Skip to main content

sawsan Hard Disk ရဲ့ Drive တွေကို partition ပိုင်းခြင်း for Window 7

ဒီလိုဗျာ ကျနော်တို့ ကွန်ပျုတာမှာ harddisk မှာ data တွေ သိမ်းဖို့ အများအားဖြင့် Local disc (C) နဲ့ Loack disc (D) ဆိုပြီး ရှိတက်တယ်။ တစ်ချို့ ကွန်ပျုတာတွေကျလည်း Drive (C) တစ်ခုတည်းပဲ ရှိတက်တယ်။ အဲ့လို ့harddisk ထဲမှာ data တွေသိမ်းတဲ့နေရာမှာ ပုံမှန်သတ်မှတ်ထားတဲ့ drive ၁ ခု ၂ ခု ထပ်ပိုပြီး ကိုယ်ပါနဲ့ကိုယ် လိုသလောက် drive တွေကို partition ပိုင်းပြီး ထပ်လုပ်ဖို့ပါ။ ကိုယ့် harddisk က GB အရမ်းသေးရင်တော့ partition မပိုင်းသင့်ပါဘူး။ partition ပိုင်းတယ်ဆိုတာ harddisk ရဲ့ data သိမ်းနိုင်တဲ့ GB အတန်အသင့် ရှိတဲ့သူတွေအတွက်ပဲ သင့်လျော်ပါတယ်။ ကိုယ့် ကွန်ပျုတာရဲ့ harddisk က 160GB လောက်အထိက Drive ၃ ခုလောက်ပိုင်းထားချင်တယ်ဆိုရင် သင့်လျော်ပါသေးတယ်။ အဲ့ဒီအောက်ရှိတယ် GB ကတော့ Drive ၂ ခုလောက်ပဲကောင်းပါတယ်။ partition ၃ ၊ ၄ ခုပိုင်းလည်း သိပ်မထူးတော့ပါဘူး ကျနော်ကတော့ မကြိုက်ဘူး။ အခု ကျနော့ harddisk က 250GB ပါ။ GB အများကြီး မဟုတ်ပေမယ့် အတန်အသင့်ရှိတဲ့အတွက် အရင်ရှိနှင့်ပြီးသား Drive ၂ ခုကနေ ၃ ခု ထပ်ပိုင်းဖို့ အခုလိုလုပ်လိုက်ပါတယ်။
ပထမဆုံး run box မှာ diskmgmt လို့ရိုက်ပြီး Disk Management program ကိုဖွင့်လိုက်ပါတယ်။



အခုလို ပုံမှာ ပြထားတဲ့အတိုင်း partation ထပ်ပိုင်းဖို့ Logical Drive ဖြစ်တဲ့ drive (D) ပေါ်မှာ r-click နှိပ်ပြီး shrink volume ဆိုနှိပ်လိုက်ပါတယ်။



အခုလို box လေးကျလာပါတယ်။ ဒါက အခုရွေှးလိုက်တဲ့ drive ကနေ နောက်ထပ် အသစ်တည်ဆောက်မယ့် drive အတွက် data သိမ်းစည်းမယ့် ပမာဏ ဘယ်လောက်သတ်မှတ်မှာလည်းဆိုတာကို ကိုယ်စိတ်ကြိုက် သတ်မှတ်ရတာပါ။ အခု ကျနော်ရွေှးထားတဲ့ Drive က 119992 MB ရှိတယ်။ အဲ့ကနေ နောက်ထပ် ထပ်အသစ်တည်ဆောက်မယ့် Drive အတွက်ကို တဝက်လောက်မှန်းပြီး 59943 ဆိုပြီးသတ်မှတ်လိုက်ပါတယ်။ 1024 MB မှာ 1G ရှိပါတယ် ဒါက မသိသေးတဲ့တွေအတွက် ချိန်ဆလို့ရအောင်ပြောတာပါ။ drive space ကိုသတ်မှတ်ပြီးရင် Shrink ကိုနှိပ်ပါ။



 


အခုလိုမျိုး Drive တစ်ခုအနေနဲ့ active မဖြစ်သေးပဲ Drive letter လည်းအပေါ်သေးတဲ့ ပုံစံလေးနဲ့ နေရာတစ်ခုပေါ်လာမယ်။ အဲ့ဒီ ပေါ်မှာ r-click နှိပ်ပြီး
new simple volume ဆိုတာကိုနှိပ်ပါ။ box တစ်ခုကျလာမယ်။ Next ကိုနှိပ်ပါ။ ဒီနေရာမှာလည်း အသစ်ထပ်တည်ဆောက်တဲ့ drive အတွက် drive space ဘယ်လောက်ခွဲပေးမှာလည်းဆိုတာ ထပ်မေးတာပါ။ ဆောနက သေချာသတ်မှတ်ပြီးသားဆိုရင် Next ကိုသာနှိပ်ပါ။
နောက်ထပ် box က Drive letter သတ်မှတ်ဖို့မေးတာပါ။ သူဘာနဲ့သူ သတ်မှတ်ထားပေးတာသာရွေှးလိုက်ပါ။ ကိုယ်စိတ်ကြိုက် Drive letter ထားလည်းရပါတယ်။
နောက်ထပ် box ကတော့ Drive ရဲ့ File System အမျိုးအစားနဲ့ Drive နာမည် သတ်မှတ်ဖို့နေရာပါ။ file system က NTFS ကို auto ရွေှးပေးထားရင် NTFS ပြောင်းပါ။
Volume label က ကြိုက်တာ ရေးပါ။ ပြီးရင် Next ကိုနှိပ်ပြီး Finish ကိုနှိပ်လိုက်ရင် drive အသစ်တစ်ခု တည်ဆောက်ခြင်းပြီးပါပြီ။


အခုလို partition ပိုင်းထားတာတွေများလို့ ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ ဖြုတ်ချင်တဲ့ Drive ထဲက data တွေကို အခြား drive ထဲကိုပြောင်းရွှေ့ပြီး အခု Disk Management ထဲကနေ ဖြုတ်ချင်တဲ့ Drive ပေါ် r-click နှိပ်ပြီး yes နှိပ်ပြီး။ အဲ့ဒီ ဖြုတ်လိုက်တဲ့ drive ကို ခွဲထုတ်ထားတဲ့ မူလ Drive ပေါ်မှာ r-click နှိပ်ပြီး Extend Volume ကိုနှိပ်လိုက်ပါ။ ပြီးတော့ Next >> Next >> Finish ဆိုရင် ရပါပြီ။ အဆင်ပြေပါစေဗျာ။ source : www.sawsan23.com

Random Quote

—