Skip to main content

sawsan လူတို့တွင် ဖြစ်တတ်တဲ့ ချို့တဲ့ရာ ချို့တဲ့ကြောင်းများ

၁။ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှုမရှိရင် ...
ကျန်းမာရေး ချို့တဲ့ တက်တယ်။ ဒါက ဟိုတုန်းက ကြားဖူးနားဝကို လက်ခံထားတာ၊ အခု ထပ်ဖြည့်ပေးချင်တာက ဒါကဖြင့် ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို ဝေဖန် ပိုင်းခြား ဆုံးဖြတ်၊ ဆင်ခြင် နိုင်တဲ့ ဉာဏ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတိုင်း သတ္တိရှိရှိ လိုက်နာ ကျင့်ကြံနိုင်တဲ့ ဝီရိယ အားနည်းရင်လည်း ကျန်းမာရေး ချို့တဲ့ တက်ပါတယ်။

၂။ စာပေဗဟုသုတများကို သိလိုစိတ်ဖြင့် လေ့လာလိုက်စားမှု၊ အဆုံးအမ စကားများကို သိလိုစိတ်ဖြင့် လေ့လာဖတ်မှတ် နာကြားမှု အားနည်းရင် ...
အသိပညာ ဉာဏ် ချို့တဲ့ တက်ပါတယ်။

၃။ ကိုယ်အားကိုယ်ကိုး၍ ကျယ်ပြန့် နှံစပ်အောင် လေ့လာတက်မှု၊ ကိုယ့်ပင်ကိုယ် အရည်အသွေး၊ ကိုယ့်ဝါသနာကို ကိုယ်ကိုတိုင် သိအောင် ဖေါ်ထုတ် အသုံးချတက်မှု၊
မျှတ မှန်ကန်တဲ့ ဇွဲ၊ ဝီရိယ ရှိမှု၊ အချိန်ကို အကျိုးရှိရှိ အသုံးချတက်မှု စသည် တစ်ခုခုမှာ အားနည်းလွန်းနေရင် ...
သိအပ် တတ်အပ်တဲ့ အတက်ပညာတစ်ခုခုကို ထွန်းပေါက်အောင် သင်ယူ လေ့လာတဲ့အခါမှာ ရရှိဖို့ ချို့တဲ့ တက်ပါတယ်။

၄။ ကံ၊ ဉာဏ်၊ ဝီရိယ မျှတမှု မရှိရင် ...
တစ်ခုခုမှာ အားနည်းလွန်းနေရင် လောကီ စည်းစိမ် ကြီးပွားချမ်းသာရေးမှာ ချို့တဲ့တက်ပါတယ်။

၅။ မျှဝေပေးကမ်း စွန့်ကြဲတက်တဲ့ စိတ်၊ သည်းခံနိုင်တဲ့ စိတ်၊ ကူညီရိုင်းပင်းတက်တဲ့ စိတ်၊ စကားအပြောအဆို ပြေပြစ်မှု စသည်
တစ်ခုခုမှာ အားနည်းနေရင် ...
အပေါင်းအသင်း မိတ်ဆွေ ချို့တဲ့ တက်ပါတယ်။

၆။ သီလ၊ သမာဓိ၊ ပညာ မျှတမှုမရှိရင် ...
သီလ = ကိုယ်နှုတ်စိတ်ကို စောင့်ထိန်းနိုင်ခြင်း
သမာဓိ = အမှုမဲ့အမှတ်မဲ့ မနေပဲ အရာရာမှာ အချိန်တိုင်း သတိဖြင့် နေထိုင်တက်ခြင်း
ပညာ = အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး ၊ အမှား အမှန်ကို စဉ်းစားဆင်ခြင် တက်ခြင်း စသည်
တစ်ခုခုမှာ အားနည်းနေရင် ...
(လောကုတ္တရာ) လောကမှ လွတ်မြောက်ခြင်း ဆိုင်ရာ ဘာသာရေး အသိ၊ နိဗ္ဗာန် ရောက်ကြောင်း ခန္တာ ဉာဏ်ရောက် တရားများကို လေ့လာအားထုတ် ကျင့်ကြံတဲ့ နေရာမှာ ချို့တဲ့ နေတက်တယ်။

ဒီစာလေးတွေက ကိုယ့်ကိုကိုယ် ဆုံးမဖို့ အတွက် လေ့လာမှတ်သား အသိကနေ လိုက်နာ ကျင့်ကြံဖို့ အသိမှ အကျင့်ကို ကူးပြောင်းဖို့ တွေးတော ဆင်ခြင်ခြင်းကို ပြုလုပ်ရင်း မှတ်စု စာအုပ်လေးထဲမှာ ရေးမှတ်ထားတဲ့ စာလေးတွေပါ။ webpage ပေါ်ကို တင်သာ တင်လိုက်ရတာ စိတ်ထဲမှာ သိပ်တော့ မရဲဘူး။ ဘာလို့လဲဆိုတော့ အသိပညာဆိုင်ရာ အတွေးအခေါ် ၊ အယူအဆ လေးတွေက အရမ်းကို နက်နဲတော့ ကိုယ်က အခုမှ လေ့လာခါစ အသိလေးနဲ့ အများကို ချပြတဲ့နေရာမှာ အမှားပါသွားမှာဆိုးတယ်။ ဒါပေသိ ကိုယ်ပါနဲ့ကို notebook ထဲမှာ မှတ်ပြီး သိမ်းထားတာထက် အသိပညာ၊ အတွေးအခေါ် အယူအဆနဲ့ ပါတ်သက်လို့ သိတဲ့ တက်တဲ့ သူများက အမှားပါရင် ပြုပြင်ပေးလို့ရအောင် ဆိုတဲ့ စိတ်လေးနဲ့ ဒီ blog ကိုရေးသားခြင်း ဖြစ်ပါတယ်။
source : www.sawsan23.com

Random Quote

—