Skip to main content

sawsan windows ပျက်တဲ့အခါ windows အတုဖန်တီးပြီး အသုံးပြုခြင်း

ဒီလိုဗျာ window အတုဆိုတာ window ပျက်တဲ့အခါ ယာယီ window တစ်ခုအနေနဲ့သုံးလို့ရတဲ့ Bootable CD တစ်ခုဖန်တီးပြီးသုံးတာကိုပြောတာပါ။ ဒီ Bootable CD လေးက ဘာတွေလုပ်ရလဲဆိုတော့..
window ပျက်တဲ့အခါ window ပြန်မတင်ခင် data တွေ backup လုပ်တာ။ data တွေကို Drive တစ်ခုကနေ တစ်ခုကိုရွေ့တာအပြင် အခြား PC Maintenance လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်ပါတယ်။
window မပျက်တဲ့ ကွန်ပျုတာတစ်လုံးမှာကျ ဘယ်လိုအသုံးဝင်သလဲဆိုတော့..
admin password ပေးထားလို့ ဝင်မရတဲ့ ဒီ bootable CD လေးနဲ့ ဝင်ပြီး လိုအပ်တဲ့ Data တွေကို ယူပြီးသုံးလို့ရတယ်။
Virus ကြောင့် window ပြန်တင်ပြီးတဲ့အခါ antivirus တောင်တင်မရလောက်အောင် ထိ ထားတဲ့အခါ..
အရင်က harddisk ဖြုတ်ပြီး အခြား ကွန်ပျုတာတစ်လုံးမှာ တပ်ပြီး virus သတ်ပြီးဖြေရှင်းမှ ရတယ်။
အခု ဒီ Bootable CD လေးထဲမှာ kasper antivirus ကို plugins တစ်ခုအနေနဲ့ ထည့်သုံးပြီး ဖြေရှင်းလို့ရတယ်။
ဒါတော့ နောက်မှပြောတော့မယ် အခု Bart'PE ရဲ့ pebuilder ကနေ Bootable CD လေးဖန်တီးကြည့်ရအောင်..
ဒီ pebuilder လေးကိုအရင် download ယူထားပါ။

Download (Filesize = 3.78 MB) >> http://sawsan.googlecode.com/files/pebuilder.zip

ပြီးတော့ zip ဖိုင်လေးကိုဖြည်ပြီး folder လေးထဲက pebuilder3110a ဆိုတဲ့ application လေးကို run လိုက်ပါ။
Next >> Next >> Next >> Next >> Install >> I agree ကိုနှိပ်ပြီး။
CD Drive ထဲမှာ နှစ်သက်ရာ window ခွေတစ်ခွေထည့်ထားပါ။ ပြီးရင်..



အခုလို Bootable CD တစ်ခုဖန်တီးဖို့ လိုအပ်တဲ့ window ဖိုင်အတွက် ရှာမယ်လို့မေးတဲ့အခါ yes ကိုနှိပ်လိုက်ပါ။ ရှာလို့တွေ့ပီဆိုရင်တော့.



CD Drive ထဲမှာထည့်ထားတဲ့ window ခွေထဲကနေ Bootable CD အတွက်လိုအပ်တဲ့ window ဖိုင်တွေအတွက် အဆင်ပြေမယ့်နေရာတွေကို ဖေါ်ပြထားတာပါ။ ok ပေးလိုက်ပါ။



ဒါက အဲ့ဒီနေရာတွေထဲက တကယ် window တင်ရင် သုံးတဲ့ လိပ်စာကိုရွေးပေးရပါမယ်။ ဒီနေရာမှာ ကိုယ်သုံးတဲ့ window ခွေအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ ဒီနေရာမှာမေးတာက ကျနော်တို့ထည့်ထားတဲ့ window ခွေထဲက function တွေအများကြီးရှိတဲ့ထဲက ဘယ်နေရာက ဖိုင်ကိုကူးယူပြီးသုံးရမလဲမေးတာပါ။ ကျနော်တို့ window တင်ရင် သုံးတဲ့ ဖိုင်နေရာကိုရွေှးပေးလိုက်ပါ။ ပြီးရင် OK.



ဒီနေရာမှတော့ သူလိုချင်တဲ့ window ဖိုင်နေရာလည်းရပီဆိုတော့ ကျနော်တို့လိုချင်တဲ့ pebuilder.iso ဖိုင်လေးအတွက်
Create ISO image : (Enter Filename) ဆိုတာကိုရွေးပေးပါ။ ပြီးတော့ ညာဘက် ခလုပ်လေးပေါ်နှိပ်ပြီး iso ဖိုင်ရောက်မယ့်နေရာကို
မြင်သာတဲ့ desktop ပေါ်ပြောင်းသိမ်းပါ။ သူ default ပေးထားတဲ့နေရာမှာ pebuilder ဆိုပြီး နာမည်တူဖိုင်တွေရှိနေလို့ ပြန်ရှာရခက်နေမှာဆိုးလို့ပါ။ ဒီ pebuilder.iso ဖိုင်လေးနဲ့ ဆက်အလုပ်လုပ်ရမှာဆိုတော့လေ။ ပြီးရင် Build ကိုနှိပ်ပါ။ Build ရဲ့ ဘယ်ဘက်က Plugins မှာ တခြားလိုအပ်တဲ့ software တစ်ချို့ထည့်သွားလို့ရပါတယ်။ ဥပမာ ; kasper antivirus လို BartPE ကို support လုပ်တဲ့ program မျိုးထည့်သုံးလို့လည်းရပါတယ်။ ဒါကိုတော့ ကျနော်လုပ်ကြည့်နေဆဲမို့ နောက်မှရေးပေးပါမယ်။
Build ကိုနှိပ်ပြီးရင် Box တစ်ခုတက်လာမယ်။ BartPE က pebuilder3110a ဆိုတဲ့ folder ထဲမှာ မရှိသေးပါဘူး။ ဖန်တီးမှာလားလို့ yes or no နဲ့မေးတာပါ။ yes နှိပ်လိုက်ပါ။ နောက်ထပ် box တစ်ခုတတ်လာပါမယ်။ I agree နဲ့ I do not agree မှာ I agree ကိုနှိပ်ပါ။
အခုဆို window CD ထဲက I386 folder ထဲကဖိုင်တွေကို ယူပြီး pebuilder.iso ဖိုင်တစ်ခု ဖန်တီးနေပါပြီ။


အခုလို Bootable CD အတွက် pebuilder.iso ဖိုင်တစ်ခု ဖန်တီးပြီးပြီဆိုရင် Close ကိုနှိပ်ပါ။ နောက်မှာကျန်နေတဲ့ box ကိုလည်း

Exit လုပ်ပါ။ နောက်ဆုံးကျန်တဲ့ box မှာလည်း Finish လုပ်လိုက်ပါ။
အခု ကျနော်တို့ Bootable CD တစ်ခုဖန်တီးဖို့ pebuilder ဆိုတဲ့ iso image ဖိုင်လေးရပါပြီ။
အဲ့ဒီ pebuilder ဆိုတဲ့ iso image ဖိုင်လေးကို ကလစ်နှိပ်ပြီး run လိုက်ပါ။ Burn ကိုနှိပ်ပြီး ခွေကူးဖို့နေရာကိုရောက်သွားမယ်။ တကယ်လို့ ခွေကူးတဲ့နေရာတန်းမရောက်ခဲ့ရင် openwith ကနေ nero ရဲ့ image file ကိုရွေှးပြီးဖွင့်ပါ။ ပြီးရင် CD ခွေအသစ်တစ်ခွေထည့်ပြီး Burn လိုက်ပါ။ ခွေကူးပြီးသွားရင်တော့ ယာယီ window တစ်ခုအနေနဲ့အသုံးပြုလို့ရတဲ့ window အတုခွေတစ်ခွေ
ရပါပြီ။ bootable CD ခွေထည့်ပြီး လက်ရှိ window ထဲက program တွေကို bootable CD ထဲမှာပါတဲ့ A43 program ကနေ add/remove လုပ်ခြင်း။ Drive တစ်ခုထဲမှ data တွေကို အခြား drive ထဲ ဒါမှမဟုတ် memory stick ထဲသို့ပြောင်းသိမ်းခြင်း စသည်ဖြင့် PC Maintenance လုပ်ငန်းတွေကို လုပ်ဆောင်လို့ရပါပြီဗျာ။ သုံးတော့မယ်ဆိုရင်တော့ ပုံမှန် window တင်ရင်လုပ်သလို first boot မှာ CD Drive ကိုရွေှးပေးပြီး CD Drive ထဲမှာ Bootable CD ခွေလေးထည့်ပြီး သုံးရင်ရပါပြီ။ တကယ်လို့ pebuilder iso image ဖိုင်ကို ခွေကူးဖို့ nero မရှိဘူးဆိုရင် အခု iso ဖိုင်လေးကို ခွေ Burn လို့ရတဲ့ software လေးကိုယူသုံးနိုင်ပါတယ်။

Download (FileSize = 1.8MB) >> https://sites.google.com/site/sawsanpku/PowerISO_v3.8__keygen.zip

အဆင်ပြေပါစေဗျာ .. အဆင်မပြေရင်လည်းပြောပါ။
source : http://sawsan.freehostingcloud.com

Random Quote

—