Skip to main content

sawsan ဘာဖြစ်လို့ မရင့်ကျက်တာလဲဆိုတော့

ကိလေသာက အမျိုးမျိုးလှည့်စားတတ်တယ်။ လိုချင်တာလေးရရင် ချမ်းသာမယ်။ ဖြစ်ချင်တာလေးဖြစ်ရင် ချမ်းသာမယ်လို့ ထင်တာနော် …
ဒီလိုထင်နေရင်တော့ မှားတယ်။ အဲဒါ မိမိစိတ်က မိမိကို လှည့်စားတာပဲ။ ငါလိုချင်တာ၊ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာဟာ
စိတ်ရဲ့ လှည့်စားမှုပါပဲ။
လောကရဲ့ သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နဲနဲပါးပါးလောက်ပဲ ဖြစ်မယ်။ ဖြစ်လာတဲ့ ကိစ္စတိုင်းဟာလည်း ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာမဟုတ်ဘူး။ စိတ်တိုင်းကျဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ့ သဘာဝကိုက ဒီအတိုင်းပဲ။
မကျေနပ်ခြင်းဆိုတဲ့ သဘောဟာ စိတ်ရဲ့ သဘာဝပဲ။ စိတ်ရဲ့ သဘာဝကို အဲဒီလိုကြည့်ကြည့်ပြီးတော့ သိလာတယ်ဆိုရင်ကိုပဲ အင်မတန် အသိဉာဏ်နက်နဲတဲ့ လူဖြစ်လာပြီ။ ဘဝလမ်းကြောင်းဟာ နဲနဲပြောင်းသွားနိုင်ပြီ။ အရာရာကို ပိုပြီးတော့ လေးလေးနက်နက် စဉ်းစားပြီး လုပ်တောမှာ။ လောဘ၊ ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဉာဏ်ပညာတော်တော်ရှိတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်ပညာ အင်မတန် ရင့်ကျက်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို့ မရင့်ကျက်တာလဲဆိုတော့ လောဘ၊ ဒေါသရဲ့ လွှမ်းမိုးမှုကို ခံနေရလို့ပဲ။ ဒီကိလေသာတွေကို နဲနဲသိတယ်ဆိုရင်ပဲ သူတို့ရဲ့ လွှမ်းမိုးမှုကနေ သက်သာရာရပြီ။ သူတို့ လုံးဝအပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ သူတို့ရဲ့ လွှမ်းမိုးမှုက အများကြီးနဲသွားပြီ။
သိလိုက်တယ်ဆိုရင်ပဲ တစ်နာရီလောက်ဖြစ်ရမယ့် လောဘ၊ ဒေါသ၊ မာန၊ က္ကဿာ၊ မစ္ဆရိယရဲ့ ပူလောင်မှုဟာ မိနစ်ပိုင်းလောက်နဲ့ ပြေသွားတယ်။ အဲဒါဆိုရင် ဘယ်လောက်သက်သာ နေပြီလဲ။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၉၀%လောက် သက်သာနေတယ်နော်။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
ကျနော်က ဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက အများသူငါ အသိတိုးစေမယ့် စာလို့ ယူဆရင် အခုလို စာစီစာရိုက်လုပ်ပီး မျှဝေနေကြပါ။
>> ဘဝနဲ့ ဆန္ဒတစ်ထပ်တည်းကျဖို့ ထက် အသိနဲ့ အကျင့် တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုယ်ကို အမြဲပြောနေမိပါတယ် ..
>> အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်။
code : http://sawsan.freehostingcloud.com

Random Quote

—