Skip to main content

sawsan တိုးတက်ယောင်လူငယ်

မိဘတွေဆိုတာကတော့ သူတို့သားသမီးတွေအတွက် ယခုရော နောင်အနာဂါတ်အတွက်ပါ အကောင်းဆုံးကို သူတို့ လိုချင်ကြတယ်။
မပြင်မဆင်ဖြစ်မှာဆိုးလို့ အနာဂါတ်အတွက် အသင့်မဖြစ်မှာစိုးလို့ ကောင်းနိုးရာရာတွေ တပ်ဆင်ပေးဖို့ (သူတို့အတွေ့အကြုံအရ လုပ်ကြတယ်။ ဒါပေမယ့် မိဘတွေက "တွန်း" ကြလို့ကလေးတွေတကယ်တမ်းရသွားပါသလား?
ကလေးတွေမှာ ကြားညပ်သွားတယ်။ မိဘတွေ၊ ဆရာတွေနဲ့ တခြားလူကြီးတွေ သဘောကျလုပ်ပေးချင်တဲ့ စိတ်နဲ့ "သူတို့ဟာ သူတို့ ဖြစ်ချင်တဲ့ စိတ်"
"သူတို့ကြိုက်တာလုပ်ချင်တဲ့ စိတ်" နှစ်ခုကြားမှာ ကလေးတွေ ကြားညပ်သွားတာပါ။
အသိအမှတ်ပြုခံချင်တဲ့ လိုအင်က ကလေးတိုင်းမှာ တော်တော်ကောင်းတဲ့ လှုံ့ဆော်မှုဆိုတော့ လူကြီးတွေတောင်းဆိုမှုကို လေးခမျာ လိုက်လျောရှာတာပါပဲ။ အဲ့ဒီကလေးရဲ့ ဖွံ့ဖြိုးမှုကျတော့ အမှန်တကယ်ဖွံ့ဖြိုးမှုမဟုတ်တဲ့ ဖွံ့ဖြိုးမှုယောင် ဖွံ့ဖြိုးမှုတုပဲ ဖြစ်လာတယ်။ ဒါနဲ့ပဲ လူကြီးတွေရဲ့ ထိန်းချုပ်မှု ကြိုးအောက်မှာ ခံနေရတဲ့ ရုပ်သေးရုပ် ပုံစံ လူသတ္တဝါလေး ဖြစ်ရတယ်။ အဲ့ဒါ ကလေးတိုင်းတော့ မဟုတ်ပါဘူး။ မိဘ၊ ဆရာ၊ လူကြီးတွေရဲ့ လိုအင်တွေ မျှော်လင့်ချက်တွေကို မလိုက်လျောနိုင်တဲ့ ကလေးတွေလည်းရှိတယ်။
အဲ့ဒီ ကလေးတွေကိုတော့ လူကြီးတွေက..
အပြုအမူဆိုင်ရာ၊ စိတ်ဓတ်ပိုင်းဆိုင်ရာမှာ လိုသေးတဲ့ ကလေးတွေ၊ လွဲနေတဲ့ ကလေးတွေလို့ အမည်တပ် သတ်မှတ်လိုက်ကြတယ်။
လူကြီးတွေက နေရာတကာမှာ သူတို့နဲ့တူတဲ့ သူတို့ကြိုးဆွဲရာ တစ်သွေမတိမ်းလုပ်တဲ့ ရုပ်သေးကလေးတွေကို သဘောကျတယ် မျက်နာသာပေးတယ် ကျေနပ်လေ့ရှိတယ်။
တွန်းခြင်းနဲ့ ပျိုးထောင်ခြင်းမှာ သိသာတဲ့ ခြားနားချက်တစ်ခုရှိပါတယ်။
တွန်းခြင်းက လူကြီးတွေရဲ့လိုအင်ဆန္ဒအပေါ်မှာ အခြေခံတာပါ။
ပျိုးထောင်ခြင်းက ကလေးတွေရဲ့ အရည်အချင်း၊ လိုအင်၊ ဆန္ဒအပေါ်မှာ အခြေခံတာပါ။
အလွန်အကျွံတွန်းခံရတဲ့ကလေးဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားလေ့ရှိတယ်။ လွယ်လွယ်ပြန်မကောင်းပါဘူး။
ကိုယ့်ကိုကိုယ်မုန်းလာပြီး အဲ့ဒီ အမုန်းဟာ ပုံသဏ္႑ာန်အမျိုးအမျိုးနဲ့ ထွက်လာပါတယ်။
ဝမ်းနည်းစရာအကောင်းဆုံးက အဲ့ဒီတွန်းတဲ့ မိဘတွေ၊ လူကြီးတွေ ကိုယ်တိုင်က အပြစ်ပေးခြင်းဖြစ်ပါတယ်။ အဲ့ဒီ အတွက် ရလာမည့် နှစ်ဦး နှစ်ဖက် အကျိုးဆက်က အနုတ်လက္ခဏာတွေ ကြုံတွေ့ရမှာ သေချာသလောက်ပါပဲ။

ရေးသားသူ.. ဒေါက်တာ အက်ဒဝပ်ရွိုင်း ၊ ကရစ်ရှနန် ၊ စိတ်ပညာကထိက၊ အမေရိကန် စိတ်ပညာ အသင်းဝင်

ဒီစာလေးတွေက ကျနော် ကျောင်းပြီးခါစ စာအုပ်ဖတ်ချိန်ကောင်းကောင်းရတုန်းက ဖတ်ခဲ့တဲ့ အတွေးအမြင်ဆိုတဲ့ စာအုပ်လေးထဲကဖြစ်မယ်။
ဘာရယ်မဟုတ်ဘူး နှစ်သက်လို့ လက်ရေးနဲ့ ကျနော့် မှတ်စုလေးထဲမှာ ကူးထားတာ။ ၅ နှစ်လောက်တောင်ရှိရော့မယ်။
အခု webpage ပေါ်ကို မျှဝေလိုက်တာပါ။ အခု အဲ့စာကို ဖတ်ပြီး ၅ နှစ်လောက်ရှိတော့ ကျနော့အတွေ့အကြုံရတော့ ဒီစာတွေက တော်မှန်တာတွေ့ရတယ်။ မိဘ၊ ဆရာ၊ လူကြီး အားလုံးနဲ့၊ လူငယ် အားလုံးအတွက်တော့ အမှန်နိုင်ဘူးပေါ့။ တစ်ချို့ကျလည်း ဦးတည်ချက် ရည်ရွယ်ချက် မဲ့နေလို့ မိဘ၊ ဆရာ၊ လူကြီးတွေက တွန်းလိုက်လို့ လမ်းတည့်သွားတာ အဆင်ပြေသွားတာလေးတွေလည်းတွေ့ရတယ်။ တစ်ချို့ကျတည်း ဒေါတာ အက်ဒဝမ်ရွိုင်း ရေးသလို ဖြစ်နေတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်မှတ်သားထားရကျိုးနပ်ပါတယ်။ ကိုယ်ကိုတိုင် ဆင်ခြင်နိုင်ပြီး နီးစပ်ရာ ပတ်ဝန်းကျင်ကိုလည်း ကိုယ်သိသလောက်ပြောပြရင်း မျှဝေကူညီနိုင်တာပေါ့လေ။ စာဖတ်သူအတွက်လည်း အသိတစ်ခုခု ရရှိတယ်ဆိုရင် ဝမ်းသာနေမှာပါ။ အားလုံး အဆင်ပြေအောင် ကြိုးစားနိုင်ကြပါစေ..
source : www.sawsan23.com

Random Quote

—