Skip to main content

sawsan ချစ်တတ်ပြီလား?

အချစ်နဲ့ ပါတ်သက်ပြီး ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတာတော့ မသိပါဘူး။ ကျနော်စဉ်းစားမိသလောက်ကတော့ ကိုယ်က သူ့ကို ချစ်တာ၊ သူက ကိုယ့်ကို ချစ်တာ။ ဒါပဲလား ရှိသေးတယ်နော်၊ ကိုယ့်ကိုကိုယ်ချစ်တာ၊ သိပ်အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့။
ကျနော်တွေးလို့ရသလောက်တော့ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့နဲ့ ကိုယ်က သူ့ကို ချစ်တက်ဖို့ပဲ။
အခု ကျနော်ဆို ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ ကြိုးစားတုန်းမို့ သူတစ်ပါးကို ချစ်တတ်ဖို့ဆိုတာမလွယ်သေးဘူး။
ဘာလို့လဲဆိုတော့ ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ကောင်းကောင်းရပ်တည်နိုင်တဲ့ သူနှစ်ဦး တစ်ယောက်ကို တစ်ယောက်ချစ်တာမှ တကယ်ချစ်တာလို့ ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ တစ်ယောက်ကို တစ်ယောက် မှီ၊ တွယ်၊ နွယ်နေတာတွေကိုပဲ ခေါင်းစဉ်တပ်မှားနေကြတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ သူတစ်ပါးကို ချစ်တတ်မယ်။ ဒါက ဆက်စပ်နေတယ်နော်။ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူမှ အချစ်ဆိုတာကို နားလည်မှာ ကိုယ့်ကိုကိုယ် မချစ်တက်တဲ့သူ၊ ကိုယ့်ကိုကိုယ်တာဝန်မယူနိုင်သေးတဲ့သူဟာ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာ၊ သယောဇဉ်ရှိတာ တာတဲ့ အရာတွေကိုပဲ ချစ်တာလို့ ထင်နေတယ်။ လွတ်လပ်တဲ့အချစ် စစ်မှန်တဲ့အချစ်မျိုး သူမချစ်တတ်သေးဘူး။ သူတစ်ပါးကို ချစ်တတ်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ် ချစ်တက်ဖို့တောင် မလွယ်ပါဘူး။ သာမန်အားဖြင့် တွေးရင်တော့
ကိုယ်ကိုကိုယ် ချစ်လားဆိုရင် ချစ်တယ်ထင်မှာပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် မထိန်းသိမ်း မစောင့်ရှောက်တက်ဘူး။ ကိုယ့်ကျန်းမာရေးကို
ထိခိုက်စေနိုင်တဲ့ ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက်တဲ့သူတွေကို မေးကြည့် ကိုယ့်ကိုကိုယ် ချစ်လားလို့ သူ့ကိုယ်သူတော့
ချစ်တယ်ထင်မှာပဲ။ ဒါပေမယ့် ..

နောက် ဦးတည်ချက်မရှိ၊ ရည်ရွယ်ချက်မရှိ၊ အားလပ်ချိန်တွေမှာ ကိုယ့်ရည်ရွယ်ချက်အတွက် အသုံးချရကောင်းမှန်းမသိ၊ ကြုံရာအပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ပြီး ဦးတည်ချက်တို့ အားထုတ်မှုတို့ မရှိဘဲ ဘဝဆိုတဲ့ ပင်လယ်ကြီးထဲမှာ မျောချင်ရာ မျောနေတဲ့ လူငယ်တစ်ယောက်ကို မေးကြည့် ကိုယ့်ကိုကိုယ် ချစ်လားလို့။ သူလည်း ချစ်တယ်ထင်မှာပဲ။ ဒါပေမယ့် ...
ပြောရရင် တကယ်ကို ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ အတော်ခက်ပါတယ်။
ကျနော်လည်း ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ ကြိုးစားရင်းက...
သူ့ကို တိတ်တိတ်လေး ခိုးချစ်နေမိတယ်ဗျာ.. ခွိ နောက်တာနော်.. ;)

ဒီ blog ထဲမှာ လက်ရှိ စိတ်အခြေအနေမှ အတွေးများ၊ တချိန်က ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ဆုံးမခဲ့ရတဲ့ စကားလုံးများ၊ တလောကမှ
ပြန်ဖတ်ဖြစ်တဲ့ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်မှ ကြိုက်နှစ်သက်ရာ စကားလုံးများ ပါဝင်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ
ထိခိုက်နှစ်နာအောင်ပြောဆိုရေးသားခြင်းမျိုးမဟုတ်ပါဘူးဟု... ပြောရင်း.. ဒီ blog လေးကို အဆုံးသတ်လိုက်ပါတယ်။
source : www.sawsan23.com

Random Quote

—