Skip to main content

sawsan Website တည်ဆောက်ဖို့ hosting တွေမှ wordpress ကို install လုပ်နည်းများ

ဒီလိုဗျာ အင်တာနက်ထဲမှာ ကိုယ်ဝါသနာပါတာလေးတွေ၊ လေ့လာဖြစ်တာလေးတွေကို ကိုယ်ပိုင်နေရာတလေးတစ်ခုလုပ်ပြီး Blog လေးတွေရေးလာကြတယ်။ တစ်ချို့လည်း social network တွေမှာရေးတယ်။ အခုက ကျနော်တို့ မြန်မာနိုင်ငံက မြန်မာ Blogger တွေအများကြီးပေါ်ပေါက်လာစေဖို့ ကိုယ်ပိုင် site တစ်ခုတည်ဆောက်ခြင်းကိုပြောမလို့ပါ။ website တစ်ခုတည်ဆောက်တဲ့ နည်းလမ်းတွေကတော့ အားကြီးရှိတာပေါ့လေ ဒါပေသိ ကျနော်အနှစ်သက်ဆုံးနဲ့ အခုသုံးဖြစ်တဲ့ CMS (Content Management System) က wordpress ပါ။ hosting တစ်ခုကနေ wp ကို install လုပ်ပြီး သုံးထားပါတယ်။ အဲ့လို hosting ကောင်းကောင်းတစ်ခုကနေ wp ကို install လုပ်တဲ့ နည်းလမ်းတွေကို ရေးထားတဲ့ စာအုပ် ၂ အုပ်ကို ယူပြီး ဖတ်ကြည့်ပြီး လုပ်ရင် wordpress website ကောင်းတစ်ခုရမှာပါ။ Download (Filesize = 0.98MB) >> https://sites.google.com/site/sawsanpku/making-wordpress-blog.pdf Download (Filesize = 1.05MB) >> https://sites.google.com/site/sawsanpku/WPUserGuidebyZuzuaung.pdf နောက် wordpress install စလုပ်မယ့်သူတွေအတွက် ကိုစေတန်ရေးတဲ့ Cpanel အကြောင်းလည်းတွဲဖတ်လေ့လာသင့်တာမို့ Download (Filesize = 492KB) >> https://sites.google.com/site/sawsanpku/Cpanel.pdf နောက်တစ်ခုက wordpress အတွက်တော့မဟုတ်ဘူး ကိုညီလင်းဆက်ရေးတဲ့ blogspot လုပ်နည်း Download (Filesize = 6.73 MB) >> https://sites.google.com/site/sawsanpku/howtomakemyanmarblog.pdf ကြုံတုန်း နောက်ထပ် gmail & gtalk အသုံးပြုနည်းအစုံရေးထားတဲ့ စာအုပ်လေး အင်တာနက်ကို အခုမှ စသုံးမယ့်သူတွေအတွက်သင့်တော်ပါတယ်။ ရေးသားသူက habbeam.blogspot.com ကလို့ သိရပါတယ်။ အတော်ကို စုံလင်ကောင်းမွန်တဲ့ စာအုပ်လေးပါ။ Download (Filesize = 19.9MB) >> https://sites.google.com/site/sawsanpku/veryeasyusefulforgmailandgtalk.pdf ကြုံတုန်းဗျာ နောက်တစ်ခု ကျနော် အင်တာနက်စသုံးခါစက ဖတ်ဖို့ စုစုထားတဲ့ နည်းပညာသမားတို့ရဲ့ နည်းပညာ မှတ်တမ်းတွေ နဲ့ ရီစရာ ဟာသလေးတွေ .. Donwload (Filesize = 435KB) >> https://sites.google.com/site/sawsanpku/Technology.knowledge%2Cetc.TXT နည်းပညာဆိုင်ရာ စာအုပ်တွေကတော့ ဒီလောက်ပါပဲ။ နောက်ဆုံးအနေနဲ့က ကျနော်အခုသုံးနေတဲ့ fhc ကနေ hosting ယူပြီး wp ကို install လုပ်နည်းပါ။ ဒါကတော့ ကျနော့ သူငယ်ချင်းလည်းဖြစ်တဲ့ ညီငယ် K ဆိုတဲ့ ကွန်ပျုတာကျောင်းသားလေးရေးထားတာပါ။ ဒီမှာ ကြည့်ကြည့်ပါ။ http://k-dream.freehostingcloud.com/2010/07/installation-wordpress-with-freehostingcloud/ အခု fhc ကနေ wp install လုပ်နည်းကို စိတ်ဝင်စားတယ်ဆိုရင် အခု fhc ကနေ wordpress ကို install လုပ်ထားတဲ့ မြန်မာနိုင်ငံက ကျနော်တို့ site တွေကို လေ့လာကြည့်နိုင်ပါတယ်။ www.sawsan23.freehostingcloud.com www.k-dream.freehostingcloud.com www.layeik.freehostingcloud.com www.m0rris.freehostingcloud.com ဒီ fhc ကနေ hosting ယူဖို့က မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများရဲ့ ip ကို ban ထားပါတယ်။ freedom သုံးပြီး ယူမှရပါတယ်။ Freedom သုံးနည်းကို K ရေးထားတာလေးရှိပါတယ်။ အရင်ဆုံး Freedom ကို download ဆွဲလိုက်ပါ။ Www.your-freedom.net မှာ Sing Up လုပ်ပါ။ Download ဆွဲပါ။ www.your-freedom.net/index.php?id=downloads Setup ကိုအဆင့်ဆင့်လုပ်သွားလိုက်ပါ။ ပြီးရင် Freedom ကိုဖွင့်လိုက်ပါ။ အဲ့နောက်မှာ သူက Language ရွေးခိုင်းပါလိမ့်မယ်။ မြန်မာစာက အစပါပါတယ်။ မြန်မာပဲရွေးလိုက်ပါတော့မယ်။ Configuration Wizard ပေါ်လာပါလိမ့်မယ်။ Cancel နှိပ်လိုက်ပါ။ ပြီးရင် ပြင်ဆင်မှုပြုလုပ်ရန် ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ ဖရီးဒမ်ဆာဗာ အောက်က Address မှာ ems.resolution.de ကိုရိုက်ထည့်ပါ။ Port မှာ 443 ကိုထည့်ပါ။ နောက် Options ထဲက မြန်မာလိုရေးထားတဲ့ အရာသုံးခုလုံးကို Mark လုပ်ပေးပါ။ နောက် Account Information မှာ ခုနက Sing Up လုပ်ထားတဲ့ နာမည်နဲ့ စကားဝှက်ကို ထည့်ပေးပါ။ Proxy Setting ထဲမှာတော့ ကိုယ့်စက်ရဲ့ Proxy ကိုထည့်ပေးပါ။ ( ကျွန်တော်ဆိုရင် Proxy Address မှာ 192.168.1.1 : Proxy Port မှာ 8080 ကိုထည့်ပါတယ်။ ) ပြီးရင် သိမ်းပြီးထွက်ရန် ကိုနှိပ်ပါ။ ပြီးရင် Ports ဆိုတာမှာ SOCKS 4/5 Port 1080 နဲ့ Web Proxy Port 8080 ကို Mark လုပ်ပေးပါ။ ပြီးရင် စတင်ဆက်သွယ်ရန်ကို လုပ်ပေးပါ။ ခဏလေးပဲကြာပါတယ်။ Freedom ကို သုံးလို့ရပါပြီ။ ပြီးရင် Firefox proxy မှာ 127.0.0.1 .. Port မှာ 8080 ထည့်လိုက်ပါ။ ကဲ ... ကြိုက်တဲ့ website ကိုဝင်ကြည့်ပါ။ Access Denied တို့လည်းကင်းဝေးပါပြီ။ ( ultrasurf မှာတောင် ultrasurf က ဘန်းထားတဲ့ site တွေရှိပါသေးတယ်။ Freedom မှာတော့ မရှိပါဘူး ) ... နောက်ပြီး Freedom က connection အဆိုးကြီးမဟုတ်ရင် အတော်လေးသုံးလို့ကောင်းပါတယ်... အဟတ် ;) freedom က fhc မှာ hosti
ng ယူတုန်းပဲသုံးရတာပါ။ နောက်ပိုင်းမှာတော့ အဆင်ပြေပြေဆုံးလို့ရပါတယ်။ အခုကျနော်တို့ သုံးထားတဲ့ fhc က ip ban ထားတဲ့အတွက် လုပ်ရတာ အခုလို နည်းနည်လေးခက်ချင်ပါတယ်။ အခုနောက်ပိုင်းဆို freedom သုံးပြီးယူတာတောင် တစ်ခါတစ်ခါ မရချင်ပါဘူး။ ဒါကြောင့် ပေါ်မှာပေးထားတဲ့ www.mmwordpress.com က အကိုတွေရေးတဲ့ wp install လုပ်နည်းစာအုပ်နဲ့ ကိုဇူးဇူးအောင်ရေးတဲ့ wp install လုပ်နည်း စာအုပ်တွေထဲက နည်းတွေကတော့ အဆင်ပြေပါတယ်။ ကျနော်တို့ fhc လို ip ban ထားတာကို ကျော်ပြီး မရရအောင်ယူရတာမျိုးတွေ မရှိပါဘူး ;) ။ ဒါကြောင့် ကျနော်တို့လို ခေါင်းမရှုပ်ရအောင် လွယ်ကူရိုးရှင်းတဲ့ wp install လုပ်နည်း စာအုပ် ၂ အုပ်ကိုဖတ်ပြီးလုပ်ကြည့်ပါ။ ကျနော်တို့ သုံးသလို fhc မှ သုံးချင်တယ်ဆိုရင်လည်း သုံးပါ။ freedom ကိုသုံးပြီး ဒီ fhc ကနေ hosting ယူ wp ကို install လုပ်ပြီး website တစ်ခုတည်ဆောက်တဲ့နေရာမှာ အဆင်မပြေခဲ့ရင် [email protected] နှင့် [email protected] ကို mail ပို့ပြီးပဲဖြစ်ဖြစ် invite လုပ်ပြီးပဲဖြစ်ဖြစ် မေးလို့ရပါတယ်။ အဆင်ပြေပါစေဗျာ။ ဒီ Blog က Open Source ပါခင်ဗျာ ပြန်လည် မျှဝေနိုင်ပါတယ်။ Related post : http://sawsan.freehostingcloud.com/installation-wordpress-with-freezoka

Random Quote

—