Skip to main content

sawsan မြော်မြင်စဉ်းစား ပညာစကား

Charles Dickens (ချားလ်စ် ဒစ်ကင်းစ်)



>> No one is useless in this world who lightens the burden of it to anyone else.
>> ကိုယ့်ရဲ့ဝန်ထုပ်ဝန်ပိုးကို အခြားသူအတွက် ပေါ့ပါးစေတဲ့ သူဟာ ကမ္ဘာပေါ်မှာ အသုံးမဝင်တဲ့လူ၊ အသုံးမကျတဲ့လူ မဟုတ်ဘူး။
(ကိုယ့်အတွက် ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကိုယ့်တာဝန်ကိုယ်သိပြီး ကိုယ့်အလုပ် ကိုယ်လုပ်တဲ့လူဟာ အသုံးဝင်တန်ဖိုးရှိတဲ့
လူသားဖြစ်တယ်ဟုဆိုလို)



>> It is in the nature of things that man cannot really improve himself without in some degree improving other men.
>> လူသားတစ်ဦးဟာ (ပတ်ဝန်းကျင်မှာ ရှိတဲ့)အခြားသူတွေကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် လုပ်မပေးဘဲနဲ့.. ကိုယ့်ကိုကိုယ် တကယ်တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး.. ဆိုတာ သဘာဝပါပဲ။

 



>> A loving heart is the truest wesdom.
>> ချစ်ခင်မြတ်နိုး သစ္စာစောင့်သိတက်တဲ့ စိတ်နှလုံးဟာ၊ အစစ်မှန်ဆုံး အမှန်ကန်ဆုံး အမြော်အမြင် ဖြစ်တယ်။



>> We need never be ashamed of our tears, for they are rain upon the blinding dust of earth, overlying our hard hearts.
>> မျက်ရည်ကျတာ ငိုကြေွးရတာကို ဘယ်တော့မှ ရှက်ဖို့ မလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီ မျက်ရည်စက်ကလေးတွေဟာ တို့ရဲ့ မာကျောခကထန်နေတဲ့ နှလုံးသားပေါ်မှာ တည်ရှိနေပြီး မမြင်နိုင်တဲ့ (သောက)မြူမှုန်တွေကို ဖယ်ရှားပေးတဲ့ မိုးရေစက်ကလေးတွေ ဖြစ်နေလို့ပါပဲ။



>> Reflect upon your present blessings, not on your past misfortunes.
>> လက်ရှိဘဝမှာ ဖြစ်ပေါ်နေတဲ့ စိတ်ချမ်းမြေ့စရာတွေကို ပေါ်လွင်အောင် ရုပ်လုံးဖေါ်ပါ။ အတိတ်က ကံမကောင်းခဲ့တာတွေကို ပြန်မတွေးပါနဲ့။

------------------------------------------------------------------------------------------------------

Edgar Allan Poe ( အက်ဂါအယ်လန်ပိုး)



>> Unthought-like thoughts are the souls of thought.
>> လုံးဝ မထင်မှတ် မစဉ်းစားဘဲ ပေါ်လာတဲ့ အတွေးတွေဟာ စိတ်ကူးအကြံအစည်တွေရဲ့ မဏ္႑ိုင်ဖြစ်တယ်။



>> Years of love have been forgotten in the hatred of a minute.
>> နှစ်ပေါင်းများစွာ ချစ်လာခဲ့ကြတဲ့ အချစ်ကို မုန်းသွားတဲ့ တဒင်္ဂ(တစ်မိနစ်)မှာ မေ့ပစ်လိုက်ကြတော့တာပါပဲ။ (ချစ်တယ်ဆိုတာ
မမုန်းခင်ချစ်ကြတာပါ ဟုတ်ဆိုလို)



>> Man's real life is happy, chiefly because he is ever expecting that it soon will be so.
>> လူသားရဲ့ တကယ့်စစ်မှန်တဲ့ ဘဝဆိုတာ စိတ်ချမ်းသာ ပျော်ရွှင်မှုပါပဲ၊ အဓိကအကြောင်းကတော့ (လောလော ဆယ်ဘယ်လောက်ပဲ
စိတ်ဆင်းရဲ စိတ်ဆင်းရဲ) မကြာမီကာလမှာ စိတ်ချမ်းသာစရာတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ လူသားက အမြဲတမ်းမျှော်လင့်တောင့်တနေလို့ပါပဲ။

-------------------------------------------------------------------------------------------

Bacon (ဗေကင်)



>> In reading we hold converse with the wise, in the business of life,generally with the foolish.
>> စာပေကို ဖတ်ရှုလေ့လာနေတဲ့ အခိုက်အခါမှာတော့ တို့ဟာ ပညာရှိ သူတော်ကောင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ရပါတယ်။ မိမိဘဝအတွက် စီးပွားရှာ အရောင်းအဝယ်ပြုတဲ့အခိုက်အခါမှာတော့ အသိတရား မရှိတဲ့၊ ဆင်ခြင် ဉာဏ်ကင်းမဲ့တဲ့ ၊ မိုက်ကန်းတဲ့ လူတွေနဲ့ ဆက်ဆံရပါတယ်။



>> Boldness is ever blind, for it sees not dangers and inconveniences. Therefore, it is ill in counsel, good in execution.
>> ရဲ့ရင့်ခြင်းဆိုတာ အန ္တရယ်တွေ၊ အဆင်မပြေမှုတွေကို မမြင်၊ မကြည့်ဘူး။ (လုပ်သင့်တာကို သတ္တိရှိရှိ လုပ်တဲ့အတွက်) ရဲရင့်ခြင်းဟာ
ဘာအခက်အခဲကိုမှ မမြင်တက်ဘူး။ ဒါကြောင့် ရဲရင့်ဖို့ သူတစ်ပါးကို အကြံပေးတာဟာ မကောင်းပါဘူး။ ရဲရဲရင့်ရင့် ကိုယ်တိုင်စီမံဆောင်ရွက်တာကတော့ ကောင်းပါတယ်။



>> If money be not your servant, it will be your master.The covetous man cannot so properly be said to possess wealth, as that may be said to possess him.
>> ငွေကြေးကို အစေအပါးလို မစေခိုင်းနိုင်ရင် ငွေကြေးက သင့်ရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။ (စည်းစိမ်ဥစ္စာကြွယ်ဝပေမယ့်)
လိုချင်တပ်မက်စိတ် ပြင်းပြပြီး လောဘကို အတောမသတ်နိုင်သူဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာကို သူက တကယ်ပိုင်ဆိုင်နေတယ်လို့ မဆိုနိုင်ပါဘူး။ စည်းစိမ်ဥစ္စာက သူ့ရဲ့ ပိုင်ဆိုင်နေတာဖြစ်တယ်လို့ ဆိုရမယ်။

 

 



>> He conquers twice, who upon victory overcomes himself.
>> အောင်မြင်မှုအပေါ်မှာ (ဝင့်ကြွားဂုဏ်ယူမှု မရှိဘဲ) မိမိကိုယ် မိမိအောင်နိုင်သူဟာ အောင်မြင်မှုကို နှစ်ကြိမ်နှစ်ဆ ရရှိသူ ဖြစ်ပါတယ်။

 



>> A man would do wll to carry a pencil in his pocket and write down the thoughts of the moment. Those that come unsought
for are commonly the most valuable and should besecured, because they seldom return.
>> လူတစ်ယောက်ဟာ အိတ်ထဲမှာ ခဲတံကို ထည့်ထားပြီး စိတ်ကူးတွေ အကြံဉာဏ်တွေပေါ်လာရင် ပေါ်လာတဲ့ တဒင်္ဂ
(ချက်ချင်း)ရေးမှတ်ထားရမယ်။ မရှာမဖွေ မတွေးမတောဘဲနဲ့ (ရုတ်တရက်)ပေါ်လာတဲ့ အရာတွေဟာ အများသောအားဖြင့် တန်ဘိုးရှိတကတယ်။ အဲ့ဒီ အရာတွေကို မပျောက်ပျက်အောင် သိမ်းဆည်းမှတ်သားထားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရာတွေဟာ နောက်တစ်ကြိမ်ပြန်လာဖို့ ခဲယဉ်းလို့ပါ။

 

 



>> Reading makes a full man; conference a ready man and writing an exact man.
>> စာပေကို ဖတ်ရူလေ့လာခြင်းက ပြည့်ဝ(ရင့်ကျက်)တဲ့ လူ တစ်ယောက်ဖြစ်လာစေတယ်။ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းက ကျွမ်းကျင်ပြီး (အရာရာကို ရင်ဆိုင်ဖို့)အဆင်သင့်ဖြစ်တဲ့ လူတစ်ယောက် ဖြစ်လာစေတယ်။ စာပေရေးသားပြုစုခြင်းကတော့ တိကျတဲ့ လူတစ်ယောက်ဖြစ်လာစေတယ်။

-------------------------------------------------------------------------------------------------------------

Spinoza (ဆပင်နိုဇာ)



>> Pride is a kind of pleasure produced by a man thinking too well of himself.
>> မာန်မာနဆိုတာ လူတစ်ယောက်က သူ့ကိုယ်သူ သိပ်ဟုတ်လှပြီ မှန်လှပြီ အောင်မြင်လှပြီဆိုပြီး ထင်မြင်တဲ့အထင်တရားကနေ
ထုတ်လုပ်ပေးလိုက်တဲ့ သာယာမှု တစ်မျိုးဖြစ်တယ်။



>> Avarice, ambition, and lust are nothing but species of madness althought not enumerated among diseases.
>> လောဘတရား အာသာငမ်းငမ်းတမ်းတလိုလားမှု အလိုရမ္မက်၊ တပ်မက်မှု ဆိုတာတွေကို အနာရောဂါ စာရင်းထဲမှာ
ထည့်သွင်းရေတွက်မထားပေမယ့် ရူးသွပ်မှု (ရောဂါ)တစ်မျိုးသာ ဖြစ်တယ်။



>> When a man is a prey to this emotions, he is not his master.
>> လူတစ်ယောက်ဟာ အချစ်၊ အမုန်း၊ ဝမ်းနည်း၊ ဝမ်းသာ စတဲ့ သူ့စိတ်ရဲ့ ပြင်းပြတဲ့ ခံစားမှု၊ စိတ်လှုပ်ရှားမှုတို့ရဲ့ သားကောင်ဖြစ်သွားပြီဆိုရင် သူဟာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တဲ့ အကြီးအကဲ အရှင်သခင်တစ်ယောက် မဟုတ်တော့ပါဘူး။

 



>> Sadness diminishes or hinders a man's power of action.
>> ဝမ်းနည်းကြေကွဲမှုဆိုတာ လူတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းအင်ကို လျော့ကျ နှောင့်နှေးစေတဲ့ အရာဖြစ်တယ်။



>> So long as a man imagines that he cannot do this or that so long is he determined not to do it: And consequently, so long it is imposible to him that he should do it.
>> လူတစ်ယောက်ဟာ (ကောင်းမြတ်တဲ့ အလုပ်နဲ့ ပတ်သတ်ပြီး) ဒီဟာ မလုပ်နိုင်ဘူး၊ ဟိုဟာလည်း လုပ်နိုင်မယ် မထင်ဘူး လို့ တွေးထင်နေသမျှ ကာလပတ်လုံး (မကောင်းမြတ်တဲ့အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်း) မလုပ်ဖို့ စိတ်ကို မဆုံးဖြတ်သေးသမျှကာလပတ်လုံး လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်ဖို့ သူ့အတွက် မဖြစ်နိုင်တော့ပါဘူး။

>> ထင်ပေါ်ကျော်ကြား လူသိများမှု နာမည်ကြီးမှု မှာ ဒီချွက်ယွင်းချက် အားနည်းချက်ကြီးတော့ရှိတယ်။ အဲဒါက တို့ဟာ အဲဒီကျော်ကြားမှုရဲ့ နောက်ကို လိုက်မယ်ဆိုရင် (အခြား)လူတွေရဲ့ စိတ်ကြိုက် (အခြား)လူတွေ ကျေနပ်စေဖို့ တို့ ဘဝတွေကို ထိန်းသိမ်း စီစဉ်ဆောင်ရွက်ရမယ့် (ကိုယ့် စိတ်ကြိုက် လုပ်ချင်တာ မလုပ်နိုင်တော့တဲ့) ချွတ်ယွင်းအားနည်းချက်ပါပဲ။

-----------------------------------------------------------------

Descartes (ဒေးကတ်)



>> I think, therefore I am.
>> ကျွန်ုပ်သည် တွေးတောကြံဆတက်၏ ထို့ကြောင့်ပင် ကျွန်ုပ်ဖြစ်တည်လျက်ရှိ၏။

 



>> If when you look into your own heart you find nothing wrong there what is there to worry about, what is there to fear?
>> သင့်ရဲ့အတွင်းစိတ်ဓတ်ကို သေသေချာချာဂရုပြုစစ်ဆေးလိုက်လို့ ဘာအမှားအယွင်းမှ မတွေ့ရဘူးဆိုရင် ဘာများ စိုးရိမ်ပူပန်စရာ ကြောက်ရွံ့စရာရှိဦးမှာလဲ ..?



>> I have yet to meet a man as fond of high moral conduct as he is of outward appearances.
>> မိမိရဲ့ အပေါ်ယံရုပ်သွင်ကို နှစ်သက်သဘောကျလိုလားသလောက်.. မိမိရဲ့ အတွင်းစိတ် မြင့်မားတဲ့ ကိုယ်ကျင့်တရား၊ အပြုအမူ အနေအထိုင်တွေကို နှစ်သက်လိုလားတဲ့ လူမျိုးကိုသာ တွေ့ဆုံလိုက်ချင်ပါတယ်။



>> Look at the means which a man employs, consider his motives, observe his pleasures. A man simply cannot conceal himself!
>> လူတစ်ယောက် အသုံးပြုနေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ချက်တွေကို ကြည့်ပါ။ သူ့ရဲ့ရည်ရွယ်ချက် အကြောင်းပြချက်တွေကို စဉ်းစားဆင်ခြင်ပါ။ သူ့ရဲ့ ပျော်ရွှင်သာယာမှု လောကီအာရုံ ကာမဂုဏ်ခံစားမှုတွေကို သတိထားပြီး ဂရုတစိုက် စောင့်ကြည့်ပါ။ အဲ့ဒီလိုသာလုပ်ရင် အဲဒီလူဟာ သူ့ကိုယ်သူ အကြွမ်းမဲ့ ဖုံးကွယ် ထိန်ချန်လို့ မရနိုင်ပါဘူး။

 



>> The wise man is informed is what is right. The inferior man is informed in what will pay.
>> ဉာဏ်ပညာအမြော်အမြင်ရှိသူကို အမှန်တရားဟာ ဘာလဲဆိုတာ အကြောင်းကြားအသိပေးပါ။ အရည်အချင်းမရှိ ညံဖျင်းသူကိုတော့ ဘာကိုပေးမယ်ဆိုတာ အကြောင်းကြား အသိပေးပါ။

 

---------------------------------------------------------------------------------------------------

Byron (ဗိုင်ရွန်)



>> Adversity is the path to truth.
>> ကံဆိုးမှု၊ ဆင်းရဲဒုက္ခရောက်မှုတွေက အမှန်တရားသို့ ရောက်ဖို့ ဦးတည်ရာလမ်းကြောင်းဖြစ်တယ်။ (မိမိဆင်းရဲ ဒုက္ခရောက်နေချိန်မှာမှ ဘယ်သူက စစ်မှန်တယ် မစစ်မှန်ဘူး၊ မေတ္တာထားတယ် မထားဘူးဆိုတဲ့ အမှန်တရားကို ရရှိနိုင်တယ်ဟု ဆိုလို)

 



>> Hatred is the madness of the heart.
>> အမုန်းရန်ငြိုးဆိုတာ နှလုံးသားရဲ့ ရူးသွပ်မှုပါပဲ။ (မိမိစိတ်ကို ရင့်ကျက်အောင် မလေ့ကျင့်နိုင်မိ (ရူးသွပ်နေချိန်)မှာပဲ အမုန်းရန်ငြိုးတွေ ရှိတယ်။ တရားပြည့်ဝလာတဲ့ ရူးသွပ်မှု ပျောက်ချိန်မှာ အမုန်းရန်ငြိမ်းကို မထားတော့ဘူးဟု ဆိုလို)

<



>> Nothing can confound a wise man more than laughter from a dunce.
>> ပညာရှိတစ်ယောက်အတွက် မိုက်မဲ ထုံထိုင်းသူ တစ်ယောက်ရဲ့ ရယ်မောလှောင်ပြောင် ခံရတာထက် ပိုပြီး အရှက်ရစေတဲ့ အရာ ဘာမှ မရှိပါဘူး။ (ပညာရှိ ဖြစ်နေပြီး မိမိချို့ယွင်းချက်ကြောင့် လူမိုက်က လှောင်ပြောင်တာကို ခံရတာဟာ ရှက်စရာအကောင်းဆုံးပဲ ဟုဆိုလို)

 



>> He who will not reason is a bigot; he who cannot, is a fool; he who dares not, is a slave.
>> အကျိုးအကြောင်းကို (ဆင်ခြင်တွက်ဆ တက်လျက်သားနဲ့)မဆင်ခြင် မတွက်ဆတဲ့သူစာ တစ်ယူသန် တစ်ဇွတ်ထိုးသမားဖြစ်တယ်။ မဆင်ခြင် မတွက်ဆတက်တဲ့သူဟာ လူနုံ လူအ ဖြစ်တယ်။ စဉ်းစားဆင်ခြင်မှု ပြုဖို့ကို လုပ်တောင်မလုပ်ရဲတဲ့သူကတော့ သူများပြုသမျှ နုရတဲ့ ဩဇာခံအစေအပါးဖြစ်တယ်။

ဒါလေးတွေက ကျနော် ဟိုတုန်းက ဖတ်ခဲ့တဲ့ ဆရာဦးသိန်းလွင် ဘာသာပြန်ထားတဲ့ "မြော်မြင်စဉ်းစား ပညာစကား"ဆိုတဲ့ စာအုပ်လေးထဲက ကျနော် သဘောကျတဲ့ စာမျက်နာတွေထဲက တစ်ချို့ပါ အဲ့ဒီစာအုပ်ထဲကပဲ နောက်ထပ် ကျနော်ပေးချင်တာလေးတွေအများကြီးရှိသေးတယ်။ အချိန်ရရင် ထပ်တင်ပေးဦးမယ်။ ဒီစာလေးတွေမှာ သရုပ်ဖေါ်ပုံလေးတွေ ဆွဲပေးတဲ့ ဆရာအော်ပီကျယ်၊ ဆရာ စောမင်းဝေ၊ ဆရာ ကိုဆန်းတို့ကိုလည်း ဆရာဥဲီးသိန်းလွင်နဲ့ ထပ်တူ ကျေးဇူးတင်ရင်း လေးစားမိပါတယ်။ ဒါကြောင့် ဒါလေးတွေကို အချိန်ပေးပြီး လုပ်ဖြစ်သွားပါတယ်။ နောက်ထပ် ပုံပေါင်း ၆ဝ လောက်နဲ့ ပညာရှိတွေရဲ့ စကားလေးတွေဖေါ်ပြဖို့ ကျန်ပါသေးတယ်။ ကျန်တာတွေကိုတော့ အလုပ်အားတဲ့အခါ ဆက်တင်ပေးပါဦးမယ်။
source : www.sawsan23.com

Random Quote

—