TeamViewer ဆိုတာ အင်တာနက်ကွန်နရှင်ထဲမှာရှိနေပါစေ နိုင်ငံတွေခြားနေလည်း ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးကို ပြုပြင်ထိန်းသိမ်းပေးလို့ရတဲ့ software လေးပါ။
အသုံးချဖို့က software ကိုအရင် download လုပ်ထားပါ။
DownLoad (FileSize = 7.97MB) >>
https://sites.google.com/site/sawsandiary/TeamViewerPortable.rar
ပြီးရင် download ချထားတဲ့ rar ဖိုင်လေးကို ဖြည်ပြီး TeamViewer ဆိုတဲ့ application လေးပေါ်နှိပ်ပြီး run ပါ။

ဒါဆို အပေါ်က ပုံအတိုင်းပေါ်လာပြီး ခဏနေရင် Your ID ဆိုတဲ့နေရာမှာ ဂဏန်းလေးတွေပေါ်လာမယ်။ ဥပမာ - 354 525 212
password ဆိုတဲ့နေရာမှာလည်း ဂဏန်းလေးတွေပေါ်လာမယ်၊ ဥပမာ - 5100
ဒါတွေက ကျနော်နမူနာအနေနဲ့ ရိုက်ပြတာနော် ကျနော့ ID ထင်ပြီး သုံးမကြည့်နဲ့ဦး :)
အဲ့အတိုင်းပေါ်လာပြီဆိုရင်တော့ ကိုယ်နဲ့ဆက်သွယ်မယ့် သူငယ်ချင်းကိုလည်း ဒီ program လေးကို download လုပ်ဖို့နဲ့ run ထားဖို့ပြောပါ။
ပြီးရင် သူ့ဆီမှာလည်း Your ID တို့ Password တို့မှာ ဂဏန်းလေးတွေပေါ်လာပြီဆိုရင် Your ID နဲ့ Password ကိုတောင်းပါ။ ရပီဆိုရင် သူငယ်ချင်းကပေးတဲ့ Your ID ဆိုတဲ့ ဂဏန်းကို Partner ID မှာထည့်ပြီး Connect to Partner ကိုနှိပ်ပါ။

ဒါမျိုးလေး Password တောင်းတဲ့ box ပေါ်လာရင် သူငယ်ချင်းဆီက တောင်းထားတဲ့ Password က ဂဏန်းကိုဖြည့်ပါ။ပြီးရင် Log On ကိုနှိပ်ပါ။ အခုဆိုရင် ရပါပီ။ ကိုယ့်သူငယ်ချင်းရဲ့ ကွန်ပျုတာ Screen က ကိုယ့်ကွန်ပျုတာမှ ပေါ်လာပြီး သူငယ်ချင်းရဲ့ ကွန်ပျုတာမှာဖြစ်နေတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာ၊ Website ပိုင်းဆိုင်ရာ နည်းပညာအခက်အခဲတွေကို ကူညီပေးနိုင်ပါပြီ။ ကွန်ပျုတာ Computer Maintenance လုပ်ငန်းတွေကို လည်းကောင်းကောင်းလုပ်ဆောင်လို့ရပါတယ်။ ကိုယ့်မှာ ကွန်ပျုတာနဲ့ ပါတ်သတ်လို့ website နဲ့ပါတ်သတ်လို့ အခက်အခဲ တစ်ခုခုဖြစ်လို့ အကူအညီလိုတဲ့အခါ၊ ကိုယ်က ကူညီပေးရမယ့်အခါ အဆင်ပြေပီပေါ့ဗျာ။ ကျနော်လည်း အဲ့လိုနေရာတွေမှာ သုံးဖြစ်ပါတယ်။ တစ်ခုရှိတာက ကိုယ်နဲ့ မရင်းနှီးမသိတဲ့ လူတစ်ယောက်ကိုတော့ ဒီ နည်းပညာကို သုံးပြီး အကူအညီမတောင်းမိပါစေနဲ့ တကယ်ကိုလိုအပ်လို့ အကူအညီတောင်းတော့မယ်ဆိုရင်လည်း ကိုယ့် personal နဲ့ပါတ်သတ်တာတွေအကုန်ပိတ်ထားပါ။ gmail ,gtalk နဲ့ တခြား မသိစေချင်တဲ့အရာတွေကိုပေါ့။ ဘာလို့လဲ ဆိုတော့ ကိုယ့် ကွန်ပျုတာကို သူများကိုပေးသုံးထားသလို ဖြစ်နေမှာမို့ပါ။ ကျနော်တို့ကတော့ ရင်းနှိးတဲ့သူအချင်းချင်း ကူညီစရာတစ်ခုခုရှိတဲ့အခါမှာ သုံးဖြစ်ပါတယ်။
အဆင်ပြေပါစေဗျာ ..
source : www.sawsan23.com