Skip to main content

sawsan ကျနော့ရဲ့ တိုးတိုးတိတ်တိတ် နည်းပညာအမေးအဖြေများ

ကျနော်က နည်းပညာတွေ စိတ်ဝင်စားတယ် ဒါကြောင့် ဧဒင်က member တွေနဲ့ အပြင်က ကျနော့ သူငယ်ချင်းတွေ ကျနော့ကို မေးထားထားတဲ့ မေးခွန်းလေးတွေကို ကျနော် ကြိုးစားပမ်းစား ဖြေထားတာလေးတွေပါ။ ကဲကြည့်ကြည့်အောင် ..

Q > ကျနော့ Anti-virus က key တောင်းနေလို့ပါ။ ဘယ်လိုလုပ်ရမလဲမသိဘူးဗျ။
A > အန်တီဗိုင်းရပ်က ကီးတောင်းနေရင် အန်ကယ်ဗိုင်းရပ်ကို ပြောင်းသုံးကြည့်ပါ။

Q > ကျနော့ Desktop ကွန်ပျုတာလေးက အရမ်းလေးနေလို့ပါ။ ကူညီပါဦး။
A > ဟုတ်ပါတယ် Desktop ကွန်ပျုတာတွေက လေးပါတယ်။ ပထမဆုံး တစ်ခုခြင်း မ ရွှေ့ကြည့်ပါ။ ဒါမှ လေးသေးတယ်ထင်ရင် laptop ကိုပြောင်းသုံးပါ။ ကျနော်လည်း Desktop ကလေးတယ်ထင်လို့ိ့ laptop ပဲပြောင်းသုံးနေပါတယ်။

Q > ဥယျာဉ်မှူး ၅ ရှင့် အခု ကျမ ကွန်ပျုတာကို Virus တစ်ကောင်ကိုက်နေလို့ ဘယ်လိုလုပ်ရမလဲ ရှင့်၊
A > ဒီလိုဖြေရှင်းကြည့်ပါ။ အခု ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က သာမန် ခက်သေးသေး Virus တစ်ကောင်ဆိုရင် အဲ့ဒီ Virus ကိုက်နေတဲ့နေရာကို ရေပက်တိုက်ပြီး နေပူပြလိုက်ပါ။
ဒါမှ မသေသေးရင် အရက်ပြန်နဲ့ သေချာပွတ်ဆေးပြီး သတ်ကြည့်ပါ။
တကယ်လို့ ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က ကြီးနေတယ်ဆိုရင် သတိထားပါ။ မီးညှပ်နဲ့ သေချာညှပ်ပြီး နောက်မလာနိုင်အောင် ဝေးဝေးကို လွှင့်ပစ်ပါ။

Q > ကွန်ပျုတာမှာ နောက်ထပ် Virus ကိုက်မရအောင် ဘယ်လိုကာကွယ်ထားရမလဲဟင်
A > သာမန် Virus သေးသေးလေးတွေ ကိုက်မရအောင် ချောဆီသုတ်ထားပါ။
နည်းနည်းကြီးတဲ့ Virus တွေ မလာအောင်တော့ ကွန်ပျုတာနားမှာ ပရုပ်လုံးလေးတွေ ချထားပေးပါ။

Q > ကျနော့ ကွန်ပျုတာဖွင့်စမှာ တီတီ တီတီ နဲ့ တောက်လျောက်မြည်နေလို့ memory slot မှ RAM ချောင်းကို ဖြုတ်ပြီး သေချာပြန်တက်လိုက်တာ window တက်လာပြီး။ window key နဲ့ Pause Break ကိုတွဲနှိပ်ပြီးကြည့်တော့ 1.96 RAM လို့ပြပါတယ်။ ကျနော်ကွန်ပျုတာမှာ RAM ကို 2G တပ်ထားတာပါ။ အဲ့ဒါ RAM ကောင်းမကောင်းသိချင်ပါတယ်။ ဘယ်လိုနည်းနဲ့ သိနိုင်မလဲဗျာ။
A > RAM (ရမ်) ကောင်းမကောင်းသိချင်ရင် ရေနည်းနည်းပဲရောပါ။ ဆော်တာလည်း မရောပါနဲ့။ ဖြစ်နိုင်ရင် RAM သက်သက်သောက်ကြည့်ပါ။ သိရပါလိမ့်မယ်။

Q > ဥယျာဉ်မှူး ၅ ရေ ကျနော့ ကွန်ပျုတာ window ပျက်သွားလို့ လာကြည့်ပေးပါဦးနော်
A > ဟုက်ကဲ့ window အသစ်ပြန်လုပ်ဖို့ ကျနော်ပစ္စည်းတွေ စုလိုက်ပါဦးမယ်။ လောလောဆယ် အိမ်အတွက် စိတ်ချရအောင် ပျက်နေတဲ့ window ကိ်ုပြင်ပေးဖို့ ကျနော် လက်သမားဆရာ လွတ်လိုက်မယ်နော်၊

Q > ကျနော့ memory stick ထဲကို ကွန်ပျုတာထဲက Virus တွေမဝင် ဘယ်လိုသုံးရမလဲခင်ဗျာ
A > ကွန်ပျုတာမှာ memory stick ကို မတပ်ခင် အရက်ပြန်ဖြင့် အရင် စိမ်ထားပါ။ပြီးမှ သုံးပါ။ သုံးပြီးရင်လည်း memory stick အဖုံးကို လုံခြုံစွာ ပိတ်ထားပါ။

Q > ကိုစောစံ ခင်ဗျား မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူတိုင်း ကြည့်ဖြစ်တဲ့ website လေးများ ရှိရင် ပြောပြပေးပါဦးဗျ။
A > ဟုတ်ကဲ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူတိုင်း ကြည့်ဖြစ်တဲ့ webpage လေးတွေက …
1. Access is denied …
2. This site is Blocked by MPT…
3. Proxy Server not found … ဆိုတဲ့ webpage လေးတွေဖြစ်ပါတယ်ခင်ဗျာ။

Q > ဥယျာဉ်မှူး ၅ ရေ ကျနော့ ကွန်ပျုတာမှာ အင်တာနက်သုံးတဲ့အခါ တစ်ခါတစ်ခါ ကွန်နရှင်က တက်လိုက်ကျလိုက် ဖြစ်ဖြစ်နေတာ ဘာဖြစ်လို့ပါလဲ?
A > ဒါက အင်တာနက်အတွက်အသုံးပြုထားတဲ့ ပင်လယ်ရေ အောက် ဖိုက်ဘာကြိုးမျှင်များကို ငမန်းများ ဒန်းလုပ်ပြီး စီးတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ပါ။

Q > ကျမ laptop battary လေးက ဘာဖြစ်လို့လဲမသိဘူး သုံးရင်းနဲ့ကို အားမဝင်တော့ဘူး
A > Battary အားနည်းတာဆိုရင် မိုးရေထည့်ပြီး သုံးကြည့်ပါ။ ဒါမှမရရင် ပါဝါပြည့်တဲ့ ACID ဖြည့်ပြီးသုံးပါ။

Q > NTLDR File Missing ဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။
A > အန်တီကသူပျောက်သွားတဲ့ LDR ဖိုင်လေးကို သတိရတယ်ပြောတာနေမှာ။

Q > ကွန်ပျုတာကို ဖွင့်ဖွင့်ခြင်း Boot is fail ဆိုပြီး ပြန်ကျသွားတာ ဘာလို့လဲ?
A > ကွန်ပျုတာကို မကြာခင်က လွတ်ကျထားဖူးတယ်ထင်တယ် အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ဘု အခု အရောင်လျော့သွားပီပြောတာပါ။ အရှင်းပျောက်သွားရင် ပြန်တက်လာပါလိမ့်မယ်။

Q > ကျနော်က အစိုးရဌာနက ကွန်ပျုတာသမားတစ်ယောက်ပါ။ ကွန်ပျုတာကို window ပြန်တင်ပြီးနောက် ဖိုင်တွေပျောက်သွားလို့ပါ။ ဘယ်လိုပြန်ရှာရမလဲမသိဘူး။
A > အင်း.. ဖြစ်တက်ပါတယ်။ ဖိုင်တွေ ပျောက်သွားတာသေချာတယ်ဆိုရင်
အရင် ဘီဒိုထဲမှာ ပြန်ရှာကြည့်ပါ။ အံဆွဲတွေထဲလည်း ရှာကြည့်ပါ။
တစ်ခါတစ်ခါ စာအုပ်တွေကြားထဲလည်း ညှပ်နေတက်ပါတယ်။

ဒါလေးတွေက ကျနော့ကို member တစ်ချို့နဲ့ သူငယ်ချင်းတွေမေးထားတဲ့ တကယ့်မေးခွန်းလေးတွေထဲက တစ်ချို့ပါ။
ကျနော်ပြန်ဖြေပေးတာတော့ အခုရေးထားသလိုမဟုတ်ပါဘူး။ မေးခွန်းလေးတွေကို အဆင်ပြေအောင် ကျနော်တက်နိုင်သလောက် ကျနော်အမြင်လေးကို ဆွေးနွေးပေးခဲ့ပါတယ်။ အခုရေးတာတွေကတော့ သူတို့မေးခွန်းလေးတွေကိုအခြေခံပြီး။
ကိုယ်ပါနဲ့ကိုယ် တိုးတိုးတိတ်တိတ် ရီစရာအနေနဲ့ ပြန်ဖြေကြည့်ထားတာလေးတွေပါ။
အားလုံးပဲ ပျော်ရွှင်ပါစေ…
source : www.sawsan23.com

Random Quote

—