Skip to main content

sawsan WordPress Theme မပြောင်းခင် ပြုလုပ်သင့်သည့်အရာများ

WordPress ရဲ့ Theme ကို ပြောင်းလဲဖို့ဆိုတာ အလွန် လွအလုပ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Theme ကို activate လုပ်လိုက်ရုံလေးတင်ပါပဲ။ ဒါပေမယ့်လို့လည်း ကိုယ့်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ Theme ကို အခြား theme နဲ့ အစားမထိုးခင် တနည်းအားဖြင့် မပြောင်းလဲခင်မှာ အောက်ကအချက်တွေကို ပြုလုပ်ပေးသင့်ပါတယ်။

၁။ လက်ရှိ Theme အတွက် မှတ်တမ်းပြုစုပေးပါ။
ကျွန်တော်တို့ အနေနဲ့ WP Theme ကို မပြောင်းခင်မှာ လက်ရှိ အသုံးပြုနေတဲ့ Theme နဲ့ ပတ်သက်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှတ်တမ်း ပြုစုပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ WordPress အသုံးပြုသူတွေဟာ သူတို့ရဲ့ WP Blog မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို Web ပေါ်မှာ ရှာဖွေလေ့ ရှိကြပါတယ်။ အဲဒီလို ရှာဖွေကြတဲ့အခါ ကိုယ်သုံးဖူးတဲ့ theme အကြောင်းကို ရှာဖွေနေတဲ့ WP users တွေအတွက် အထောက်အကူ ရရှိစေနိုင်ရန် လက်ရှိ theme ကို မှတ်တမ်းပြုပြီး Web ပေါ်မှာ တင်ထားသင့်ခြင်း ဖြစ်ပါတယ်။
အဲဒီလို မှတ်တမ်းပြုတဲ့အခါမှာလည်း theme ထဲမှာ မိမိ ထပ်မံ ထည့်သွင်းထားတဲ့ code တွေ အကြောင်း၊ ဘာဖြစ်လို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုပါ မှတ်တမ်းထဲ ထည့်သွင်း ရေးသားသင့်ပါတယ်။

၂။ Widget-Ready Theme လားဆိုတာ ကြည့်ပါ။



လက်ရှိ ကိုယ်သုံးနေတဲ့ Theme က Widget-Ready Theme ဖြစ်ပြီး ပြောင်းလဲမယ့် Theme က Widget-Ready Theme မဟုတ်ခဲ့ရင် ကိုယ့်ရဲ့ Widget တွေကို ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ပြောင်းမယ့် Theme ဟာ Widget-Ready Theme ဟုတ်၊ မဟုတ် ကြည့်ဖို့ လိုမှာ ဖြစ်ပြီး Widget-Ready Theme မဟုတ်ခဲ့ရင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီးမှသာ ပြောင်းလဲသင့်ပါတယ်။

၃။ Tracking Code တွေကို မေ့မသွားပါစေနဲ့။



ကျွန်တော်တို့ Google Analytics အတွက် tracking codes တွေကို ကိုယ့်ရဲ့ Blog theme မှာ ထည့်သွင်းထားလေ့ ရှိကြပါတယ်။ ဒီအတွက် Theme မပြောင်းခင်မှာ အဲဒီ tracking code တွေကို copy ယူထားပြီး ပြောင်းလဲလိုက်တဲ့ Theme မှာ ထည့်သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

၄။ Backup လုပ်သင့်တယ်။



Theme တစ်ခုကို မပြောင်းလဲခင်မှာ လက်ရှိ theme ရဲ့ files တွေ၊ plugins တွေ၊ database တွေကို Backup လုပ်ထားသင့်ပါတယ်။ အဲဒီလို site တစ်ခုလုံး Backup လုပ်ဖို့အတွက် BackupBuddy ကို အသုံးပြုနိုင်ပါတယ်။

၅။ Maintenance Mode ပေးထားပါ။



ကိုယ့်ရဲ့ ကြည့်ရှုနေတဲ့ users တွေဟာ ကိုယ့် theme တစ်ခုကို ပြောင်းလဲနေတဲ့ အချိန်မှာလည်း ကြည့်ချင် ကြည့်နေကြမှာပါပဲ။ အဲဒီလို အခါမျိုးမှာ theme အသစ်ကို ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အစီအစဉ် မကျသေးတဲ့ ကိုယ့်ရဲ့ ဆိုက်ကို user တွေ ကြည့်မိကြလိမ့်မယ်။ ဒါကြောင့် ကိုယ် ပြောင်းလဲ ပြင်ဆင်နေတဲ့ အခိုက်မှာ Maintenance Mode ကို ထားပေးသင့်ပါတယ်။ ဒါမှသာ user တွေက အော် … ဒီဆိုက်က ပြင်ဆင် နေတာပါပဲလား ဆိုတာကို တွေ့ပြီး ခဏနေမှ ပြန်လာ ဖတ်ကြပါလိမ့်မယ်။ User တွေ စိတ်ညစ်မသွားဖို့နဲ့ ကိုယ့်ဆိုက်ကို ကျောခိုင်း မသွားဖို့အရေး Maintenance Mode ဟာ ထားပေးသင့်ခြင်း ဖြစ်ပါတယ်။

၆။ Browser တွေနဲ့ စစ်ဆေးပါ။



Internet Browser တွေမှာ ကိုယ့်ရဲ့ site ကို စစ်ဆေးသင့်ပါတယ်။ အဓိကအားဖြင့် IE မှာပေါ့။ ကိုယ်ပြောင်းလဲထားတဲ့ theme ဟာ browser တွေမှာ အဆင်ပြေရဲ့လား ဆိုတာကို လူသုံး အများဆုံး ဖြစ်တဲ့ FireFox, IE, Chrome, Opera, Safari တွေမှာ စစ်ဆေး သင့်ခြင်းပဲ ဖြစ်ပါတယ်။ user တွေ ဘယ် browser သုံးပြီး ကြည့်ကြည့် theme အသစ် ဖြစ်နေတဲ့ ကိုယ့် site ဟာ browser အများစုနဲ့ အဆင်ပြေအောင် လို့ပါ။ တကယ်လို့ အဆင်မပြေဘူးဆိုရင် စောစောစီးစီး ပြင်လိုက်နိုင်တာပေါ့။

၇။ Users တွေကို အသိပေးပါ။



Maintenance Mode ပြီးသွားတဲ့အခါ Post တစ်ခုတင်ပြီး အခု ပြောင်းလဲလိုက်တဲ့ site ကို ကြည့်လို့ အဆင်ပြေလား၊ မပြေလား ဆိုတာကို မေးသင့်ပါတယ်။ တကယ်လို့ မပြေဘူးဆိုရင် screenshot ပို့ပေးဖို့လည်း တောင်းဆို သင့်ပါတယ်။ User တွေ ပို့ပေးတဲ့ screenshot တွေ၊ စာတွေကို ကြည့်ပြီး ကိုယ့် site မှာ လိုအပ်တာကို ပြင်ဆင် သင့်ပါတယ်။

၈။ မလောပါနဲ့။



ကိုယ့်ရဲ့ Theme အသစ်ကို စတင် ပြောင်းလဲတဲ့အခါမှာ တစ်ခါတည်း စုပြုံပြီး အကုန်လုံး မပြောင်းသင့်ပါဘူး။ တဖြည်းဖြည်း တစ်စတစ်စသာ ပြောင်းလဲသင့်ပါတယ်။ Theme အသစ်ရဲ့ တည်ဆောက်ပုံကို သေသေချာချာ လေ့လာသင့်ပါတယ်။

၉။ အသံတွေကို နားထောင်ပါ။



Theme အသစ်နဲ့ ကိုယ့်ရဲ့ site ဒီဇိုင်းကို users တွေ ကြိုက်လား၊ မကြိုက်ဘူးလား ဆိုတာကို စစ်တမ်း ကောက်ယူသင့်ပါတယ်။ ဒါမှသာ ကိုယ့် Users တွေကို လေးစား၊ တန်ဖိုးထားရာ ကျမှာပါ။ ကိုယ် ပြောင်းချင်သလို ပြောင်းမယ်၊ users တွေ တာဝန်က ကြည့်ဖို့ တာဝန်ပဲလို့ သဘောထားရင် မှားသွားပါပေါ့။ စစ်တမ်း ကောက်ဖို့အတွက်ဆိုရင်တော့ Poll ကို သုံးပါ။

Source : http://www.wpbeginner.com/beginners-guide/checklist-15-things-you-must-do-before-changing-wordpress-themes
credit : http://anzartone.tk

Random Quote

—