Skip to main content

sawsan BIOS Password and Admin Password Changer

ဒါ program လေးက နည်းနည်းတော့ ရှားမယ်ထင်ပါတယ်။
ကွန်ပျုတာ service လုပ်တဲ့ သူတွေအတွက် ဆောင်ထားသင့်တဲ့ program တစ်ခုပါ။
ကွန်ပျုတာကို လိုအပ်လို့ window ပြန်တင်မယ်ဆိုတဲ့အခါမှာ BIOS ထဲကို ၀င်ရတဲ့အခါ..
BIOS password ပေးထားရင် Desktop ကွန်ပျုတာမှာ cmos battary လေးဖြုတ်လိုက်ရုံနဲ့ အဆင်ပြေပေမယ့်
Laptop မှာ cmos battary ဖြုတ်ဖို့ နည်းနည်းခက်ပါတယ်။
ဒါကြောင့် ဒီ BIOS Password Changer လေးက ဆောင်ထားသင့်တာပါ။
Download (file size = 36 kb) >> https://sites.google.com/site/sawsanpku/biospasswordchanger.zip
၁။ ဒီ bios password changer.zip လေးကို down ပြီး zip ဖိုင်လေးကို ဖြည်၊ အထဲက ဖိုင် ၂ ဖိုင်ကို CD ခွေနဲ့ ကူးထားပါ။ usb stick အလွတ်ထဲမှာ ထည့်ပြီး သုံးမယ်ဆိုရင်လည်း ရပါတယ်။
၂။ bios password changer ခွေ or usb လေးနဲ့ boot တက်ပါ။


၃။ ပုံမှာ ပြထားတဲ့အတိုင်း 2 ကိုရိုက်ပြီး enter ရိုက်ပါ။
၄။ Please wait : *  ဆိုပြီးအလုပ်လုပ်နေတဲ့အခါ ခဏစောင့်ပါ။
၅။ There is one MS SAM database. 
    Pass Enter to Continue ...     ဆိုတဲ့အခါ Enter နှိပ်ပါ။
၆။ 0 , 1, 2, 3 ဆိုပြီး Item ၄ ခုထဲက တစ်ခုရွေှးခိုင်းတဲ့အခါ 0 (Administrator) ကိုရွေှးပါ။
၇။ Would you like to Reset this user's password? (Y,N) : [ ]   ဆိုတဲ့အခါ Y ကိုရိုက်ပြီး Enter နှိပ်ပါ။
၈။ Password has been successfully reset. (Press any key) ဆိုတဲ့အခါ Enter နှိပ်ပါ။
၉။ Ctrl + Alt + Del ကိုတွဲနှိပ်ပြီးဖြစ်စေ restart ခလုပ်ကို နှိပ်ပြီးဖြစ်စေ restart ချလိုက်ပါ။ ပြီးတော့ password changer ခွေလည်း ထုတ်ထားပါ။
၁၀။ restart ချနေတုန်းမှာပဲ bios ထဲကို ၀င်ကြည့်ပါ။ password တောင်းတဲ့အခါ enter နှိပ်လိုက်ပါ။ အခုဆို bios ထဲဝင်လို့ရသွားပါပီ။
၁၁။ bios ထဲကိုရောက်သွားပီဆိုရင် bios password ကို clear လုပ်လိုက်ပါ။ ဒါဆို နောက်တစ်ခါ bios ထဲကို ၀င်တဲ့အခါ enter လည်းရို်က်စရာမလိုတော့ပါဘူး။
ကျနော်က bios password အတွက်သုံးကြည့်ပေမယ့် သူငယ်ချင်းတစ်ယောက်ကို ဒီ program ပေးသုံးလိုက်တာ ကွန်ပျုတာရဲ့ admin password ပါ changer လုပ်နိုင်တယ်လို့ သိရပါတယ်။
အဆင်ပြေပါစေဗျာ။ source : www.sawsan23.com

Random Quote

—