Skip to main content

sawsan How to add random post for wordpress

မနေ့က zBench theme ထဲက php file တွေကို ဖတ်ကြည့်ရင်း. single post တွေရဲ့ အောက်နားမှာ random post လေးတွေထည့်သုံးထားတာသွားတွေ့တယ်။ ဒါနဲ့ ကျနော်လည်း ကျနော့ theme ရဲ့ single post တွေမှာ random post ကိုထည့်သုံးချင်တာနဲ့ random post အတွက်ရေးထားတဲ့ php code လေးတွေကို ဆွဲထုတ်လိုက်တယ်။ ဒီလိုလေး ရေးထားတာဗျ။
 <h3><?php _e('Random Posts', ''); ?></h3>
<ul><?php $rand_posts = get_posts('numberposts=5&orderby=rand');
foreach( $rand_posts as $post ) :?>
<li><a href="<?php the_permalink(); ?>"><?php the_title(); ?></a></li>
<?php endforeach; ?>
</ul>

ဒီ code လေးတွေကို single.php ထဲက post entry content ရဲ့ အောက်နားလောက်မှာ ထည့်ပေးလိုက်ရင် ရပါတယ်။
တစ်ခုကျန်သေးတယ်ဗျ random post အတွက် list နဲ့ ဖော်ပြမှာဆိုတော့ style.css ထဲမှာ ul li အတွက် ဒီလိုလေး ရေးထည့်ပေးလိုက်ပါဦး။
 ul li {
list-style:circle;
}

တစ်ချို့ theme တွေက ul li တွေကို none လုပ်ထားခဲ့ရင် list အနေနဲ့မပေါ်ပဲ နေမှာဆိုးလို့ ရေးပေးရတာပါ။ အဆင်မပြေရင်တော့ ပြောဗျ။
source : http://sawsan23.com

Random Quote

—