Skip to main content

sawsan ဒုစရိုက် (၁၀) ပါးနဲ့ သုစရိုက် (၁၀)ပါး

ဒီ (၁၀)ချက်က ဒုစရိုက် (၁၀)ပါးလို့ခေါ်တယ်၊ သိအပ်တယ် မကျင့်အပ်ဘူးနော်.....

ကာယ ဒုစရိုက်
၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း၊
၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
၃) ကာမေသုမိစ္ဆာစာရ =သူတစ်ပါးသားမယားကို ပြစ်မှားခြင်း။

ဝစီဒုစရိုက်
၄) မုသာဝါဒ = လိမ်ညာပြောခြင်း၊
၅) ပိသုဏဝါစာ = ကုန်းတိုက်စကားပြောခြင်း၊
၆) ဖရူသဝါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောခြင်း၊
၇) သမ္မပ္ပလာပ = အကျိုးမရှိသော စကားကိုပြောခြင်း။

မနောဒုစရိုက်
၈) အဘိဇ္ဈာ = သူတစ်ပါးဥစ္စာကို မတရားရရန်ကြံစည်ခြင်း၊
၉) ဗျာပါဒ = သူတစ်ပါးပျက်စီးရန် ကြံစည်ခြင်း၊
၁၀) မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း

ဒီ(၁၀)ချက်ကတော့ ပုညကြိယဝတ္ထု(၁၀)ပါးလို့ခေါ်တယ်၊ သိလည်းသိအပ်တယ် ကျင့်လည်းကျင့်အပ်တယ်နော်

(၁) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၂) ကိုယ်နှုတ် တို့ကို စောင့်ထိန်းခြင်း။
(၃) စိတ်ကို စင်ကြယ်အောင် စောင့်ထိန်းလေ့ကျင့်ပွားများခြင်း။
(၄) မိမိထက် “အသက်ကြီးသူ၊ ဝါကြီးသူ၊ ဂုဏ်ကျေးဇူးကြီးသူ” စတဲ့ “ရိုသေ လေးစားထိုက်သူ” တို့နဲ့ ဆက်ဆံတဲ့အခါမှာ မာနမကြီးဘဲ ဘဝင်မမြင့်ဘဲ မိမိကိုယ်ကို နှိမ့်ချပြီး ရိုသေလေးစားစွာ ဆက်ဆံခြင်း။
(၅) သူတပါးရဲ့ ကိစ္စကြီးငယ်တို့ကို စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက် လုပ်ကို်င်ပေးခြင်း။
(၆) မိမိပြုခဲ့တဲ့ ကောင်းမှုတို့ကို သူတပါးတို့အား မျှဝေပေးခြင်း။ (အမျှပေးဝေခြင်း)
(၇) သူတပါးက ကုသိုလ်အမျှပေးခြင်းကို ဝမ်းမြောက်ခြင်း။ (သာဓုခေါ်ခြင်း)
(၈) အသိစင်ကြယ်အောင်၊ အမြင်စင်ကြယ်အောင်၊ အယူအဆ စင်ကြယ်အောင် သူတော်ကောင်းတရား နာကြားခြင်း။
(၉) လာဘ်လာဘကို မငဲ့ဘဲ၊ ထင်ရှားကျော်ကြားမှုကို မမျှော်ကိုးဘဲ စိတ် စေတနာ သန့်သန့်နဲ့ မိမိသိရှိထားပြီးသော သူတော်ကောင်းတရားတို့ကို တဆင့်ပြန်လည် ပြောပြခြင်း။
(၁၀) အယူအဆ ဖြောင့်မတ်မှန်ကန်ခြင်း၊ အသိဉာဏ် စင်ကြယ်ခြင်း။

ဒုစရိုက် (၁၀)နဲ့ သုစရိုက် (၁၀)ပါကတော့ ဒါပဲဗျာ။ ကျနော့ကို ကျနော် အမြဲပြောနေရတဲ့ စကားလေး တစ်ခွန်း လက်ဆောင်ပေးလိုက်ဦးမယ်။ "ဘဝနဲ့ ဆန္ဒ တထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့် တထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ်အမြဲပြေနေမိပါတယ်" စာဖတ်သူအားလုံး အသိပညာများရရှိပြီး ကောင်းမြတ်တဲ့အကျင့်များကို အမြဲကျင့်ကြံနိုင်ပါစေလို့ .. ကျနော်လည်း ကြိုးစားလျှက် ...

Random Quote

—