Skip to main content

sawsan Photo တွေကို animation ပြုလုပ်ခြင်း

ဒီလိုဗျာ ကျနော်တို့မှာရှိတဲ့ photo လေးတွေကို ဖိုင်တစ်ဖိုင်ထဲအဖြစ်ပေါင်းပြီး တစ်ပုံပြီး တစ်ပုံ animation effect တွေနဲ့ slide show လေးလုပ်ပြီး ပြလို့ရအောင်လုပ်ဖို့ပါ။
ကျနော်အခု ပြောပြမှာက Adobe ImageReady ဆိုတဲ့ software ကိုသုံးပြီး ပုံများကို admiation ပြုလုပ်နည်းပါ။
ပထမဆုံး animation လုပ်ချင်တဲ့ ပုံလေးတွေကို ရှာလိုက်ပါ။ အခုမှ စလုပ်ကြည့်မှာဆိုရင်တော့ ပုံတွေအများကြီး မသုံးပါနဲ့ဦး။ လောလောဆယ် ၃ ပုံလောက်နဲ့ စကြည့်ပါ။
အဲ့ဒီ ပုံ တွေအားလုံးကို Adobe ImageReady နဲ့ဖွင့်ပါ။ မြန်ချင်ရင်တော့ Adobe ImageReady ကို ဖွင့်ထားပြီး animation လုပ်ချင်တဲ့ ပုံ ၃ ပုံစလုံးကို select ပေးပြီး Adobe ImageReady ထဲကို Darg ဆွဲချလိုက်ပါ။ box ၃ ခုအနေနဲ့ရောက်သွားမယ်။ အဲ့မှာ ပုံ တစ်ပုံထဲဖြစ်အောင် ပေါင်းမှာဆိုတော့ ပုံ ၃ ပုံထဲက ၁ ပုံပုံထဲကို darg ဆွဲပြီး ရွှေ့လိုက်ပါ။ တစ်ခုရွှေ့ပြီးရင် အဲ့ဒီ တစ်ခုရဲ့ box ကိုပိတ်ခဲ့ပါ။ အခုက ၃ ပုံလောက်မို့ မရှုပ်သေးပေမယ့် ပုံတွေအများကြီးလုပ်တဲ့အခါ ရှုပ်လာနိုင်လို့ပါ။ ပုံ ၃ ပုံစလုံးကို တစ်ပုံထဲကိုပေါင်းရွှေ့ပြီးပီး ဆိုရင်
ညာဘက်ထောက် အောက်နားက layers box ထဲက layer ၃ ခုမှာ layer တစ်ခုကိုပဲ မျက်လုံး ဖွင့်ထားပြီး ကျန် ၂ ခုကို မျက်လုံးဖျောက်ထားပါ။ layer ထဲက မျက်လုံးပေါ်ကိုနှိပ်လိုက်ရင် ပျောက်ပါတယ်။ အဲ့အခါမှာ အဲ့ဒီ မျက်လုံးဖေါ်ထားတဲ့ layer ပုံပေါ်လာမယ်။ အဲ့ဒီ ပုံကို နောက်ခံ body အညီဖြစ်အောင် scale ညှိပါ။ နောက် ကျန် ၂ ပုံကိုလည်း အဲ့လို တစ်ခုဖွင့်ရင် ၂ ခုပိတ်ထားပြီး နောက်ခံ body နဲ့အညီညှိပါ။ ဘယ်လိုညှိရမလဲဆိုတော့ ဘယ်ဘက် tool box ထဲက မြှားအမဲကိုယူ ညှိမယ့်ပုံပေါ် ကလစ်တစ်ချက်နှိပ်ပြီး အပေါ်နားက option bar ထဲက show transform Box ကို အမှန်ခြစ်ဖြစ်အောင်ရွေှးပြီးတော့ ပုံရဲ့ အနားသပ်တွေမှာ transform လုပ်ဖို့ ဘောင်လေးတွေပေါ်လာမယ် အဲ့ဒီအနားသပ်လေးတွေနေရာမှာ mouser တင်လိုက်ရင် မြှားအမဲလေးပေါ်လာမယ်၊ အဲ့ဒီအခါမှာ mouse ကို ဖိဆွဲပြီး ပုံကို အောက်ခံ body fram နဲ့အညီ လိုအပ်သလို ဆွဲဆန့်ခြင်း၊ ချုံ့ခြင်းများပြုလုပ်နိုင်ပြီး အထက်အောက်၊ ဘေးဘယ်ညာ မညီမညာဖြစ်နေတာကိုလည်း ကီးဘုတ်က arrow ကိုသုံးပြီးချိန်ညှိလို့ပါတယ်။ ပုံ တွေကို တစ်ပုံဆီ တစ်နေရာထဲ၊ တစ်ထပ်တည်း ဖြစ်အောင် တစ်ပုံပြီး တစ်ပုံ animation ပြလို့အဆင်ပြေအောင် ပုံတစ်ပုံနဲ့ တစ်ပုံ တညီတည်းဖြစ်အောင် ညှိပေးပါ။ ဒီနေရာမှာ ပုံ တစ်ပုံနဲ့ တစ်ပုံက resolution သိပ်မကွာရင် သိပ်မညှိရပေမယ့် resolutin ကွာလွန်းရင်တော့ ပုံတွေကို တစ်ထပ်တည်းဖြစ်အောင် တစ်ညီတည်းဖြစ်အောင် ညှိတဲ့အခါမှာ ပုံရဲ့ resolution တော့ နည်းနည်းစကားပြောပါလိမ့်မယ်။ ညီအောင် ညှိပြီးပီဆိုရင် အပေါ်က menu bar ထဲက Window ထဲမှာ Animation နဲ့ Optimize ဆိုတာကို အမှန်ခြစ်ရွေှးထား/ မထားကြည့်ပါ။ မရွေှးရသေးရင် ရွေှးပေးပါ။ ဒါဆိုရင် အောက်နားမှာ Animation box ရှိနေပြီး၊ ညာဘက် အပေါ်ဆုံးမှာ Optimize box ရှိနေပါပီ။
အရင်ဆုံး Animation box ထဲမှာ ပုံအရေအတွက်အတိုင်း layer ယူထားရမှာပါ။ Animation box ထဲက




အခုပုံမှာပြထားတဲ့နေရာ deplicates current frame ဆိုတာကိုနှိပ်ပြီး လိုသလောက် layer ယူထားပါ။ ပုံ ၃ ပုံဆို layer ၃ ခုပေါ့။ ပြီးရင်




anmiation box ထဲက layer 1 ဆိုတာကိုနှိပ်ပြီး ညာဘက်အောက်နားက ပုံတွေရဲ့ layer တွေထဲမှာ ပထမဆုံး ပြချင်တဲ့ ပုံကို မျက်လုံးလေးပေဖေါ်ထားပြီး ကျန် ပုံတွေရဲ့ layer တွေကို မျက်လုံးမှိတ်ထားပါ။ layer box ထဲက မျက်လုံးပုံပေါ် နှိပ်လိုက်ပြီး ဖျောက်ခြင်း/ ဖေါ်ခြင်းလုပ်တာပါ။ ပြီးတော့ animation box ထဲမှာ animation layer နံပါတ် 2 ကိုရွေှးပြီး ပုံ layer box က ဒုတိယပြချင်တဲ့ ပုံကို မျက်လုံးလေးဖေါ်ထားပြီး

ကျန် ပုံ layger အားလုံးကို မျက်လုံးဖျောက်ထားပါ။ နောက် တတိယ ပုံအတွက်လည်း အခုလိုပဲလုပ်ပါ။
ပြီးရင် animation box ထဲက animation layer တွေကို select ပေးပါ။ select ပေးပုံက Ctrl ကိုနှိပ်ထားပြီး animation box ထဲက animation layer တွေကို တစ်ခုခြင်း ကလစ်နှိပ်သွားလို့သလို၊ ပထမဆုံး ပုံ ၁ ကို ကလစ်တစ်ချက်နှိပ်ပြီး Shif ကိုနှိပ်ထားပြီး နောက်ဆုံးပုံကို ကလစ်နှိပ်လိုက်ရင်လည်း layer အားလုံးကို select ပေးပြီးသားဖြစ်ပါတယ်။



ပြီးတော့ အခုပုံထဲက မြှားအနီနဲ့ ပြထားတဲ့နေရာမှာ ကလစ်တစ်ချက်နှိပ်ပြီး ပုံတစ်ပုံနဲ့ တစ်ပုံကို slide show ပြမည့် အချိန့်ကို သတ်မှတ်ပေးပါ။
သူ့ထဲမှာပါတဲ့ second တွေတင်မဟုတ်ဘဲ other ဆိုတဲ့ စာပေါ်နှိပ်ပြီး ကိုယ်စိတ်ကြိုက် အချိန်ပြင်ထည့်လို့လည်းရပါတယ်။
ပြီးရင်တော့ အပေါ်က ပုံမှာပဲ မြှားအစိမ်းနဲ့ ပြထားတဲ့နေရာမှာ ကလစ်နှိပ်ပြီး ကိုယ်လုပ်ထားတဲ့ animation ပုံကို အစမ်းကြည့်ကြည့်ပါ။
အဲ့ဒီ ခလုပ်လေးတွေက သာမန် ကျနော်တို့ မြင်တွေ့ဖူးပြီးသား play/pause/stop လေးတွေပါပဲ။ ပုံလေးတွေ လှုပ်ရှားပုံကို ကြည့်ကြည့်တာ အဆင်ပြေတယ်၊ ပုံ တစ်ပုံခြင်းကို သေချာသပ်ရပ်အောင် ကိုယ်ပါနဲ့ကို ချိန်ညှိထားခဲ့တယ်ဆိုရင် ပြင်စရာမလိုတော့ပါဘူး။
ညာဘက် အပေါ်ဆုံးက box ထဲမှာ






ပုံမှာ ပြထားတဲ့အတိုင်း GIF ဆိုတာကိုရွေှးပေးပါ။
ပြီးရင် File ထဲက Save Optimized ကိုနှိပ်ပြီး ကျလာတဲ့ box မှာ save နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ GIF format နဲ့ ပုံလေးတွေကို animation effect နဲ့ slide show ပြပေးဖို့ animation ပုံတစ်ပုံရပါပီ။ ဒါက စလေ့လာတဲ့သူတွေအတွက် သာမန် animation သက်သက်ပါ။ နောက်ဒီထပ် ပိုကောင်းတဲ့ animation လေးတွေကို ကိုယ်စိတ်ကြိုက် ကိုယ်စိတ်ကူးနဲ့ကိုယ် အသစ်အဆန်းလေးတွေ ထွင်ပြီး ပြုလုပ်နိုင်ပါသေးတယ်။ animation effect တွေ layer box ထဲက Actions ထဲမှာပါ ပါသေးတယ်။ ကိုယ်ပါနဲ့ကို လေ့လာကြည့်နိုင်ပါတယ်။ အခု save လိုက်တဲ့ပုံ ဘယ်နေရာမှာ သိမ်းတယ်ဆိုတာတော့
သေချာကြည့်တာပါ။ တော်ကြာပြန်ရှာရခက်နေပါဦးမယ်။ ပုံမှန်အားဖြင့် နေရာမသတ်မှတ်ဘူးဆိုရင် My Pictures ထဲမှာရောက်သွားတက်ပါတယ်။ အဆင်ပြေပါစေဗျာ ...
source : www.sawsan23.com

Random Quote

—