Skip to main content

sawsan Domain Change

Free subdomain လေးတွေ Free Domain Dot.tk, co.nr တို့လို အများကြီးဗျာ သုံးခဲ့တာ.. ဟိုတုန်းက ပထမဆုံးဝယ်သုံးဖြစ်တဲ့ domain က sawsan23.com ၂၀၀၉ လောက်ဖြစ်မယ်။ အဲ့နောက် sawsanblog.com ၂၀၁၃ လောက်မှာ Change ဖြစ်တယ်။ အခု မနေ့ညကပဲ .us Domain ကိုဝယ်လိုက်တယ် Hosting က အရင် aws ကနေဝယ်သုံးနေတာ aws နဲ့က နည်းနည်း Cause လေးနည်းနည်းရှိလို့လောလောဆယ် Github မှာပဲ Hosting ကို ခဏအလွယ်ထားလိုက်တယ်။ ပထမဝယ်တဲ့ domain က Godaddy ကနေဝယ်တာ၊ ခု namecheap က  ဈေးချိုတာနဲ့ namecheap မှာ ဝယ်ဖြစ်သွားတယ်။

Domain က .com မဟုတ်တော့ပဲ .us ဆိုတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ united states ကို ကိုယ်စားပြုတဲ့ Domain ဖြစ်သွားတယ်၊ .com , .net , .org တို့လို Global သုံးမဟုတ်တော့ဘူး။ ကြိုက်တာတော့ Domain ကို sawsan.me လိုချင်တာ မရတာနဲ့ us ပဲ ယူလိုက်တာ ဈေးချိုတာလည်းပါတာပေါ့ :P ဘာပဲဖြစ်ဖြစ် Domain Name လေးက ကိုယ်နာမည်အရင်းအတိုင်း အပိုမပါပဲ မှတ်ရလွယ်သွားတာပေါ့။ 

မနေ့က Domain ဝယ်ပီး Hosting နဲ့ချိတ်ပီး ထုံးစံအတိုင်း Web Optimization ပိုင်းလုပ်ပီး https ssl secure ဖြစ်အောင်လုပ်ပီး အိပ်ချင်တာနဲ့ အိပ်ပျော်သွားတယ် dns Change တာကို မစောင့်လိုက်တော့ဘူး။ ဒီနေ့ညတော့ Google web master ကနေ Web SEO လေး နည်းနည်းစထားတယ်။ ဒီ domain လေးနဲ့က လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဆိုင်က အလုပ်တွေက များကတဲ့ကြားတည်း web ပိုင်းက စမိရင် လူက မရဘူး။ မရဘူးဆိုတာ  အိပ်လို့မရတော့တာ မနက် မိုးလင်းလင်းသွားတယ် :D android ပိုင်း လုပ်စရှိသေးတယ် web က Static web site ပုံစံပဲထားတော့တာဆိုတော့ သိပ်တော့ အချိန်မပေးလိုက်ရပါဘူး။

Random Quote

—