Skip to main content

sawsan အမှန်ကို တားသည့် အတားအဆီးနှင့် ပယ်ရမည့် အယူ

အမှန်ကို တားသည့် အတားအဆီး

ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ယုံကြည်လက်ခံရန် အင်အားရာခိုင်းနှုန်း အတော်များသည့် လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။

နက်နဲသော အချင်းအရာတစ်ခုကို စဉ်စားရခြင်း အလုပ်သည် ဦးနှောက်ရှုပ်စေသည်ဟု ဆိုကြ၏။ စဉ်စားရသော အလုပ်၌ ဝါသနာထုံသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများ ရှိနေကြပြန်လေသည်။

(၁) မိရိုးဖလာ အစဉ်အလာကို မပယ်နိုင်ခြင်း၊

(၂) သဘာ၀ကျ-မကျကိုဆုံးဖြတ်နိုင်သော ဉာဏ်နည်းပါးခြင်း၊

(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်းတို့ ဖြစ်ကြလေသည်။ (ရွေှဥဒေါင်း)



ပယ်ရမည့် အယူ

ပြဿဒါ၊ ရက်ရာဇာ၊ မြေခံ၊ နားဂါးလှည့်ကို ရွေးခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊ အောင်ပါသော စကား၊ ကိုးပါသော စကားကိုမှ မင်္ဂလာရှိသည်ဟု ယူဆခြင်း၊ အသက်ကိုတည် ခုနစ်နှင့်စား၍ ဆေးကုခြင်း၊ လပြည့်ကျော် (၁)ရက်မှ စသည်၍ ကျသောနေ့ကို တိုင်ထူ၍ ဆေးကုခြင်း၊ မည်သည့် သစ်ပင်ကို မစိုက်ကောင်းဟု ယူဆခြင်း၊ အိမ်ကို ခွေးတက် ဗျိုင်းနား၊ လင်းတနား ပျားစွဲလျှင် မည်သို့ ဖြစ်လိမ့်မည်ဟု ယူဆခြင်း၊ အိမ်ဆောက်ဆဲ အိမ်ရှင်သေလျှင် မီးကျော်သည်ဟု ယူ၍ မည်သူမျှ မနေဝံ့ခြင်း၊ အိမ်ခိုက်သည် ကျောင်းခိုက်သည်ဟု ယူဆခြင်းတို့သည် ကံကံ၏ အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆမဟုတ်၍ စွန့်ပယ်အပ်ကုန်၏။ (ရွေှဟင်္သာတောရတိုက်၊ စံကျောင်းဆရာတော်ဘုရာကြီး၏ အပရိ ဟာနိယကျမ်းအဖွင့်မှ)
ဟိုတလောက လက်ဆောင်ရထားတဲ့ ဆရာတော် အရှင်ဇဝန၊ (မေတ္တာရှင်) ရွေှပြည်သာ ရေးသားသော“ထေရဝါဒ မှတ်ကျောက်” စာအုပ်မှ ဖတ်မိတာလေးကို ပြန်လည်မျှဝေပေးတာပါ။ code : www.sawsan23.com

Random Quote

—