ပထမ window system ရဲ့ services တွေအကြောင်းလေ့လာခြင်း ကိုရေးပြီးတော့ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ တစ်ချို့ လက်တွေ့ အသုံးချလုပ်ဆောင်ဖို့ ခက်နေတာတွေ့ရတယ်။ အဲ့တုန်းကလည်း services တစ်ခုခြင်းစီကို ဘာသာပြန်၊ ကိုယ့်အတွေ့အကြုံနဲ့ပေါင်းရေးလိုက်တာ၊ နည်းနည်း စာဆန်တယ်လို့ပြောတယ်။ အဲ့တုန်းက တကယ် အလုပ်လုပ်နေတဲ့ services ပေါင်း ၄၀ ကျော်ရဲ့ အကြောင်းကိုပဲ ရေးလိုက်တာ၊ အဲ့ဒီ services တစ်ခုခြင်းစီရဲ့ အဓိပ္ပါယ်တွေလည်း သိပြီးဆိုတော့၊ ကိုယ်ကွန်ပျုတာမှာရှိတဲ့ services တွေကို လက်တွေ့အသုံးချထားပုံကို ရေးတော့မယ်။ ရေးမယ်ဆိုတာထက် ပုံလေးတွေနဲ့ ပြပေးမယ်။ ပထမဆုံး ကွန်ပျုတာရဲ့ services တွေကို ဖွင့်ပါ။
ကျနော်က system services တွေကို အလွယ်ထုတ်ထားလို့ ကလစ်နှိပ်ဖွင့်လိုက်တာပါ။ run box မှာ services.msc လို့ရိုက်ပြီး ဖွင့်ရမှာပါ။
အခု အပေါ်က ပုံက စပြီး services တွေကို ကြည့်ပြီး နောက်ပုံထဲက services တွေကိုလည်း ကျနော် ထားတဲ့အတိုင်း ထားပေးပါ။ 

ကွန်ပျုတာမှာရှိတဲ့ services ပေါင်း၁၄၃ ခုခန့်မှာ ၄၅ ခုခန့်ကိုသာ run စေပြီး ကျန် ၉၀ ကျော်ကို disable ၊ Manual လုပ်ထားတဲ့ ပုံများပဲ ဖြစ်ပါတယ်။ ကျနော့ ကွန်ပျုတာထဲမှာပါတဲ့ services ပေါင်းက ၁၄၃ ခု၊ တကယ်အသုံးချဖို့လိုပြီး အများဆုံးအလုပ်လုပ်သင့်တဲ့ services တွေကို စိစစ်ပြီး အသုံးချထားတာက ၄၅ ခုလောက်ပဲရှိပါတယ်။ ကွန်ပျုတာတစ်လုံးမှာ မလိုအပ်တဲ့ services တွေနဲ့ အသုံးနည်းဆုံး services တွေကို ပိတ်ထားတာ အကောင်းဆုံးပါ။ အဲ့ဒီလို လိုအပ်တာလောက်ပဲ အသုံးချစေပြီး မလိုအပ်တဲ့ services တွေကို ပိတ်မထားဘူးဆိုရင်.. မလိုအပ်ပဲ အလုပ်လုပ်နေရင် ကွန်ပျုတာကို hang စေတဲ့ services ပေါင်းက ၉၀ ကျော်ရှိနေပါတယ်။ ဒါတွေကို ပိတ်သင့်တာပိတ်ပြီး manual ထားသင့်တာထား၊ လုပ်ဆောင်မယ်ဆိုရင် ကွန်ပျုတာရဲ့ နောက်ကွယ်က အလုပ်လုပ်နေတဲ့ services တွေကို အပိုအလိုမရှိ စနစ်တကျ အသုံးချထားတဲ့ ကွန်ပျုတာ တစ်လုံးဖြစ်နေမှာပါ။ အကျိုးသက်ရောက်မူကတော့ ကွန်ပျုတာအသုံးချသူတိုင်း လိုချင်တဲ့ ကွန်ပျုတာစွမ်းဆောင်ရည် သွတ်လပ်မှု၊ တကယ် အသုံးချနေတဲ့အခါမှာ ကွန်ပျုတာ hang တယ်ဆိုတာမျိုး အဖြစ်နည်းစေခြင်းတို့ကို ရရှိစေမှာ ဖြစ်ပါတယ်။ source : www.sawsan23.com