Skip to main content

sawsan How to add post entry content in search results

ဒီလိုဗျာ ကျနော်တို့ wordpress theme တွေမှာ search ကနေ တစ်ခုခုကို ရှာလိုက်ရင် တစ်ချို့ theme တွေမှာ post title အနေနဲ့ပဲ ဖော်ပြပေးတယ်။
post entry အပြည့်အစုံနဲ့ မဖော်ပြပါဘူး။
အဲ့လို post entry အပြည့်အစုံဖော်ပြပေးဖို့ဆိုရင် search.php ထဲမှာ
php code လေးတွေ နည်းနည်းရေးပေးရမယ်..
search.php ထဲမှာ
 <?php if ( have_posts() ) : ?>

ဒီ php code လေးကို ရှာပြီး အဲ့ဒီ code အောက်မှာ
<h1 class="page-title"><?php printf( __( 'Search Results for: %s', '' ), '<span>'.get_search_query(). '</span>' ); ?></h1>

ဒီ code လေးကို အရင်ထည့်ပေးရပါမယ်။ ဒါက ကိုယ်ရှာတဲ့ စကားလုံးကို search result for ဆိုပြီး ဖော်ပြပေးဖို့ ရေးထားတာပါ။ ပြီးတော့.. အောက်နားမှာ
 <div class="entry">

ဆိုတဲ့ code လေးကိုရှာပြီး အဲ့ဒီအောက်မှာ
 <?php the_content('Read more &raquo;'); ?>

ဒီလိုလေး ရေးပေးလိုက်ရင် ရပါပြီ။ ဒီလိုလေးဖြည့်ရေးလိုက်တော့ post title သက်သက်မဟုတ်တော့ပဲ post entry content ပါ ပြည့်ပြည့်စုံစုံဖော်ပြပေးတော့တာပေါ့။ နောက်ထပ်စဉ်းစားမိတာလေးတစ်ခုရှိသေးတယ်။ google ကနေ တစ်ခုခုကိုရှာပြီး cache က သွားကြည့်တဲ့အခါ ကိုယ်ရှာတဲ့ စကားလုံးကို highlight colour လေးတွေနဲ့ လုပ်ထားတာလေး.. အဲ့ဒါမျိုးလေးလည်း လုပ်ကြည့်ချင်သေးတယ်။ နောက်အချိန်အားတဲ့အခါမှပေါ့။ လောလောဆယ်တော့ ဒါလေးပဲ ရေးဖြည့်ထားလိုက်တယ်။ လုပ်ကြည့်လို့ အဆင်မပြေရင်တော့ ပြောဗျ။
source : http://sawsan23.com

Random Quote

—