Skip to main content

sawsan Your Choice is Your life

လူတစ်ယောက်မှာ ဘယ်လောက်ပဲ ထိန်းချုပ်ခံရမှု၊ အနှောက်အရှက်အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ၊ နောက်ဆုံးပိတ် အခြေအနေတစ်ခုခုမှာ သူ့ကိုယ်ပိုင်ရွေှးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။
အခက်အခဲ အတားအဆီး၊ ထိန်းချုပ်ခံရမှုတွေ သိပ်မရှိတဲ့ သာမန်လူတစ်ယောက်မှာလည်း ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင် ရွေှးချယ်မှု၊ ဦးတည်ချက်ဆိုတာမျိုးတွေ ရှိကြပါတယ်။
လူငယ်တစ်ယောက် အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်ရွေှးချယ်မှု၊ ရွေှးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ချက်ချပြီး လျောက်လှမ်းမှုဆိုတာမျိုး ရှိတက်ကြပါတယ်။
တစ်ချို့လည်း ဘဝပေးအခြေအနေတစ်ခုခုကြောင့် သွားချင်တဲ့ လမ်းကြောင်းက တစ်ခု၊ လျောက်လှမ်းနေရတဲ့ လမ်းကြောင်းက တစ်ခုဆိုတာမျိုးတွေလည်း ရှိတက်ပါတယ်။
လူတစ်ယောက် - ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ ရည်ရွယ်ချက်၊ ရွေှးချယ်မှု၊ ဦးတည်ချက်တွေဆိုပြီး ပြောရင် အရမ်းကြီးကျယ်သလိုဖြစ်နေပါလိမ့်မယ်။
တကယ်တော့ ကျနော်တို့ နေ့စဉ်နေ့စဉ် လုပ်ဆောင်မှုတွေ၊ တွေးတောမှုတွေမှာ ဘယ်လုပ်ဆောင်ချက်၊ ဘယ်တွေးတောမှုတွေက အများဆုံးဖြစ်နေလဲဆိုတာမျိုး ကိုယ့်ကိုယ်ကို သတိပြုစောင့်ကြည့်သင့်ပါတယ်။
တစ်ချို့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်၊ တွေးတောမှုတွေထဲမှာ ဘယ်အရာတွေကတော့ အများဆုံး လုပ်ဖြစ်တယ်၊ တွေးဖြစ်တယ်လို့ သတိထားစောင့်ကြည့်မှု မရှိတဲ့အတွက် တစ်နေ့တာကုန်တဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ တွေးတောမှုတွေက ဝေဝါးဝါးနဲ့ ဖြစ်နေပြီး ကိုယ်တိုင်ကလည်း နေ့စဉ်ကိုယ်အလုပ်နဲ့ ပါတ်သက်လို့ ကိုယ့်ဝါသနာနဲ့ ပါတ်သက်လို့ ဦးတည်ချက် တစ်ခုချမှတ်ပြီး တာဝန်တစ်ခုလို သက်မှတ်ကာ ပုံမှန်လုပ်ဆောင်မှု မရှိဘူးဆိုရင် ကြုံရာအခြေအနေ၊ ကြုံရာအတွေး၊ ကြုံရာ လုပ်ဆောင်ချက်တွေပဲ ဖြစ်လာနိုင်တဲ့အတွက် ဘဝရည်မှန်းချက်ခိုင်မာဖို့ ဘဝရည်မှန်းချက်ရှိဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲ့လို နေ့စဉ်နေ့စဉ် လုပ်ဆောင်ချက်၊ တွေးတောမှုတွေမှာ ကြုံရာအာရုံ၊ ကြုံရာအခြေအနေတွေနဲ့ပဲ လုပ်ဆောင်ဖြစ်နေတဲ့ လူတစ်ယောက်မှာ ဦးတည်ချက်၊ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ယုံရခက်ကြီးပါ။ ကိုယ့်ကိုကိုယ် နေ့စဉ်နေ့စဉ် လုပ်ဆောင်ချက်၊ တွေးတောမှုတွေကို သတိပြုလေ့မရှိဘဲ ကြုံရာအခြေအနေ၊ ကြုံရာအာရုံတွေနဲ့ပဲ တစ်နေ့တာအချိန်ကုန်ဆုံးစေတဲ့ လူတစ်ယောက်အနေနဲ့ ဘဝရည်မှန်းချက်က ဘာ၊ ရည်ရွယ်ချက်က ဘာ ဖြစ်ချင်တာဆိုပြီး စကားလုံးတွေနဲ့ ပြောမနေပါနဲ့တော့ နေ့စဉ်နေ့စဉ် ရောင်ဝါးဝါးနဲ့ အချိန်ကုန်စေတဲ့သူဟာ ရောင်ဝါးဝါးပဲ ဖြစ်မှာပါ။
တစ်ယောက်နဲ့ တစ်ယောက် စကားပြောတယ်ဆိုရင်တောင်မှ အလကား အလာဘ သလာဘ၊ အရေမရအဖတ်မရ၊ အကျိုးမရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်စေတာမျိုးမဖြစ်သင့်ပါဘူး။ ဒါမျိုးလူတွေမှာ နောင်တဆိုတာ နောင်မှ ရတက်ကြပါတယ်။
ကျနော်တို့ လူငယ်တစ်ချို့မှာ ဖြစ်တက်တာက ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းလွန်းတဲ့အတွက် ကိုယ့်ကိုကိုယ် အားမကိုးရဲတော့ဘူး။
(ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ခြင်း ဆိုတာကိုတော့ နောက်နေ့မှာ ရေးပေးပါမယ်) အဲ့တော့ သူတစ်ပါးကို အားကိုးချင်လာတယ်။ တကယ်လိုအပ်လို့ သူတစ်ပါးအကူအညီယူတာမျိုးမဟုတ်ဘဲ၊ ကိုယ်အားကိုယ်ကိုးရမှာ မရဲလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းလို့ ဖြစ်တာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ အင်မတန်ကြောက်ဖို့ကောင်းတဲ့ သိမ်ငယ်စိတ်၊ ညံစိတ်ပါ။ နောက်ဆုံး ကိုယ်ဘယ်လိုလူဖြစ်ချင်သလဲဆိုတဲ့ မေးခွန်းကို ကိုယ်ပါနဲ့ကိုယ် မေးကြည့်ဖို့တောင် ကြောက်ရွံ့နေလို့ မမေးရဲတော့ပါဘူး။ ကိုယ်ပါနဲ့ကိုယ် ဖြေကြည့်ဖို့ဆို ဝေးစွ။
အဲ့တော့ ကိုယ်ဉာဏ်နဲ့ ကိုယ့်အစွမ်းအစကို သိပ်မသုံးရတဲ့ သူများကိုယ့်ကို ဘယ်လိုလူဖြစ်စေချင်တယ်ဆိုတဲ့ သူများဖြစ်စေချင်တဲ့ ပုံစံအတိုင်း လိုက်လုပ်ရတဲ့ သူများလက်အောက်ခံဘဝကို ရောက်သွားတက်ပါတယ်။
အခြေအနေတစ်ခုခုကြောင့် အခုလိုဖြစ်ခဲ့ရင်လည်း ကိုယ့်ဘဝကိုယ် ပြောင်းလဲရွေှးချယ်ခွင့်ကတော့ ရှိနေပါသေးတယ်။ စွန့်စားရဲဖို့နဲ့ တကယ်လုပ်ဖို့ပဲ လိုပါတယ်။
လူတိုင်းမှာ ကိုယ့်ဘဝကိုရွေှးချယ်ခွင့် ကောင်းကောင်းရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဘဝ၊ ကိုယ်ဖြစ်နေတဲ့ ဘဝတွေဟာ ကိုယ်ကိုတိုင်ရွေှးချယ်မှုတွေပါပဲ၊ သူ့အလိုလို ဖြစ်တယ်ဆိုတာ မရှိပါဘူး။
ဆောန ပြောခဲ့သလို ငါဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်ပါနဲ့ကိုယ့် မေးကြည့်သင့်ပါတယ်။
နောက်ထပ် ကိုယ့်ကိုကိုယ်မေးကြည့်သင့်တဲ့ မေးခွန်းတစ်ခုက How to live your life? မင်းရဲ့ ဘဝကို ဘယ်လိုနေထိုင်မလဲ ဆိုတာပါ။ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ မေးခွန်းလေးပါ။ ဒီမေးခွန်းတွေကို မေးကြည့် ဖြေကြည့်ပြီးရင် ကိုယ့်ဘဝအတွက် ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို ကိုယ့်မျက်လုံးထဲမှာ ပေါ်လာအောင်ထိ အာရုံပြုပါ။ ပြီးတော့ မှတ်ထားပါ။ နောင်အလျင်းသင့်တိုင်း ကိုယ့်ဘဝရဲ့ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို အမှတ်ဖေါ်ပြီး အာရုံပြုပြုပေးရမှာပါ။ ပြီးရင်တော့ အာရုံသက်သက်၊ အတွေးသက်သက်နဲ့ နေလို့ မရပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်ဘဝပုံစံအတွက် တစိုက်မှတ်မှတ် မလုပ်နိုင်ရင်တောင်မှ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ဘဝပုံစံအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာတွေကို နေ့စဉ်နေ့စဉ် ဂရုတစိုက် လုပ်ဆောင်သွားရမှာပါ။ မဖြစ်နိုင်ဘူး မထင်ပါနဲ့၊ နေ့စဉ်နေ့စဉ် ကိုယ့်အတွက် ကိုယ်ယူထားတဲ့ တာဝန်တစ်ခုလိုသာ မပျင်းမရိ (ဝရိယ)စိုက်လုပ်ဆောင်သွားပါ။ နေ့စဉ်နေ့စဉ်တိုင်းမှာ ကိုယ့်ဘဝအတွက် ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို အထောက်အပံ့ဖြစ်စေမယ့်အရာတွေကို ဂရုတစိုက် မပျင်းမရိ ဇွဲရှိရှိနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်.. နေ့စဉ်နေ့စဉ်မှ လစဉ်လစဉ် နှစ်စဉ်နှစ်စဉ် ဖြစ်လာပြီး ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ အခြေအနေဖြစ်လာမှာပါ။ ဒါကြောင့် လူတိုင်းလူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ဘဝပုံစံကို ကိုယ်ကိုတိုင် ရွေှးချယ်ခွင့် ရှိပါတယ်ဆိုတာ အကြံပြုရင်း …
Source : http://sawsan.freehostingcloud.com

Random Quote

—