများက Autorun.inf အကူအညီနဲ့ run ကျတာများတယ်။ ဒါကြောင့် ဒါလေးကိုသုံးထားရင် antivirus မရှိရင်တောင် virus ကို auto အလုပ်မလုပ်နိုင်အောင် autorunkiller လေးကို တားပေးထားနိုင်တယ်လေ။ ကျနော်ကတော့ ကွန်ပျုတာတိုင်းမှာရှိသင့်တယ်လို့တောင် ဆိုချင်ပါတယ်။

DownLoad (File Size = 51.6 KB) >> https://sites.google.com/site/sawsandiary/AutorunKiller.zip

Resource Hacker ကိုလည်း ကျနော်သုံးဖြစ်ပါတယ်။ ကျနော်သိချင်တဲ့ software တစ်ချို့ရဲ့ exe ဖိုင်တွေကို ဖြည်ပြီး ဖတ်ကြည့်တဲ့အခါ သုံးတယ်။ software က open source source ဆိုရင် ကိုယ်ပြင်ချင်တဲ့နေရာလေးတွေ ခက်တည်တည်နဲ့ပြင်ကြည့်လို့ရတာကိုး..ကျနော်ကတော့ သဘောကျတယ်။ နောက်မှ အချိန်ရရင် ကျနော်သုံးတဲ့ပုံစံကို သေချာရေးပေးမယ်။

အခုတော့ကိုယ်ပါနဲ့ကို ဘာလိုနေရာတွေမှာ အသုံးချလို့ရတယ်ဆိုတာ စမ်းသပ်သုံးကြည့်ပါဦးနော်..

DownLoad (File Size = 414 KB) >> https://sites.google.com/site/sawsandiary/ResHacker.zip

source : www.sawsan23.com

Random Quote

—