Skip to main content

sawsan စိတ်ထားပြောင်းလဲမှုတွေ

တရားကို အမြဲတမ်းအားထုတ်နေတဲ့သူဟာ လောဘ၊ ဒေါသ၊ တဖြည်းဖြည်း နဲလာတယ်။ ပိုပြီးတော့ စိတ်က သိမ်မွေ့နူးညံ့လာတယ်။ အေးချမ်းလာတယ်။ အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် ဖြစ်တဲ့အခါမှာ လူတစ်ယောက်ကို မြင်လိုက်ရင် အလိုလိုနေရင်း မေတ္တာစိတ်က ရှိလာတယ်။ အလိုလိုနေရင်းနဲ့ ချစ်ခင်တဲ့ စိတ်၊ လေးစားတဲ့စိတ်၊ ဒုက္ခနဲစေချင်တဲ့ စိတ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေချင်တဲ့ စိတ် ဖြစ်လာတယ်။ အဲဒါလေးကို ကိုယ်တိုင်ကြုံဖူးတဲ့သူဆိုရင် ပိုသိမယ်။

ပြောတဲ့ ဆိုတဲ့အခါမှာလည်း တစ်ဖတ်သားကို စိတ်ဆင်းရဲသွားစေမယ့် စကားမျိုးကို ပြောတတ်တယ်။ သတိရှိလာတဲ့သူကျတော့ တစ်ခုခုကို ပြောတော့မယ်ဆိုရင် စိတ်ဆင်းရဲမယ့် စကားမပြောဖြစ်ဘူး။ စိတ်ချမ်းသာမယ့် စကားကို ပြောတယ်။ အကျိုးရှိမယ့် စကားကိုပဲ ပြောတယ်။ တရားအားထုတ်လို့ စိတ်ဓတ်ရင့်ကျက် သိမ်မွေ့မြင့်မြတ်လာတဲ့သူဟာ သူတစ်ပါးရဲ့ အခက်အခဲကို လိုလိုချင်ချင်ပဲ အကူအညီပေးချင်တယ်။

ဒါတွေဟာ အလိုလိုဖြစ်လာတဲ့ စိတ်ထားပြောင်းလဲမှုတွေပဲနော်။

တရားအားမထုတ်တဲ့သူ၊ သတိနဲ့ မနေတဲ့သူဟာ တစ်ယောက်ယောက် တစ်ခုခုပြောဆိုတာ မသင့်တော်တာ မြင်ရ ကြားရရင် ချက်ချင်း ဒေါသဖြစ်တယ်။ သတိနဲ့ နေတဲ့သူကတော့ ချက်ချင်း စိတ်မဆိုးဘူး။ ပြောသင့်တာကို အေးအေးဆေးဆေး ပြောမယ်။ ဒေါသနဲ့ မပြောဘူး။ ဒေါသဆိုတာ မေတ္တာနဲ့ ဆန့်ကျင်ဘက်ပါ။ သတိနဲ့ နေတဲ့သူက ဒေါသ အဖြစ်နဲတယ်။ မေတ္တာက အလိုလို စိတ်ထဲမှာ ရှိနေတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး မဖြစ်ဘူး။ သူတစ်ပါးရဲ့ အပြစ်ကို အလိုလိုနေရင်း ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။

ဒကာကြီးတစ်ယောက်က ပြောတယ် “ တပည့်တော် အခုတလော စိတ်ဆိုးလို့ မရဘူး၊ စိတ်ဆိုးပြီးမှ ပြန်ထိန်းတာ မဟုတ်ဘူး။ အရင်လိုကို စိတ်မတိုတာ ” တဲ့။ သတိက အမြဲတမ်းရှိနေတော့ တစ်ခုခု အဆင်မပြေတာ ရှိရင် အေးအေးဆေးဆေး ဖြေရှင်းလိုက်တာပဲ။ ဒီလိုလူရဲ့ စိတ်က မြင့်မြတ်နေတယ်။ မေတ္တာစိတ်က မကြာခဏဆိုသလို ပေါ်ပေါ်လာတယ်။ ဒုက္ခရောက်အောင် ဘယ်လိုမှ မလုပ်ချင်ဘူး။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

ကျနော်က ဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက အများသူငါ အသိတိုးစေမယ့် စာလို့ ယူဆရင် အခုလို စာစီစာရိုက်လုပ်ပီး မျှဝေနေကြပါ။

>> ဘဝနဲ့ ဆန္ဒတစ်ထပ်တည်းကျဖို့ ထက် အသိနဲ့ အကျင့် တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုယ်ကို အမြဲပြောနေမိပါတယ် ..

>> အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်။

code : http://sawsan.freehostingcloud.com

Random Quote

—