Skip to main content

sawsan Google တစ်ခုလုံး စိတ်ကြိုက်သုံး

ဒီလိုဗျာ google က အသုံးချဖို့ပေးထားတဲ့ ဝန်ဆောင်မှုတွေထဲက ကျနော်သုံးဖြစ်တဲ့ google ရဲ့ အသုံးချလို့ရတဲ့ နေရာလေးတွေကို ပြောပြပြီး တစ်ခုခြင်းရဲ့ အသုံးဝင်ပုံလေးတွေကို ရေးသွားမှာပါ။



အခုပြထားတဲ့ ပုံက google က အသုံးချဖို့ ဝန်ဆောင်မှုပေးထားတဲ့ထဲက ကျနော်အသုံးချထားတဲ့ နေရာတစ်ချို့ပါ။
google ရဲ့ ဝန်ဆောင်မှုပေးထားတာတွေထဲက ကျနော်အများဆုံးအသုံးပြုဖြစ်တဲ့နေရာလေးတွေကို ပြောပြပါမယ်။

1. http://www.sites.google.com/
ဒီမှာ gmail အကောင့်နဲ့ sigin ဝင်ပြီး နေရာတစ်ခုတည်ဆောက်တယ်။ ပြီးတော့ ကျနော်ပေးချင်တဲ့ software လေးတွေကို အဲ့မှာ တင်ပေးဖြစ်တယ်။

2. http://code.google.com/
ဒီမှာ gmail အကောင့်နဲ့ sigin ဝင်ပြီး နေရာတစ်ခုတည်ဆောက်တယ်။ ပြီးတော့ ကျနော် hosting တင်ဖို့လိုအပ်တဲ့ js ဖိုင်တွေကို တင်တဲ့အခါ သုံးတယ်။

3. https://docs.google.com
ဒီမှာ gmail အကောင့်နဲ့ sigin ဝင်ပြီး နေရာတစ်ခုတည်ဆောက်တယ်။ ပြီးတော့ hosting အတွက်ပဲ အသုံးချဖြစ်တယ်။ doc ,pdf, စတဲ့ ဖိုင်လေးတွေ တင်ဖို့လိုတဲ့အခါ သုံးတယ်။

4. http://picasaweb.google.com/
ဒီမှာ gmail အကောင့်နဲ့ sigin ဝင်ပြီး web albums တစ်ခုတည်ဆောက်တယ်။ ပြီးတော့ blog အတွက်ဖြစ်ဖြစ်၊ ကျနော်ပုံတွေပဲဖြစ်ဖြစ် တင်ဖို့ hosting အတွက်ပဲ အသုံးချဖြစ်တယ်။ အရင်က ရုံးမှာ ဒီ site ကိုသုံးရတာအဆင်ပြေသေးတယ် ပိတ်မထားသေးဘူး၊ အခုကျော်သုံးမှ ရတယ်။ :(

5. http://www.google.com/reader/
ဒီမှာ gmail အကောင့်နဲ့ sigin ဝင်ပြီး။ ကျနော်အမြဲဖက်ချင်တဲ့ site တွေရဲ့ rss တွေကို add ထားပြီးစာဖက်တယ်။ ပြီးတော့ member လည်း မဝင်ချင် sigin လည်းမဝင်ချင်တဲ့ တစ်ချို့ social network တွေရဲ့ rss တွေကို ယူပြီး reader ကနေစာဖက်တယ်။

6. http://blogger.com/
ဒီမှာလည်း gmail အကောင့်နဲ့ နေရာတစ်ခုယူပြီး blog လေးတွေရေးပြီး google ရဲ့ blogspot ဆိုတဲ့ web အမျိုးအစားကို လေ့လာဖြစ်တယ်။ ဟိုတုန်းကလေ အခုတော့ တခါတစ်ခါမှ ကြည့်ဖြစ်တော့တယ်။

7. http://www.google.com/analytics/
ဒီမှာလည်း google account ကိုသုံးပြီး ကျနော့ website အတွက် google analytics code ကို ထုတ်ယူပြီးကျနော့ site မှာ ထည့်တယ်။ ပြီးတော့ wordpress ရဲ့ plugins တစ်ခုအဖြစ်အသုံးချရတဲ့ yoast analytics plugins ကိုသုံးပြီး အခုတင်တဲ့ blog ကို အခု google ကသိအောင်လုပ်တယ်။
မဆိုးဘူးဗျ blog တင်ပြီး yoast analytics plugins က update ကိုနှိပ်လိုက်တာနဲ့ ၃ မိနစ်လောက်အကြာမှာပဲ google မှာ ဖေါ်ပြပေးတယ်။

8. http://www.google.com/webmasters/
ဒီမှာလည်း google account နဲ့ sigin ဝင်ပြီး ကျနော့ website address ကို ဘယ်နေရာတွေမှာ link ချိတ်ဆက်မှုအများဆုံးလည်းဆိုတာကြည့်တယ်။ ဘယ်လို စကားလုံးတွေကို ရှာပြီးတော့ ရောက်လာတာများလည်းဆိုတာကြည့်တယ်။ နောက် တစ်ယောက်ယောက်က google search engine က data တစ်ခုခုကိုရှာလို့ အဲ့ဒီ data က တခြား site တွေမှာလည်းဆင်တူရှိနေရင်တောင် google search ရဲ့ ပထမစာမျက်နာမှာ ကိုယ့် site က data က တခြား site တွေနဲ့ယှဉ်ရင် ထိပ်ဆုံးမှာရှိနေစေဖို့အတွက်လည်း အထောက်အကူပေးလို့ သုံးဖြစ်တယ်။

9. https://appengine.google.com/
ဒီမှာလည်း google account ကိုသုံးပြီး blogger.com, wordpress.com, youtube.com အပါအဝင် တခြားမြန်မာနိုင်ငံက ပိတ်ထားတဲ့ site တွေကို ကျော်ပြီးသုံးလို့အဆင်ပြေမယ့် ကိုင်ပိုင် proxy တစ်ခုဖန်တီးဖို့အတွက် သုံးကြည့်နေတုန်း အဲ့ဒီ site မှာ application တစ်ခုတည်ဆောက်တဲ့နေရာမှာတင် မြန်မာနိုင်ငံအတွက်အဆင်မပြေဘူး။ freedom နဲ့ကျော်ပြီးလုပ်ကြည့်နေတုန်း မရရင်တော့ တခြားနိုင်ငံတစ်ခုခုက သူငယ်ချင်းကို အကူအညီတောင်းရမယ် :)

10. http://goo.gl/
ဒီမှာလည်း google account လေးနဲ့ပဲ site address ကရှည်လွန်းရင် အတိုချုံးပေးမယ်ဆိုလို့ စမ်းသုံးကြည့်သေးတယ် :)

11. http://www.google.com/a/cpanel/domain/new
ဒီမှာလည်း ကိုယ်ပိုင် mail server တစ်ခု တည်ဆောက်လို့ရတယ်ဆိုတာနဲ့သုံးကြည့်သေးတယ်။ ဒါတော့ အတော်များများသုံးဖြစ်တယ်။
ဒီအတွက်လုပ်နည်းလည်း ကျနော်ရေးပေးဖူးပါတယ်။ ဒီမှာနေရာမှာပါ ...
http://www.edinooyin.com/profiles/blogs/google-apps-email
http://sawsan.freehostingcloud.com/?p=125

12. https://www.google.com/accounts/DisplayUnlockCaptcha
ဒီမှာတော့ gmail အကောင့် locked ကျသွားတဲ့သူတွေကို ကူညီပေးတဲ့အခါ ကျနော်သုံးဖြစ်ပါတယ်။

13. http://www.google.com/talk/service/badge/New
ဒီမှာလည်း google account ကိုသုံးပြီး ကျနော့ webpage ထဲမှာ ကျနော် online မှာရှိ/မရှိဆိုတာကို သိစေပြီး ကျနော်နဲ့ ဆက်သွယ်ချင်ရင် အဆင်ပြေအောင်လို့ Google Talk chatback badge တစ်ခုဖန်တီးဖို့အတွက် သုံးခဲ့ပါတယ်။
ဒါအကြောင်းကိုလည်း ဒီမှာ http://sawsan.freehostingcloud.com/?p=320
ရေးပေးဖူးပါတယ်။

14. http://www.google.com/cse/manage/create
ဒီမှာတော့ ကိုယ့်ပိုင်နေရာတစ်ခုအတွက် google ရဲ့ search engine ပုံစံမျိုး ကိုယ့်နေရာလေးအတွက် သီးသန့် search engine လေးတည်ဆောက်ဖို့အတွက် သုံးဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ website address လေးထဲက data တွေကိုပဲ google search ပုံစံမျိုးရှာပေးတဲ့ search engine အဖြစ်သုံးခဲ့တာပါ။ ဒါကိုလည်း ကျနော် ဒီမှာ ...
http://sawsan.freehostingcloud.com/?p=218
http://www.edinooyin.com/profiles/blogs/search-engine ရေးပေးဖူးပါတယ်။

15. http://www.google.com/addurl/?continue=/addurl
ဒီမှာနေရာကလည်း ကိုယ့်ရဲ့ website address ကို google က သိနေစေဖို့ url ကို add ထားဖို့ google က ဝန်ဆောင်မှုပေးထားလို့ သုံးဖြစ်ပါတယ်။ ကိုယ့်သုံးတဲ့ web အမျိုးအစားက google နဲ့ ဆက်နွယ်မှုမရှိဘူး။ သိပ်လည်း နာမည်မရှိဘူး၊ google က သိနေစေဖို့ နည်းလမ်းတွေကိုလည်း လုပ်မထားဘူးဆိုရင် google မှာ အခုလို add ပေးမှ ကောင်းပါမယ်။

လောလောဆယ် ကျနော်အသုံးအများဆုံးတွေက ဒီလောက်ပဲရှိဦးမယ်ထင်တယ်။ ပြောဖို့ကျန်နေတာလည်း ရှိကောင်းရှိမယ်။ google က ဝန်ဆောင်မှုပေးထားတာတွေကတော့ တော်တော်များပါတယ်။ ကျနော်သုံးတာတွေလည်း များလှတယ်မပြောနဲ့နော် တော်ကြာ google က ပိုက်ပိုက် လာတောင်းနေဦးမယ် ;) တမင်သက်သက်တော့ရှာမသုံးဖြစ်သေးပါဘူး။ စာဖတ်ရင်း အကြောင်းတိုက်ဆိုင်လို့ တွေ့တာလေးပါ။ ဒီ blog မှာ google နဲ့ပါတ်သတ်လို့ အသုံးချလို့ရတဲ့နေရာတွေထဲက ကျနော်အသုံးအများဆုံးနေရာလေးတွေနဲ့ အသုံးချထားတဲ့ ပုံစံလေးတွေကို ပြောပြသွားတာပါ။ ဒီနေရာတွေအားလုံးရဲ့ အသုံးချနည်းကိုတော့ အချိန်မရတဲ့အတွက် ရေးပေးနိုင်မယ်မထင်ပါဘူး။ တစ်ချို့တော့ ကျနော်ရေးပေးပြီးသားရှိပါတယ်။ တစ်ချို့ကိုလည်း တခြားသူငယ်ချင်းတွေ၊ အကိုတွေ ရေးထားပြီးသားရှိနေပါတယ်။ ကျန်ရင်နည်းနည်းပေါ့။ စိတ်ဝင်စားလို့ အသုံးလိုလို့ အသုံးချချင်ရင် google မှာပဲရှာကြည့်နိုင်ပါတယ်။ ကျနော်လည်း အချိန်ရရင် အားလုံးမရေးနိုင်တောင် တစ်ချို့ကို အသုံးချနည်းရေးပေးနိုင်အောင် ကြိုးစားပါဦးမယ်။ ဒါပေမယ့် တစ်ချို့နေရာတွေက သိပ်တော့ မခက်လှပါဘူး။ ကိုယ်ကိုတိုင် နည်းနည်းပါးပါးစဉ်းစားပြီး စမ်းသုံးကြည့်ရင်ကို အဆင်ပြေနိုင်တာလေးတွေရှိပါတယ်။ google တစ်ခုလုံး စိတ်ကြိုက်သုံးတဲ့သူတွေထဲမှာ ကျနော်က အသုံးများဆုံးဖြစ်နေခဲ့ရင် တကယ်လို့ google က ပိုက်ပိုက်တောင်းလာရင် အဖေါ်ရအောင်လို့ အဲ့ မဟုတ်ပါဘူးဗျ.. :)
ကျနော် Blog ရေးရင် လက်ကိုင်ထားတဲ့ "ကျနော့အတွက် မှတ်တမ်း၊ စာဖတ်သူအတွက် အကျိုးတစ်စုံတစ်ခုရရှိစေဖို့" ဆိုတဲ့ စိတ်လေးကြောင့် ရေးဖြစ်သွားတာပါ။ အဆင်ပြေပါစေဗျာ..
source : www.sawsan23.com

Random Quote

—