Skip to main content

sawsan My domain address change to sawsan23.com

ကျနော့ website ကို sawsan23.com ကိုပြောင်းလိုက်ပါပီ။ ဒီမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်ဘလော့ရေးတော့မှာပါ။ တည်တည်ငြိမ်ငြိမ်ဆိုတာက အရင်တုန်းက ကျနော့ဆိုဒ်က ဟိုပြောင်းဒီပြောင်းနဲ့ ပြောင်းနေခဲ့ရတာလေ..
ကျနော် website တစ်ခုစလုပ်ပြီး ရေးကြည့်တာ blogger.com က blogspot နဲ့ပါ အဲ့နောက် ning.com ပြီးတော့ wordpress.com ပြီးတော့ wordpress ကိုပဲ freehostingcloud ကနေ install လုပ်ပြီး သုံးခဲ့တယ်။ တကယ်တော့ ကျနော်သုံးခဲ့ဖူးတဲ့ freewebsite တွေက တော်တော်များပါတယ် အကုန်လုံးချမရေးချင်တော့လို့ပါ :)
Fhc ကိုတော့ မောင် k ကြော်ငြာအားကောင်းတာနဲ့ သုံးဖြစ်သွားတာပါ :)
တကယ်လည်း fhc က ကောင်းပါတယ်။
အခု domain အတွက် hosting ကိုလည်း fhc ကပဲယူပြီး လုပ်ထားတာပါ။ နောက်ပိုင်းတော့ hosting ပါဝယ်သုံးဖြစ်မှာပါ။
Domain ကို စနေနေ့ ရန်ကုန်သွားရင်းနဲ့ ဝယ်မလို့ပါ။ ဒါပေသိ ကြာသာပတေးနဲ့မှာပဲ online က ညီငယ် တစ်ယောက်က သူ၀ယ်ပေးမယ်ဆိုတာနဲ့ အဲ့နေ့မှာပဲ ၀ယ်ဖြစ်သွားပါတယ်။ ၁.၉.၂၀၀၉ မှာပါ။ ဒါက ကျနော့ဆိုဒ်မွေးနေ့ပေါ့ဗျာ :)
ကျနော်က fri day မှ ဘဏ်ကနေ ငွေပို့ပေးလိုက်တယ်။ sat day မှာ ရန်ကုန်ရောက်တော့ ဒီ domain နဲ့ ပုံမှန်သုံးရအောင် ပြန်လုပ်ခဲ့တယ်။ အခုတော့ အားလုံးပြီးသွားပါပီ။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် domain လေးနဲ့ ဖြစ်သွားတာကို ကျနော်ပျော်တယ်ဗျာ…

Random Quote

—