Skip to main content

sawsan Windows System ရဲ့ Services တွေအကြောင်းကို လေ့လာခြင်း

မနေ့ညက အင်တာနက်မသုံးဖြစ်တာနဲ့ ကျနော့ ကွန်ပျုတာရဲ့ services တွေအကြောင်းကို သိအောင်လုပ်ဦးမှဆိုပြီး …
run box မှာ services.msc လို့ရိုက်ပြီး window system ရဲ့ services တွေအကြောင်းကို အခုလို လေ့လာဖြစ်ပါတယ်။

COM+ Event System
ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ
window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့်တယ်။

Cryptographic Services
ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။

DCOM Server Process Launcher
ဒါကတော့ COM+ Event System အပါအဝင် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်းဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။

DHCP Client
ဒါကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာရဲ့ IP address & DNS records တွေကို မှတ်တမ်းတင် updates လုပ်ပေးတယ်။ ဒီ service ကိုပိတ်ထားမိရင်
dynamic IP address နဲ့ DNS updates တွေကို ဆောင်ရွက်မပေးနိုင်တော့ဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိမယ်ဆိုရင်တော့
ပိတ်ထားနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ အများစုက DSL/calble ISP ရဲ့ DHCP ကိုသုံးကြတယ်။ အင်တာနက် ကွန်နရှင်က
ကြာကြာအလုပ် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီ service ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။ အင်တာနက်မသုံးတဲ့ ကွန်ပျုတာဆိုရင်တော့
ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားနို်င်ပါတယ်။

DNS Client
ဒါကတော့ Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်တွေအတွက် နောက်ကွယ်ကနေ ကူညီထောက်ပံပေးနေတဲ့ အထောက်အပံကောင်းဖြစ်တယ်။ ကွန်ပျုတာ လုံခြုံရေးအတွက် firewall ကို ဖွင့်ထားပြီး သုံးမယ်ဆိုရင် ဒီ service က disable ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မှုဟာ ကန့်သတ်သွားပါမယ်။ website တွေကြည့်ရတာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက်အသုံးပြုလို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။

Extensible Authentication Protocol
ဒါကတော့ network နဲ့ ပါတ်သတ်တဲ့ အလုပ်တွေကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။ သူ့နာမည်အတိုင်း EAP ကိုထောက်ပံပေးတယ်။
နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေးတယ်။
အထူးသဖြင့် wireless network အတွက်ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင်
ပိတ်ထားလို့ရပါတယ်။

Group Policy Client
ဒါကတော့ ကွန်ပျုတာကို အသုံးပြုတဲ့ admin တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ရာ အထောက်အပံပေးထားတဲ့ service တစ်ခုဖြစ်ပါတယ်။
registry ကဲ့သို့ အသုံးပြုနိုင်ပြီး အသုံးပြုရ လွယ်ကူတဲ့အတွက် လူသုံးများတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။

Internet Connection Sharing (ICS)
ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ အခြား ကွန်ပျုတာတွေကို Internet connection share ပေးတဲ့အခါ ကူညီအထောက်အပံပေးတဲ့ service တစ်ခုပါ။
အသုံးလိုတဲ့ သူက On Demand (or) Manual လုပ်ထားနိုင်ပြီး အသုံးမလိုတဲ့သူက disable လုပ်ထားနိုင်ပါတယ်။

Net.Tcp Port Sharing Service
ဒါကတော့ net.tcp protocal ကိုကျော်ပြီး TCP ports ကို မျှဝေတဲ့ service ဖြစ်ပါတယ်။
Net. Tcp protocol ကိုသုံးပြီး TCP-ports ကို မျှဝေပေးနိုင်တယ်။ .NET Framework 3.0 နဲ့ အစိတ်အပိုင်းဖြစ်ခုဖြစ်တယ်။ ဒီ service ရဲ့ အသုံးပြုမှုက heavy ဖြစ်တယ်။ အင်တာနက်သုံးအတဲ့ TCP ports ကိုမျှဝေသုံးစွဲမှု မလိုအပ်ဘူးဆိုရင် ပိတ်ထားချင်ရင် ပိတ်ထားနိုင်တယ်။ သူ့ကို disable လုပ်ထားရင် ကွန်ပျုတာရဲ့ System Performance ကို ကောင်းမွန်စေတယ်။

Network Access Protection Agent
ဒါကတော့ အင်တာနက်အပါအဝင် network ချိတ်သုံးတဲ့ ကွန်ပျုတာရဲ့ security အတွက် စိတ်ချရအောင် ကူညီထောက်ပံပေးတဲ့ service တစ်ခုဖြစ်တယ်။
network connection ကို အသုံးမပြုတဲ့ ကွန်ပျုတာဆိုရင်တော့ disabled လုပ်ထားနိုင်ပါတယ်။ ပုံမှန်ကတော့ Auto Start ပါပဲ။

Network Connections
ဒါကတော့ အင်တာနက်အပါအဝင် network နဲ့ပါတ်သတ်လို့ ကွန်ပျုတာကို သုံးနေတယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။
network ကို မသုံးဘူးဆိုရင် ပိတ်ထားလိုပါက ပိတ်ထားနိုင်ပါတယ်။

Network List Service
ဒါလည်း network connection နဲ့ အတူတူပါပဲ။

Network Location Awareness
ဒါလည်း network connection နဲ့ အတူတူပါပဲ။

Network Store Interface Service
ဒါလည်း network connection နဲ့အတူတူပါပဲ။

Plug and Play
ဒါကတော့ တကယ်အသုံးဝင်တဲ့ service တစ်ခုပါ။ ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှုတိုင်းကို recognize and adapt အသိအမှတ်ပြု၊ အဆင်ပြေအောင်
ညှိနှိုင်း ပြင်ဆင်ပေးနေတဲ့ service တစ်ခုပါ။ Automatic Start ဖြစ်နေရပါမယ်။

Portable Device Enumerator Service
ဒါကတော့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကို ပိတ်ထားမယ်ဆိုရင်တော့
portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ Auto Start ဖြစ်နေသင့်ပါတယ်။

Print Spooler
ဒါကတော့ ကွန်ပျုတာမှာ install လုပ်ထားတဲ့ Printer drivers တွေနဲ့ တပ်ဆင်ထားတဲ့ printer တွေဖေါ်ထုတ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။
ဒါကို ပိတ်ထားရင်တော့ printer driver install လုပ်ထားသည်ဖြစ်စေ printer ကိုတပ်ဆင်ထားသည်ဖြစ်စေ printer နေရာမှာ ဘာမှတွေ့မှာ မဟုတ်ပါ။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Remote Desktop Configuration
ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးက Desktop ကို ထိန်းချုပ် အသုံးပြုခြင်းကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။
အသုံးမလိုက ပိတ်ထားနိုင်ပါတယ်။

Remote Procedure Call (RPC)
ဒါကတော့ အင်တာနက်အပါအဝင် network နဲ့ ပါတ်သတ်တဲ့ service တွေ တစ်ခုနဲ့ တစ်ခု အထောက်အကူပြုပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။
network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာတစ်လုံးအနေနဲ့ Auto Start ဖြစ်နေသင့်ပါတယ်။

Remote Procedure Call (RPC) Locator
ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။

RPC Endpoint Mapper
ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။

Security Center
ဒါကတော့ network နဲ့ ပါတ်သတ်လို့ ကွန်ပျုတာ လုံခြံရေးအတွက် Auto Start ဖြစ်နေသင့်တဲ့ service တစ်ခုပါ။

Server
ဒါကတော့ printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင် network ချိတ်ဆက်မှုမှာလည်း လိုအပ်တဲ့ service တစ်ခုဖြစ်ပြီး တခြား
network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်နေတဲ့အတွက် Auto Start ပဲ ဖြစ်သင့်ပါတယ်။

Shell Hardware Detection
ဒါကတော့ hardware ပိုင်းနဲ့ ပါတ်သတ်အခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ Auto Start ပဲထားပါတယ်။

Software Protection
ဒါကတော့ windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။
ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။

System Event Notification
ဒါကတော့ window system ရဲ့ logon အခြေအနေ၊ network ၊ power အခြေအနေတွေကို ခြေရာခံမှတ်သားတဲ့ service ဖြစ်ပါတယ်။
COM+ Event System နဲ့လည်း ပုံမှန် ဆက်စပ်တွဲဖတ်အလုပ်လုပ်နေပါတယ်။ ဒါကြောင့် ဒီ service ကလည်း Auto Start ဖြစ်နေသင့်ပါတယ်။

System Restore Service
ဒါကတော့ နာမည်အတိုင်းပါပဲ။ Window System ပိုင်းကို Restore လုပ်ထားပေးနိုင်တဲ့ service ပါ။ အကြောင်းတစ်ခုခုကြောင့် data တွေပျောက်သွားတာ၊ System ပိုင်းမှာ လုပ်ဆောင်ချက်တွေမှားယွင်းပြီး ပြင်ဆင်မိတာတွေ ကို restore ပြန်လုပ်ပေးတဲ့ service တစ်ခုဖြစ်တာကြောင့် ကိုယ့် ကွန်ပျုတာက performance ကောင်းတယ်ဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

Task Scheduler
ဒါကတော့ ကွန်ပျုတာမှာ အလုပ်ဆောင်နဲ့ သူလို service တွေနဲ့ program တွေရဲ့ လုပ်ဆောင်ချက်တွေကို အစီအစဉ်ရေးစွဲပေးတဲ့ service ဖြစ်ပါတယ်။ သူကလည်း ပိတ်မထားသင့်ပါဘူး။ Auto Start ဖြစ်နေရပါမယ်။

TCP/IP NetBIOS Helper
ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။
တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့
ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။

Telephony
ဒါကတော့ LAN ကနေ အသုံးပြုထားတဲ့ local အတွင်းက ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ်ပေးတဲ့ service ဖြစ်တယ်။
တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေသေးတယ်။ ပုံမှန်အားဖြင့် Auto ထားဖို့မလုပ်အပ်ပေမယ်။
ပိတ်မထားသင့်ဘူး။ Manual လောက်တော့ထားသင့်တယ်။

Terminal Services
ဒါကတော့ ကွန်ပျုတာမှာ multiple users တွေအသုံးပြုထားတဲ့အခါ ဆက်သွယ်ချိတ်ဆက်ခွင့်ပြုပေးတဲ့ service ပါ။ ကွန်ပျုတာက user account တွေ ခွဲထားမယ်ဆိုရင် ဒီ service ကိုပိတ်မထားသင့်ပါဘူး။ သူ့ကို ပိတ်ထားရင် Remote Desktop ကိုလည်းသုံးလို့မရတော့ပါဘူး။
ပုံမှန်အားဖြင့် Manual လောက်တော့ထားသင့်ပါတယ်။

Themes
ဒါကတော့ service နာမည်အတိုင်းပါပဲ။ ကွန်ပျုတာရဲ့ Themes တွေနဲ့ ပါတ်သတ်လို့ လောက်ဆောင်ပေးနေတဲ့ service ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေရပါမယ်။

Window Audio
ဒါကတော့ ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။ သူ့ကိုပိတ်ထားမယ်ဆိုရင် အသံပိုင်း သုံးလို့မရတော့ပါဘူး။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Window Firewall/Internet Connection Sharing (ICS)
ဒါကတော့ အင်တာနက် ကွန်နရှင် မျှဝေသုံးစွဲမှုတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုမှုတွေမှာ ကွန်ပျုတာအတွင်း လုံခြုံရေးအတွက် ကူညီထောက်ပံပေးနိုင်တဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

Window Image Acquisition (WIA)
ဒါကတော့ Scanners နဲ့ Cameras တို့အတွက် image နဲ့ပါတ်သတ်လို့ ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Window Management Instrumentation
ဒါကတော့ operating system နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကို management လုပ်ပေးတာတွေကို လက်ခံပေးတဲ့ ကြားခံ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။

Window Time
ဒါကတော့ ကွန်ပျုတာမှာရှိတဲ့ နာရီရဲ့ အချိန်အတိုင်းအတာကို ဆောင်ရွက်ပေးနေတဲ့ service ပါ။ သာမန်အားဖြင့် မလိုအပ်ဘူးထင်ရပေမယ့်။ သူကလည်း တခြား service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့အတွက် ပိတ်မထားသင့်ပါဘူး။

Wireless Zero Configuration
ဒါကတော့ service နာမည်အတိုင်းပါပဲ ကွန်ပျုတာရဲ့ wireless network နဲ့ ပါတ်သတ်တဲ့ service တစ်ခုပါ။ ကိုယ့် ကွန်ပျုတာက wireless network အသုံးပြုမှု/ မပြုမှုအပေါ် မူတည်ပြီး ပိတ်ထားခြင်း/ ဖွင့်ထားခြင်း စိတ်ကြိုက်လုပ်ဆောင်နို်င်ပါတယ်။

WMI Performance Adapter
ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။

Workstation
ဒါကတော့ client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်ပြီး သုံးနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

window system ရဲ့ service တွေနဲ့ပါတ်သတ်လို့ ကျနော် လေ့လာဖြစ်တာကတော့ ဒီလောက်ပါပဲ။ ကျနော်ပြောဖို့ ကျန်တဲ့ service တွေလည်း ရှိပါသေးတယ်။ တစ်ချို့လည်း သိပ်အရေးမကြီးဘူးထင်လို့ ချန်ခဲ့တာတွေပါ။ အခုရေးလိုက်တဲ့ service တွေအကြောင်းက အရင်တုန်းက ကျနော် ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံနဲ့ အခု မှတ်တမ်းရေးဖို့ service တစ်ခုခြင်းကို detail ကြည့်ပြီး ကိုယ်နားလည်သလို ရေးပေးလိုက်တာပါ။
အသုံးအနှုန်း အယူအစ မှားယွင်းတာများရှိခဲ့ရင် သေချာသိတဲ့သူများက ဝေဖန်အကြံပေး ပေးပါခင်ဗျာ။
ကျနောကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာမှာရှိတဲ့ လုပ်ငန်းစဉ် ၊ service တွေအကြောင်းကို သိချင်လို့ လေ့လာရင်း မှတ်တမ်းပြုစုလိုက်တာပါ။ စာဖတ်သူအားလုံး အဆင်ပြေပါစေဗျာ။
Related post : http://sawsan.freehostingcloud.com/technology/study-of-window-system-services-2
Download(filesize=229KB):http://sawsan.googlecode.com/files/Study_of_window_system_services_by_sawsan.pdf
source : www.sawsan23.com

Random Quote

—