Skip to main content

sawsan Zawgyi ဖြင့် စာဖတ်လို့ရပြီး စာရိုက်လို့မရတဲ့ ပြဿနာများအတွက်

ဒီလိုဗျာ တစ်ချို့ Zawgyi ကိုဖတ်လို့ရတယ် ရေးလို့မရဘူးဆိုတာတွေဖြစ်နေတယ်။
zawgyi keyboard ရိုက်မရတာနဲ့ပါတ်သတ်လို့ သိသလောက်ပြောပြပါမယ်။
ပထမဆုံး zawgyi ကိုတော့ install လုပ်ထားရမှာပေါ့လေ။


စာဖတ်လို့ရပြီး unicode keyboard ကိုမပေါ်တဲ့ပြဿနာအတွက် ဒီလိုလုပ်ပါ။

run box မှာ intl.cpl လို့ရိုက်ပြီး Regional and Language Options ကိုဖွင့်ပါ။
Regional and Language Options ဆိုတဲ့ box ကျလာမယ်။ အဲ့မှာ Languages tab ထဲက Details ကိုနှိပ်ပါ။
ပြီးတော့ Advanced tab ထဲက Turn off advanced text services ဆိုတဲ့နေရာမှာ uncheck လုပ်ပါ။ ပြီးရင် apply >> ok ဆိုရင် keyboard လေးပေါ်လာပါမယ်။ keyboard လေးသာပေါ်လာတာ တစ်ချို့ အဲ့ဒီ keyboard ထဲမှာ zawgyi keyboard မပါသေးလို့ စာရိုက်မရတာတွေရှိတယ်။

unicode keybaord ထဲမှာ zawgyi keyboard ကို install လုပ်ခြင်း

ပုံထဲကအတိုင်း keyboard လေးပေါ်ကို r-click နှိပ်ပြီး settings ကိုနှိပ်ပါ။


ဒီနေရာမှာ zawgyi keyboard ပါမပါကြည့်ပါ။ မပါသေးရင် add ကိုနှိပ်ပါ။


ပုံမှာ ပြထားတဲ့အတိုင်း ကိုယ် install လုပ်ထားတဲ့ zawgyi အမျိုးအစားကို ရှာပြီးရွေှးပါ။ ပြီးတော့ ok နှိပ်ပါ။



အခုလို zawgyi keyboard လေးရောက်လာတာတွေ့ရပါမယ်။ ပြီးတော့ apply >> ok နှိပ်ပါ။
ဒါဆိုရင်တော့ zawgyi keyboard ကို install လုပ်ပြီးပါပြီး Shift+Ctrl ကို တစ်လှည့်ဆီနှိပ်ပြီးတော့ပဲဖြစ်ဖြစ်၊ keyboard icon လေးမှာ mouse လေးနဲ့ထောက်ရွေှးပြီးတော့ပဲဖြစ်ဖြစ် zawgyi ကိုသုံးလို့ရပါပြီ။ တစ်ချို့ကျတော့လည်း keyboard shortcut က Shift+Ctrl မဟုတ်ဘဲ Shift key တစ်ခုတည်းဖြစ်ရင်ဖြစ်နေတက်ပါတယ်။ Key Setting မှာ change လို့ရပါတယ်။ တော်တော်များများကတော့ zawgyi ကို install လုပ်ပြီးရင် ဘာမှ မလိုပါဘူးအဆင်ပြေပါတယ်။
အခုပြောတဲ့ နည်းလမ်းတွေက တစ်ချို့တစ်ဝက်အတွက်လိုအပ်နေလို့ပါ။ ကျနော်မှာဆိုလည်း
zawgyi ကို install လုပ်ပြီး restart ချလိုက်တာနဲ့ စာလည်းဖတ်လို့ရတယ်။ စာလည်းရိုက်လို့ရပါတယ် အခုလိုတွေ မလုပ်ရပါဘူး။ ဒါက

zawgyi နဲ့ပါတ်သတ်လို့ အခက်အခဲဖြစ်တဲ့သူများအတွက် ရည်ရွယ်ပါတယ်။ သိပြီးသားသူများနှင့် အခက်အခဲမဖြစ်တဲ့သူများအတွက် သိပ်အရေးမကြီးပါဘူး။ အဆင်ပြေပါစေဗျာ။
source : www.sawsan23.com

Random Quote

—