Skip to main content

sawsan အချိန်ပိုကို ဘယ်လို သုံးသလဲ။ အဲဒါကို ကြည့်ပြီး ဒီလူဟာ ဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ပြောနိုင်ပါတယ်

တိုးတက်ကြီးပွားတဲ့သူဟာ အဲ့ဒီ အချိန်ပိုလို့ခေါ်တဲ့ အချိန်ကို ကောင်းကောင်း ရင်းနှီးမြှုပ်နှံတက်တယ်။ လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို အကောင်းဆုံးနေရာမှာ သုံးတဲ့ သူဟာတစ်နေ့တခြား အရည်အချင်း ပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။ အချိန်ကို တန်ဘိုးရှိရှိ သုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း ခံရတယ်။ အရည်အချည်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု ရင်းနှီးမှု ရှိတယ်။ ဒါကြောင့် ပိုပြီး တိုးတက်ဖို့ အလားအလာ ရှိတယ်။ အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှ မလေးစားဘူး။ လူတွေရဲ့ လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ နေရာကောင်း မရနိုင်ဘူး။ တပည့်က အချိန်ဖြုန်းနေရင် ဆရာက အဲဒီတပည့်ကို ပေးရတဲ့အချိန်ဟာ ပေးရကျိုး မနပ်ဘူးလို့ တွေးမယ်။ အဲဒီလို ဆိုရင် အဲဒီ တပည့်ဟာ ဆရာ့ဆီက ရနိုင်သလောက်ပညာကို ပြည့်ပြည့်ဝဝ ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ မဖြစ်နိုင်တော့ဘူး။


တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေှး၊ နေရာ မရွေှးသတိကို ကပ်ထားနိုင်မှ ကြားလပ်သွားတာ မရှိအောင် တရားကို အားထုတ်နိုင်မှ တကယ်အဆင့်မြင့်တဲ့ တရားကို သိနိုင်တယ်။ လုပ်ချင်လုပ်မယ် မလုပ်ချင် မလုပ်ဘူးဆိုရင်တော့ အဆင့်မြှင့်တဲ့တရားကို မသိနိုင်ဘူး။


ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။ အချိန်ဖြုန်းဖို့ နည်းတွေလည်း ပိုများလာတယ်။ အချိန်ဖြုန်းတဲ့ လူငယ်တွေ ဘာဖြစ်မလဲ။ အသက်ကြီးလာလေ အသုံးမဝင်လေ ဖြစ်မယ်။ ခိုင်းတာ လုပ်ရတဲ့သူတွေ ဖြစ်မယ်။ ခေါင်းဆောင် မဖြစ်နိုင်ဘူး။


ဒီစာတွေက မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ “လွတ်လပ်သော စိတ်”ဆိုတဲ့ စာအုပ်ထဲကပါ။


Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။


“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”။


ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။ source : www.sawsan23.com

Random Quote

—