Skip to main content

sawsan မလျော့မတင်း စောင်းကြိုးညှင်းပြဿနာ

မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့် အရေသာကျန်၏။ ဂေါတမြတ်စွာဘုရား နုစဉ်ဘဝ ဇောတိပါလပုဏ္ဏား ဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား “သူက ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊ ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်” ဟူသော ၀စီကံဖြင့် ပြစ်မှားခဲ့ဖူးသော ၀ဋ္ဋ်ကြေွးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏။
ခြောက်နှစ်ပြည့်၍ ဝဋ်ကြေွးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် (မဇ္ဈမပဋိပါဒလမ်း)ကို အလိုလို ထိုးထွင်းသိပြီး သဗ္ဗညုတဉာဏ်တော်ကို ရရှိသွား၏။ ဤကား ဘုရားဟော ကျမ်းဂန်လာအတိုင်းအတိအကျ ဖြစ်၏။ သို့သော် ယခုအခါ မည်သည့် ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ၊ ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းတီးခက်ပြနေသောနတ်သားတစ်ယောက် ပုံပါလာ၏။
ထိုနတ်သားက စောင်းကြိုးများကို တအား လျှော့၍တီး၏။ အသံထွက်မလာ။ တစ်ဖန် စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏။ စောင်းကြိုးကို အလယ်အလတ်ထားတီးမှသုတိသာယာသော စောင်းသံထွက်လာ၏။ ထိုအခါကျမှ ဘုရားလောင်းသည် မိမိအမှားကို သိမြင်ပြီး အလယ်အလတ်(မဇ္ဈိမပဋိပဒါ)လမ်းကို ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည်ဟု ပန်းချီးကားကညွှန်ပြနေ၏။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ “သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူခြင်း” ဟု အဓိပ္ပါယ် ရ၏။ ထိုသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကို ထောက်ထားပြီးနတ်က စောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည်ဟူသော အယူအဆကြီးကို ဗုဒ္ဓဘာသာ သာသနာ လောကမှ အမြန်ဖယ်ရှားပစ်ရမည် ဖြစ်သည်။
ဟိုတလောက လက်ဆောင်ရထားတဲ့ ဆရာတော် အရှင်ဇဝန၊ (မေတ္တာရှင်) ရွေှပြည်သာ ရေးသားသော“ထေရဝါဒ မှတ်ကျောက်” စာအုပ်မှ ဖတ်မိတာလေးကို ပြန်လည်မျှဝေပေးတာပါ။ code : www.sawsan23.com

Random Quote

—