Skip to main content

sawsan စာလုံးလေးတစ်ခုခုရဲ့ အတွင်းနေရာမှာ ကိုယ့်ပုံကို ပြောင်းထည့်ခြင်း

ဒီလိုဗျာ စကားလုံးလေးတစ်ခုခုထဲမှာ အဲ့ဒီ စာလုံးရဲ့ အရောင်နေရာမှာ ကိုယ့်နှစ်သက်ရာ ပုံကို အစားထိုးဖို့ ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောမလို့ပါ။
သိပ်မရှင်းဘူးထင်တယ် ကျနော်လုပ်ထားတဲ့ ပုံလေးကိုကြည့်ကြည့်နော်..


အဲ့လိုလေးဗျာ စာလုံးလေးတစ်ခုပေါ့ အဲ့ထဲမှာ ကိုယ့်ပုံကို ထည့်သုံးချင်တယ်ဆိုရင်လေ
ပြောပြမယ်.. photos shop software တစ်ခုခုတော့ ရှိရမယ်ဗျ CS ဘယ်လောက်ဖြစ်ဖြစ်.. software ရှိတယ်မသုံးဖူးဘူးဆိုလည်းရတယ် ကျနော်က လုပ်ကြည့်လို့ ရအောင် ပြောမှာ ..
ပထမဆုံး photos shop နဲ့ နှစ်သက်ရာ ပုံလေး တစ်ပုံကိုယူ ဖွင့်ပါ။ ပြီးတော့ အဲ့ဒီ ပုံပေါ်မှာ နှစ်သက်ရာ စာလုံးလေး တစ်ခုခု ရိုက်ပါ။ စာရိုက်ဖို့က ဘယ်ဘက်ခြမ်းက tool box ထဲမှာ T ဆိုတဲ့ နေရာလေး ရှိတယ် အဲ့ပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး ပုံမှာ စာလုံးတစ်ခုခုရိုက်ပါ။


အခုပုံမှာ ကျနော်လုပ်သလိုလေးပေါ့။ ကျနော်ကတော့ ကိုယ့်ပုံကိုပဲ နှစ်သက်လို့ ကျနော့ပုံလေးပဲ သုံးလိုက်တယ် အဟက် ..
ပြီးတော့ ညာဘက်အောက်နားက layers box မှာ T ဆိုတဲ့ စာ layer ပေါ်ကို ctrl ကိုနှိပ်ထားပြီး ကလစ်တချက်နှိပ်ပါ။ စကားလုံး layer ကို select ပေးဖို့ပါ။
နောက်တစ်နည်းက အဲ့ဒီ စာလုံး layer ထဲက T ဆိုတဲ့ နေရာမှာ r-click နှိပ်ပြီး Select Layer Transparency ကိုနှိပ်ရင်လည်း layer select ဖြစ်ပါတယ်။
ပြီးရင် ပုံ layer ပေါ် ကလစ်တစ်ချက်နှိပ်ပါ။ layer box ထဲက ပုံ layer ကို select ဖြစ်စေဖို့ပါ။


ဒီလိုလေးဖြစ်နေရမယ်ဗျာ
ကိုယ်ရိုက်ထားတဲ့ စာလုံးလေးက select ပေးထားတဲ့ နေအထားမှာ ဖြစ်နေရမယ်။ layers box ထဲမှာက နောက်ခံ ပုံ layer ကို အခုလို ကလစ်တစ်ချက်နှိပ်ပြီး select ပေးထားလို့ အရောင်လေး သတ်မှတ်နေတဲ့ ပုံစံဖြစ်ရမယ်။ ပုံမှာ ပြထားတဲ့အတိုင်းလေးဖြစ်ရမှာနော်။ ရမယ်ဟုတ်?
အဲ့လိုဖြစ်ပီဆိုရင် ..
Ctrl+C ပြီးတော့ Ctrl+V အဲ့ဒါကိုနှိပ်။ အဲ့လိုနှိပ်ပြီးရင်


layer box ထဲမှာ ဒီလိုလေး နောက်ထပ် layer တစ်ခုပေါ်လာမယ်။ အဲ့ဒါက ကျနော်တို့လိုချင်တဲ့ စာလုံးထဲမှာ နောက်ခံပုံကို ထည့်ပြီးဖြစ်တဲ့ ပုံပါပဲဗျာ။
အဲ့ဒီပုံလေးကိုပဲ လိုချင်တာဆိုတော့ layer box ထဲမှာ


အခုလိုမျိုလေး ပထမရေးထားတဲ့ စာလုံးလေးရဲ့ layer နဲ့ နောက်ခံပုံအဖြစ်ထားဖို့ ဖွင့်ထားတဲ့ ပုံ layer ရဲ့ မျက်လုံးလေးတွေနေရာကို ကလစ်တစ်ချက်နှိပ်ပြီး ဖျောက်လိုက်ပါ။
ဒါဆိုရင် ပုံမှာ ပြထားသလို ကျနော်တို့ လိုချင်တဲ့ စကားလုံးလေးထဲမှာ ကိုယ်နှစ်သက်ရာ ပုံထည့်သွင်းခြင်း ပြီးပါပီဗျာ။ ပုံကို save ပြီး လိုအပ်တဲ့နေရာမှာ သုံးရုံပါပဲခင်ဗျာ။ အဆင်ပြေပါစေဗျာ။ source : www.sawsan23.com

Random Quote

—